Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လေးသုံးခြောက်ကြောင့် အဝေးဆုံးရောက်ရတော့မှာလား- ရီနေနိုင်

$
0
0

( Ladies Journal Vol.2, No 21 July 13, 2014)              
 လွန်ခဲ့တဲ့မေလကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ပွင့်လင်း
လူ့အဖွဲ့အစည်းက ဦးဆောင်ပြီး မြန်မာ နိုင်ငံအနှံ့မှာ အခြေခံဥပဒေပုဒ်မ ၄၃၆
ပြင်ဆင်ရေး လူထုအစည်းအဝေးတွေ၊ ရှင်းလင်းပွဲတွေ၊ ပြင်ဆင်လိုကြောင်း ဆန္ဒ
ပြုကောက်ခံတာတွေလုပ်ခဲ့ပြီး အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အသင်း
အဖွဲ့တွေက လက်မှတ်ရေးထိုးကြ တာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လှုပ်လှုပ်
ခတ်ခတ် မြင်ရဖတ်ရ ကြားခဲ့ရပါတယ်။ ၄၃၆ ပြင်ရမယ်ဆိုပြီး သီချင်းတွေရေးဖွဲ့
ကြ၊သီဆိုကြတာလည်း ကြားရပါသဗျ။ ဒါပေမဲ့ လူထုကသာ ဆူညံပွက်လောရိုက်
နေတာ၊ လူထု အသံလို့ဆိုတဲ့ ပြည်သူ့လွှတ်တော်ကြီးကဖြင့် "မကြားလိုပါ၊မကြား
လိုပါ"ဆိုတဲ့ ဗိမ္မိသာရသီချင်းပဲ ဆိုနေသေးပုံပဲခင်ဗျ။      

  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကဆို ]၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု၊ လူထု
လက်မှတ်ကောက်ခံမှုတွေက  သူ့ဆန္ဒနဲ့သူလုပ်တာ၊ လွှတ်တော်ကဖွဲ့ထားတဲ့ အခြေခံ
ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကိုလည်း သြဇာသက်ရောက်မှု
မရှိနိုင်ဘူး}လို့တောင် ဆိုလိုက်ပြန်ပါရောလား။ ဘယ်သူတွေ လက်မှတ်ထိုးထိုး၊ ဘယ်
နှစ်ယောက် ထိုးထိုး၊ လူထုစည်းဝေးပွဲမကလို့ တစ်ပြည်လုံးပဲစည်းဝေးဝေး၊ ဘယ်သူတွေ
သဘောတူတူ၊ ဘယ်နှစ်ဖွဲ့ကဘယ်လို တောင်းဆိုဆို၊ ပြည်တွင်းတင်မက ပြည်ပကပါ
ဘာတွေပြောပြော ]သြဇာသက်ရောက်မှု မရှိနိုင်ပါဘူး}လို့ တိတိကျကျ မပြောလိုက်
တာပဲ တော်သေးတာပေါ့။ တကယ်တော့ ၁၉၈၈ခုနှစ်မှာဆို တစ်ပြည်လုံးက အော်ဟစ်
တောင်းဆိုခဲ့ကြ တာပဲ။ အဲဒီတုန်းက လွှတ်တော်ကြီးကလည်း ]မကြားလိုပါ၊ မကြားလိုပါ}
လုပ်ခဲ့တာပဲ မဟုတ်လား။ အဲဒီအတွက် နောက်ဆုံးမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ
အလည် အောက်ကျနောက်ကျဆုံး တိုင်းပြည်အဖြစ်နဲ့ ထိုးကျသွားခဲ့ရ တာပဲလေ။ ဒီ
သင်ခန်းစာကို ယူရမယ့်အချိန် ရောက်နေပြီလို့ ယူဆပါတယ်။          

