Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗြိတိသျှ စပစ်ဖိုင်းယား လေယာဉ်ရှာဖွေရေး အဖွဲ့ မြန်မာနိုင်ငံ သို့ ရောက်ရှိ၊ လေယာဉ်များကို အကောင်းပကတိ ပြန်လည် ရရှိနိုင်ရန် ရှာဖွေရေး အဖွဲ့မျှော်လင့်

$
0
0



ဗြိတိသျှလူမျိုး လေကြောင်း ပျံသန်းရေးဝါသနာရှင်တစ်ဦး ဦးဆောင်သော ရှာဖွေရေးအဖွဲ့တစ် ဖွဲ့သည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြှုပ်နှံထားခဲ့သည်ဆိုသော ဒါဇင်နှင့် ချီရှိသည့် ရှားပါးဗြိတိသျှတိုက်လေ ယာဉ်များကို ပြန်လည် တူးဖော်ရန် မျှော်လင့်ချက်ဖြင့် တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည်။

ဒေးဗစ်ကွန်ဒေါ(လ) အမည်ရှိ ခြံလုပ်ငန်းရှင်နှင့် စီးပွားရေးလုပ်ငန်း ရှင် ဦးဆောင်သည့် ၂၁ ဦးပါ အဖွဲ့သည် မြန်မာနိုင်ငံ၏ အဓိက မြို့တော် ရန်ကုန်ရှိလေယာဉ်ကွင်း အနီးတစ်ဝိုက်တွင် တူးဖော်ရေးလုပ်ငန်းများ မကြာမီ စတင်တော့မည် ဖြစ် သည်။ လေယာဉ်များကို သစ် သားသေတ္တာကြီးများတွင် ထည့်သွင်းပြီး မြေအောက်ပေ ၃ဝ ခန့် အနက်တွင် မြှုပ်နှံထား ခဲ့ကြောင်း၊ တူးဖော်ရေး စီမံချက်မှာ ပြီးစီးရန် ရက်သတ္တပတ် လေးပတ်မှ ခြောက်ပတ်မျှ အထိ အချိန်ယူရမည် ဖြစ်ကြောင်း ကွန်ဒေါ(လ)က ပြောသည်။

“ဒီလေယာဉ်တွေကို အကောင်း ပကတိ ပြန်ရဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီး မကြာမီတွင်ပင် သူက ဆိုပါသည်။

စပစ်ဖိုင်းယား လေယာဉ်သည် ဗြိတိန်၏ အကျော်ကြားဆုံး တိုက်လေယာဉ် အဖြစ် တည်ရှိနေဆဲ ဖြစ်ပြီး ဗြိတိန် တိုက်ပွဲ ကာလက ဂျာမန် ဗုံးကြဲလေယာဉ်များကို ပြန်လှန် တိုက်ခိုက် အနိုင်ယူရာတွင် အထောက်အကူ ပြုခဲ့သည့် တစ်ယောက်စီး အမြန်လေယာဉ်အဖြစ် ဂုဏ်သတင်း ကြီးခဲ့သည်။ ဗြိတိန်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် အဆုံးပိုင်းတွင် ပန်ကာတပ် လေယာဉ် များ အလျင်အမြန် ခေတ်နောက်ကျ လာသည့် ဂျက်လေယာဉ်ခေတ်၏ အစမှာပင် စုစုပေါင်း စပစ်ဖိုင်းယား လေယာဉ် ၂ဝ,ဝဝဝ ခန့် ထုတ်လုပ်ခဲ့သည်။

စစ်ပြီးရန် နီးလာချိန်တွင် အမေ ရိကန်အင်ဂျင်နီယာများက ထိုလေ ယာဉ်များကို မြန်မာနိုင်ငံတွင်း မြှုပ်နှံထား ခဲ့ကြသည်ဟု ယုံကြည်ရသည်။ လေယာဉ်များမှာ အကောင်းဆုံး အခြေအနေတွင်ရှိသည် ဟု ရှာဖွေသူများက မျှော်လင့်ထား ကြသော်လည်း ရှာဖွေရေး အဖွဲ့ဝင် အပျော်တမ်း ရှေးဟောင်းပညာရှင် အင်ဒီဘရော့(ခ)မန်း ကမူ ပျက်စီးနေ သော သတ္တုပုံကြီးနှင့် သံချေးတက် နေသော လေယာဉ် အပိုင်းအစများ ကိုသာ တွေ့ရနိုင်ကြောင်း ပြောကြားသည်။ “ဘာပဲဖြစ်ဖြစ်၊ ၁၉၄၅ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းရဲ့ အဖြေတွေကိုတော့ ကျွန်တော်တို့ ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်” ဟု သူက ဆိုပါသည်။

ဤရှာဖွေရေးလုပ်ငန်းကို ဘီလာရု(စ) ဗီဒီယိုဂိမ်း ကုမ္ပဏီ “Wargaming.net” က အထောက်အပံ့ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုကုမ္ပဏီ မှာ “World of Warplanes” နှင့် “World of Tanks” အပါအဝင် အမည် အမျိုးမျိုးဖြင့် ကျော်ကြားသော ဂိမ်းကုမ္ပဏီကြီး ဖြစ်သည်။

စပစ်ဖိုင်းယား လေယာဉ် ၃၆ စီးကို ရန်ကုန်လေဆိပ် အနီးတွင် မြှုပ်နှံထားပြီး အခြားလေယာဉ် ၁၈ စီးကို မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လည်းကောင်း၊ နောက်ထပ်လေယာဉ် ၆ စီးကို မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ တွင်လည်းကောင်း မြှုပ်နှံထားခဲ့ သည်ဟု ယုံကြည်ရကြောင်း ရှာဖွေ ရေးအဖွဲ့က ဆိုပါသည်။

Ref: Associated Press
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>