Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာပုဂ္ဂလိကသတင်းစာများ နေ့စဉ်ထုတ်ဝေရန်စိုင်းပြင်

$
0
0
(Channel News Asia မှ 8 Jan 2013 ရက်စွဲပါ "Private newspapers in Myanmar gearing up for the daily grind"သတင်းကိုဘာသာပြန်ဆိုသည်)
ဧပြီလတွင် သတင်းစာထုတ်ဝေခွင့် လိုင်စင်များချပေးတော့မည်ပာု မြန်မာအာဏာပိုင်များက ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းစာစောင်များ ပထမဆုံးအကြိမ် နေ့စဉ်ထုတ်ဝေရန် စိုင်းပြင်နေကြပြီဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံပိုင် သတင်းစာများသာ နေ့စဉ်ထုတ်ဝေခွင့်ရှိပြီး၊ ပုဂ္ဂလိက သတင်းစာစောင်များကို တစ်ပတ်တစ်ကြိမ်သာ ထုတ်ဝေရန် ကန့်သတ်ထားသည်။
သို့သော် ဖွံ့ဖြိုးဆဲမြန်မာ့စီးပွားရေး အခြေအနေသည် ပုဂ္ဂလိကသတင်းစာများအတွက် စိန်ခေါ်မှုဖြစ်လိမ့်မည်ပာု အကဲခတ်လေ့လာသူများက သတိ ပေးထားသည်။
ယခင်ကမူ ပုဂ္ဂလိက သတင်းစာစောင်များအနေဖြင့် ပုံနှိပ်ထုတ်ဝေခြင်းမပြုမှီ အစိုးရဆင်ဆာဘုတ်သို့ ဦးစွာတင်ပြစစ်ဆေးခံရသည့် အချိန်ကာလ တစ်ခုရှိခဲ့သည်။ သို့သော် ပြီးခဲ့သောသြဂုတ်လတွင် အာဏာပိုင်များက မီဒီယာအပေါ် ချုပ်ချယ်မှုများကို စတင်ပြောင်းလဲ ဖြေလျော့ပေးခဲ့သောကြောင့် အခြေအနေ ပြောင်းသွားခဲ့သည်။
ယခုအခါ အစိုးရက ပုဂ္ဂလိကသတင်းစာလိုင်စင် လျှောက်ထားခြင်းကို အစောဆုံးနောက်လတွင် ခွင့်ပြုခြင်းဖြင့် မီဒီယာကဏ္ဍကိုဆက်လက် ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားပြီးဖြစ်သည်။
မြန်မာတိုင်းမ်စာစောင်မှ အကြီးတန်းအယ်ဒီတာ Geoffrey Goddard က "ကျွန်တော်တို့ မျှော်လင့်စောင့်စားနေတဲ့ အရာကတော့ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပါပဲ။ ဒါပာာ ကျွန်တော်တို့အပါအဝင် မြန်မာနိုင်ငံက သတင်းစာတွေအတွက် နောက်ထပ် စိန်ခေါ်မှုကြီးတစ်ခုပါ"ပာု ပြောကြားသည်။
သို့ရာတွင် ကျန်တစ်ကမ္ဘာလုံးတွင် ဖြစ်နေသည့်အတိုင်း နေ့စဉ်သတင်းစာများသည် အွန်လိုင်းမီဒီယာ၏ ကြီးမားသော အင်အားကို ရင်ဆိုင်ယှဉ်ပြိုင် ရပေလိမ့်မည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အင်တာနက်စနစ်မှာ ၁၉၉၀ ခုနှစ်များကဲ့သို့နောက်ကျ ကျန်နေခဲ့သော်လည်း များမကြာမှီ မြန်ဆန်လာလိမ့် မည်ပာု မျှော်လင့်ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေနေသော အပတ်စဉ်စာစောင် ၃၀၀ ကျော်ရှိသော်လည်း အင်္ဂလိပ်ဘာသာ စာစောင်မှာမူ ၅ စောင်ပင်မရှိပာု သိရှိ ရသည်။
နေ့စဉ်သတင်းစာ၏ အကျိုးအမြတ်ကို အများစုကမျှော်လင့်နေကြသော်လည်း နိုင်ငံ၏စီးပွားရေး နိမ့်ကျနေမှုကြောင့် ပုဂ္ဂလိကနေ့စဉ် သတင်းစာများ ရှင်သန်နိုင်စွမ်းကို အကဲခတ် စောင့်ကြည့်သူများက သံသယရှိနေကြသည်။
Success International Distributor မှဒါရိုက်တာ ဦးမျိုးအောင်က "အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြောငြာဘတ်ဂျက်က သိပ်မကြီးပါဘူး။ အများစုက ပြည်တွင်းထုတ်ကုန်တွေဖြစ်ပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတွေမှာ ကြော်ငြာကြပါတယ်။ ဒါပေမယ့် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုတော့မှာဆိုတော့၊ နိုင်ငံခြားကုမ္ပဏီတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကြော်ငြာ စီးပွားရေးကဏ္ဍပာာလည်း မကြာမီပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်"ပာု ရှင်းလင်းပြောဆိုသည်။
မြန်မာအစိုးသည် ပြည်တွင်းတွင် နိုင်ငံခြားနေ့စဉ်သတင်းစာများ ဖြန့်ဖြူးခြင်းကိုလည်း ခွင့်ပြုထားပြီးဖြစ်သည်။
နိုင်ငံပိုင်သတင်းစာသုံးစောင်က နေ့စဉ်စောင်ရေ ၂.၅ သန်းဖြင့်ထုတ်ဝေ လည်ပတ်နေသော နေ့စဉ်သတင်းစာလောကသည် ပါဝင်ယှဉ်ပြိုင် ကြတော့မည့် ပုဂ္ဂလိက သတင်းစာများအတွက် ခက်ခဲသော အခြေအနေတစ်ခု ဖြစ်ဖွယ်ရှိနေပါသည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>