              တကယ်တော့ ဒီ ၄၃၆ကို ပြင်လိုက်ရင် ဘာဖြစ်မှာလဲ။ ဘာတွေထူးသွားမလဲ။  သူတို့ကိုယ်
သူတို့ဗြောင် ကျကျနဲ့ ဇွတ်အဓမ္မကြီး သံကန့်လန့်ကာအထပ်ထပ်နဲ့အုပ် ကာကွယ်ထားတာ
ကြီး ပျက်သွားမှာလား။ မပျက်ပါဘူး။ သိပ်ထူးထူးခြားခြား ပြောင်းလဲတာလည်း မရှိနိုင်သေး
ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ဒါကြီးကို ပြည်သူအားလုံးဝိုင်းဝန်း တောင်းဆိုတာကို အစိုးရ
ကြီးက တန်ဖိုးထားလေးစားလို့ ပြင်လိုက်နိုင်တယ်ထားဦး။ ဒါကြီးနဲ့မှ ပြင်လို့ရမယ်လို့ ပြဋ္ဌာန်း
ထားတဲ့ပုဒ်မတွေ အများအပြားက အလွယ်တကူ ပြင်လို့ ရမှာမဟုတ်ပါဘူး။ ဆိုပါတော့ လူ
ပြောများနေတဲ့ ၅၉(ဃ)နဲ့ ၅၉(စ)လို ဟာမျိုးကို အလွယ်တကူပြင်ပေးမှာ မဟုတ်တာကို
အားလုံးက သဘောပေါက်ကြပါတယ်။         တကယ်တော့ ပုဒ်မ ၅၉(ဃ)ရော၊ (စ)
ရောဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ ဆိုတာ အားလုံးလည်း သိပါ
တယ်။ အခုလည်း သူတို့တွေက ]]တစ်ဦးတစ်ယောက်အတွက်နဲ့တော့ အများသဘောတူ ရေး
ဆွဲထားတဲ့ ဥပဒေကြီးကို ပြင်မပေးနိုင်ဘူး}}ဆိုတာခဏခဏ ပြောနေတော့ အဲဒီစကားမှာကို
ဘာသဘောနဲ့ဒီပုဒ်မ ကို ရေးဆွဲထည့်ထားခဲ့တယ်ဆိုတာက ပေါ်လွင်နေပါတယ်။ နိုင်ငံတကာ
နဲ့ နှိုင်းယှဉ်စဉ်းစားမယ်ဆိုရင် ဒီပုဒ်မတွေက ဘာမှ အဓိပ္ပာယ်မရှိတာ မြင်သာပါတယ်။ ဥပမာ
ဆိုပါစို့။ ကျွန်တော်တို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးမှာ လွတ်လပ်ရေး ဖခင်ကြီး နေရူးရဲ့ သမီး
အင်ဒါရာဂန္ဒီ ခေါင်းဆောင်ဖြစ်လာတဲ့အခါ သူဟာ စစ်တပ်ထဲတစ်ခါမှ ၀င်ဖူးတာမဟုတ်လေ
တော့ စစ်ရေးအမြင်ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ ၁၉၇၁ခုနှစ်မှာ ပါကစ္စတန်နဲ့ စစ်ဖြစ်တဲ့အခါ
ပါကစ္စတန်ဘက်မှာ  အမေရိကန်ပြည်ထောင်စု ရှိနေတာတောင် အင်ဒါရာဂန္ဒီဟာ စစ်ကိုနိုင်
အောင်တိုက်နိုင်ခဲ့ပြီး အဲဒီကာလက အမေရိကန် သမ္မတနစ်ကဆင်နဲ့ သူ့အကြံပေး ဟင်နရီကီ
ဆင်ဂျားတို့ မုန်းတီးတာကို ခံရတဲ့အထိ ထူးချွန်ခဲ့တာပါ။ အိမ်ဖြူတော် စကားဝိုင်းတစ်ခုမှာဆို
နစ်ကဆင်က အင်ဒီရာဂန္ဒီကို ]စုန်းမအိုကြီး}လို့တောင် ခေါ်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ
နစ်ကဆင်ဟာ ၁၉၇၁ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ တရုတ်အစိုးရကို ]]အိန္ဒိယကိုတပ်တွေစေ
လွှတ်ပြီး ပါကစ္စတန်ဘက် ကတိုက်ပေးပါ၊ တကယ်လို့ စစ်ပွဲထဲကို ရုရှားဝင်လာရင် သူတို့ကိုယ်
တိုင်ဝင်ပြီး တိုက်ပေးမယ်}}လို့ ပြောခဲ့တဲ့အထိ ပါပဲ။ တရုတ်အစိုးရက နစ်ကဆင်ရဲ့ကမ်းလှမ်း
ချက်ကို ပယ်ချခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၆ရက်နေ့မှာ စစ်ပွဲပြီးသွား ခဲ့တာပါ။ အင်ဒီရာဂန္ဒီက
နယ်ချဲ့ကိုတွန်းလှန်ပြီး လွတ်လပ်ရေးယူပေးခဲ့တဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးတစ်ဦးရဲ့ သမီးဖြစ်
ခဲ့တဲ့အပြင် ကိုယ်တိုင်က ပြည်သူချစ် အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ တပ်ထဲတော့ တစ်ခါမှမ၀င်လို့ စစ်ရေးလည်း ကျွမ်းကျင်မယ်မထင်ပါဘူး။ (နစ်ကဆင်
ကတော့ ရေတပ်စစ်ဦးစီးအရာရှိ သုံးနှစ်လုပ်ဖူးသဗျ)။ အင်ဒါရာဂန္ဒီခမြာ သူ့ကိုမနိုင်တဲ့ ရေ
တပ်မတော်လူထွက် နစ်ကဆင်လို ယောက်ျားရင့်မာကြီးက ကွယ်ရာမှာ နင့်နင့်သီးသီးဆဲတာ
ကိုလည်း ခံရရှာတာ နောက်ပိုင်းအမေရိကန်အစိုးရက အိမ်ဖြူတော် အစည်းအဝေး မှတ်တမ်း
ဟောင်းတွေကို ထုတ်ပေးတော့မှ အများက သိကြရပါတယ်။

