Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည်အရှေ့ဥရောပသို့ ခရီးထွက်မည်

$
0
0
(Radio Free Europe မှ 16 Aug 2013 ရက်စွဲပါ “ Aung San Su Kyi to visit
Eastern Europe” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သုံးနိုင်ငံခရီးစဉ်အဖြစ် လာမည့်လတွင် အရှေ့ဥရောပသို့ သွားရောက်လည်ပတ်တော့မည်ဖြစ်သည်။

ချက်ရီပတ်ဗလစ်၊ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံများသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဖြစ်ကြောင်း၊ Forum 2000 foundation က ၄င်း၏ ဝက်ဆိုက်တွင် သြဂုတ်လ ၁၅ရက်နေ့က ထုတ်ပြန်ကြေငြာထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ နောက်ပိုင်းသူမ၏ ဒုတိယမြောက်ဥရောပခရီးစဉ်ကို စက်တင်ဘာ ၁၅ရက်တွင် စတင်ကာ ပရာ့ဂ်သို့ဦးစွာရောက်ရှိမည်ဖြစ်ပြီး ချက်သမ္မတဟောင်း ဗားကလပ်ဟားဗယ် ပူးတွဲထူထောင်ထား သော Forum 2000 foundation က စီစဉ်ကျင်းပမည့် ကွန်ဖရင့်သို့တက်ရောက်မည်ဟု သိရှိရသည်။

ဗားကလက်ဟာဗယ်သည် ၄င်း သမ္မတတာဝန်ယူစဉ်ကာလအတွင်းက ၁၉၉၁ တွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် စာရင်းသွင်းပေးခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ကွန်မြူနစ်ခေတ်လွန် အရှေ့ဥရောပသို့ ပထမဆုံးသွားမည့် ခရီးနှင့်ပတ်သတ်၍ ပြောကြားရာတွင် “တူညီတဲ့တန်ဖိုးတွေကို အတူမျှဝေပိုင်ဆိုင်ထားသူတွေထက် ပိုပြီးကောင်းတဲ့ မိတ်ဆွေမရှိတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် သမ္မတဟောင်း ဗားကလတ်ဟာဗယ်နဲ့ မြန်မာပြည်က ကျွန်မတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အတူတူငတ်မွတ်ခဲ့ကြသူတွေဖြစ်ကြပြီး၊ ဒါ့ကြောင့်လည်း သမုဒ္ဒရာတွေ ကုန်းမြေတွေကိုကျော်ပြီး မိတ်ဆွေဖြစ်လာ ခဲ့ကြတာပါ။“ ဟု မှတ်ချက်ပေးခဲ့သည်။

ကမ္ဘာတလွှား အာဏာရှင်စနစ်များမှ ဒီမိုကရေစီအစိုးရစနစ်များသို့ အသွင်ကူးပြောင်းနေကြသော နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာဆွေးနွေးမည့် ယခုနှစ် Forum 2000 ကွန်ဖရင့်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည်ဟု မျှော်လင့်ရသည်။

အဆိုပါကွန်ဖရင့်သို့ မြန်မာအတိုက်အခံခေါင်းဆောင်အပြင် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ အမေရိကန်အဆိုတော် ဂျုံးဘေ့စ်၊ တောင်အာဖရိကသမ္မတဟောင်း ဒီကလပ် စသော နာမည်ကျော်ပုဂိုလ်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့ဥရောပခရီးစဉ်သည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်သွားသော ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထင်ဟပ်လျက်ရှိသည်။

ပြီးခဲ့သော ၂၄ နှစ်အတွင်း ၁၅နှစ်ခန့်နေအိမ်တွင် အကျယ်ချုပ်ထိန်းသိန်းခံခဲ့ရသူ မြန်မာအတိုက်အခံ ခေါင်းဆောင်သည် အကယ်၍ မြန်မာနိုင်ငံမှ သူမထွက်ခွာသားမိပါက တပ်မတော်အစိုးရက ပြန်လာခွင့်ပေးမည် မဟုတ်သောကြောင့် ပြည်ပခရီးသို့ ခရီးမသွားနိုင်ခဲ့ပေ။

သို့သော် တပ်မတော်အစိုးရ ဖျက်သိမ်းပြီးနောက် အရပ်ဖက်အမည်ခံအစိုးရ အာဏာရရှိလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားခရီးစဉ်များကို လွတ်လပ်စွာသွားလာနိုင်သည့်အပြင် ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး၊ တရားဝင်နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားခွင့်ရရှိလာခဲ့သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ဘုရင်နောင်မှ ဟံသာဝတီကို အပြီးအပြတ်သိမ်းခြင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)