Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သင်္ဃန်းကျွန်းဆန္ဒပြပွဲကို ဖြိုခွဲဖို့ ပြင်ဆင်လာတဲ့ ပက်စက်တဲ့အကြံအစည်

$
0
0


မနေ့က ဖြစ်ပွားခဲ့တဲ့ မိချောင်းကန် အပိုင်း (၁ ၊၂ ၊ ၃) သပိတ်မှောက်ပြည်သူတွေကို အကြမ်းဖက်ပြီး ရိုက်နှက်ဖြိုခွင်းသွားတဲ့ အဖွဲ့တွေဟာ ဘယ်ကနေ ဘယ်သူ စီမံပြီး ဘယ်လို လုပ်သွားမှန်း သူတို့တောင် မသိလိုက်ဘူးလို့ အဲဒီ မြို့နယ်က လုံခြုံရေးနဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတချို့က ကျနော့်ကို ပြောပါတယ်။ တဦးစ နှစ်ဦးစကတော့ ဒီလူတွေ ဒီလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံး (ရန်ကုန်) ၀န်ထမ်းစိစစ်ရေး ကဒ်ပြားလို့ တရားဝင်ကဒ်ပြားတွေ စနစ်တကျ ချိတ်ဆွဲထားတဲ့ နံပတ်ဒုတ်ကိုင် အနက်ရောက် အပေါ်ဝတ်အင်္ကျီနဲ့ အဖွဲ့တွေဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်ထောက်ဆိုင်ရာ တာဝန်ရှိသူတဦးဦးက စီမံခန့်ခွဲ စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်တပ်က ထုတ်ပေးတဲ့ စိစစ်ရေးကဒ်ပြားတွေချိတ်ထားတဲ့ လူတွေဟာ အရပ်ဘက် အုပ်ချုပ်ရေးက ဦးဆောင်စေလွှတ် ဖြိုခွင်းခိုင်းလိုက်တာ မဟုတ်ဘူးဆိုတဲ့ သက်သေပါပဲတဲ့။

ဘယ်လိုပဲဖြစ်စေ။ ဒီပဲယင်း လုပ်ကြံမှုကြီးအကြောင်း အစဖေါ်မယ် လုပ်တိုင်း ၀ူးဝူးဝါးဝါးနဲ့ နောက်ကြောင်း မလုံတဲ့ အာဏာရှင်ကြီးတွေ၊ ရွှေဝါရောင် သံဃာအရေးအခင်း ဖြိုခွင်းခံရတဲ့အကြောင်း အစဖေါ်မယ်လုပ်တိုင်း ရှူးရှူးရှားရှားနဲ့ လမ်းလွဲတတ်တဲ့သူတွေ ယနေ့တိုင် ဗွီအိုင်ပီဆိုတဲ့ ကားတွေစီးနေဆဲကာလမှာ အခုလို အမိန့်ပေးတာဝန်ယူသူသာ ရှိမယ်ဆိုရင် လူသတ်ရ သတ်ရ၊ ဘယ်သူ့ ရိုက်ရ ရိုက်ရ ခိုင်းတာအားလုံး လုပ်ဖို့အသင့်ရှိတဲ့ စနစ်တကျဖွဲ့စည်းထားသော အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့အစည်းတွေ လူမသိသူမသိ (အခုတော့ လူသိဗြောင်ထုတ်သုံး) ဖွဲ့စည်း လေ့ကျင့်ပေးထားတယ် ဆိုတာကတော့ သိပ်မဆန်းပါဘူး။

ဒီလို ငါတို့ ငွေရှိတယ်၊ နိုင်ငံ့ဘဏ္ဍာကို ငါတို့ ထင်သလိုသုံးဖြုန်းခွင့် ရှိတယ် ဆိုပြီး လက်ပါးစေ လက်နက်ကိုင် (နံပတ်ဒုတ်လည်း လက်နက်ပါပဲ) အဖွဲ့တွေနဲ့ အပြစ်မဲ့ ပြည်သူကို ခြိမ်းခြောက် ဖိနှပ် ဥပဒေမဲ့ ရက်စက်တတ်တဲ့၊ လုပ်ရပ်မျိုးတွေ ယနေ့ အုပ်ချုပ်သူ အစိုးအရအဖွဲ့ အဆင့်အတန်းအသီးသီးထဲကနေ ပပျောက်သွားဖို့၊ မတရားသော အဖိနှိပ်ခံ ဘ၀ကနေ လွန်မြောက် တော်လှန် ရုန်းထွက်ကြတဲ့ အင်အားတွေတည်ဆောက်နိုင်ဖို့ ကျနော်တို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးမှာ ရင့်ကျက် မြော်မြင်သော ဆင်ခြင်တုံတရားတွေနဲ့ စဉ်းစားကြဖို့ လိုပြီး။ လေးနက်တဲ့ ရှေးရှုမှုမျိုးတွေ၊ ပေါင်းစပ်တဲ့ ဘုံခံယူချက်တွေ၊ စည်းခိုင်တဲ့ ရည်မှန်းချက်တွေနဲ့ ညီညွတ်တဲ့ စုဖွဲ့မှု၊ စည်းလုံးတဲ့ အမှန်တရား မြတ်နိုးမှုတွေ တည်ဆောက်ကြဖို့ လိုပြီ။

ဒို့ မျိုးချစ်မြန်မာတွေ ပြင်ဆင်ကြတော့၊ ဒို့ တိုင်းရင်းသားတွေ ပြင်ဆင်ကြတော့ … ဟေ့ လို့ မနေ့တုန်းက မိချောင်းကန်မှာ ကိုယ်ထင်ပြခဲ့တဲ့ အနက်ရောင်ဝတ် နံပတ်ဒုတ်ကိုင် အကြမ်းဖက်လုပ်ဆောင်သော လူမျိုးစုံ အသားရောင်စုံနဲ့ စစ်တပ်ရဲ့ တရားဝင်စိစစ်ရေးကဒ် ချိတ်ဆွဲထားခွင့်ရနေတဲ့ ပြည်တွင်းမှာဆိုး ပုဆိန်ရိုး မျိုးဖျက်လူတစုက တပ်လှန့်နှိုးဆော်လိုက်တာလို့ပဲ သုံးသပ်ခံယူမိတယ်။

နေမျိုးဇင်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>