သမိုင်းကို ပြန်ကြည့်တော့ အင်ဒါ
ရာဂန္ဒီက လူမျိုးရေးပဋိပက္ခကိုပြေလည်ချင်တဲ့ ပြယုဂ်အဖြစ် သူတမင်ခန့်ထားတဲ့ ဆစ်ခ်သက်
တော်စောင့်တွေ ရဲ့လုပ်ကြံမှုနဲ့ သူရဲကောင်းဆန်ဆန် ကျဆုံးသွားရရှာပြီး စစ်မှုထမ်းဟောင်း
နစ်ကဆင်ကတော့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ထဲ အောက်တန်းကျကျဖေါက်
ထွင်းဝင်ရောက်တဲ့ ၀ါးတားဂိတ်အရှုပ်တော်ပုံနဲ့ ဇာတ်သိမ်း သွားရရှာတယ်လေ။       

  ကဲ၊ ပြောရင်းနဲ့ ဘေးချော်ကုန်ပြီထင်ပါရဲ့။ ရိုးရိုးဘေးချော်တာကို စောင်းမြောင်းပြော
တယ် ထင်ပြန်လည်း အခက်။ ဒီတော့ လိုရင်းပြန်ပြောရရင် ဒီ ၄၃၆ကြီးကို ပြည်သူ့အလိုကျ
ပြင်ပေးလိုက်လို့လည်း ဘာမှမဖြစ်သေး ပါဘူး။ ကိုယ့်ကိုကိုယ် သံကွန်ခြာအထပ်ထပ်ချပြီးတော့
မှ မလှုပ်မယှက်သာကြီး လုံခြုံစိတ်ချနေပြီလို့ ထင်နေရှာတဲ့ နဂိုအနေအထားကနေလည်း ထူးထူး
ခြားခြား ပျက်ယွင်းမသွားသေးပါဘူး။ တပ်မတော်သားတွေလည်ူး့ လွှတ်တော်ထဲက ထွက်ပေးရ
မှာမဟုတ်သလို တပ်မတော်သားဟောင်းမဟုတ်သူတစ်ဦးလည်း သမ္မတ မဖြစ်နိုင်သေးပါဘူး။
ဒါပေမဲ့ ပြင်လိုက်လို့ ဘာမှ သိပ်ထူးမသွားနိုင်သေးတဲ့ ဒီ၄၃၆ကိုမပြင်လိုက်နိုင်ရင်တော့ သိပ်ထူး
သွားနိုင်တာသတိထားသင့်ပါတယ်။      
  
ဒီလို ပြင်လို့မထူးနိုင်သေးတဲ့ ပုဒ်မတစ်ခုကိုတောင် ပြင်မပေးနိုင်ဘူးဆိုတဲ့
အာဏာရအစိုးရကြီးအပေါ် ပြည်သူက အတော်လေးစိတ်ကုန်ခမ်းစရာ ဖြစ်ကုန်ပါပြီ်။ အရင်
က သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးနဲ့ ပြည်သူ၊ သမ္မတကြီးနဲ့ မီဒီယာ
လောကတို့ အတော်လေး သဟဇာတဖြစ်နေရာကနေ အခု ၄၃၆ မပြင်နိုင်တာနဲ့ ပတ်
သက်ပြီး သမ္မတကြီးရပ်တည်ချက်အပေါ် ပြည်သူရော၊ မီဒီယာအပြင် ဒေါ်အောင်ဆန်း
စုကြည်ကပါ ပြောဆိုဝေဖန်လာတာဟာ အတော်စိတ်မကောင်းစရာပါပဲ။ ဒီလိုပဲ လွှတ်တော်
ဥက္ကဋ္ဌကြီး ဆိုရင်လည်း ဒေါ် အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီးနဲ့ ညှိညှိနှိုင်းနှိုင်း လက်တွဲ
လုပ်ဆောင်တာမျိုးတောင် ဖြစ်လာနိုင်တယ်လို့ မျှော်လင့်သူက မျှော်လင့်နေကြရာကနေ
အခုတော့ ၄၃၆ကြောင့် အဝေးဆုံးရောက် ကုန်ပြီိလားလို့ သောကပွားစရာ ဖြစ်လာပါတယ်။               

   ပြန်စဉ်းစားကြည့်လိုက်တော့ သမ္မတကြီးကလည်း မှတ်မှတ်ရရ မနှစ်က
အာဇာနည်နေ့မှာ သူပြင်သစ် က ရုပ်မြင်သံကြားဌာနတစ်ခုနဲ့  အင်တာဗျူးရာမှာ ၁၉၁၅
သမ္မတရွေးကောက်ပွဲအတွက် သူဝင်ပြိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားမှု မရှိသေးပါကြောင်းနဲ့
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိုလည်း ကန့်ကွက်ရန် မရှိပါကြောင်း ပြောကြားခဲ့လို့
ပြည်သူအများ ၀မ်းသာခဲ့ကြတယ်လေ။ (မကန့်ကွက်ဘူးဆိုတာကို ၀မ်းသာတယ် ပြောတာ
ပါနော်)။  ဟော၊ အခုတော့ တစ်နှစ်မပြည့်ခင်မှာပဲ မေလ၁၅ရက်နေ့က မန္တလေးစာတတ်
မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ မှာ အဲဒီပွဲနဲ့ မဆိုင်တာကို မိန့်ခွန်းထဲထည့်ပြောရာမှာ
ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွေကြောင့် တိုင်းပြည် ဆူပူ မှာ စိုးရိမ်တယ်လို့ ဆိုပြန်တယ်။
 ပြီးတော့ အဲဒါတွေဟာ ကျွန်တော်တို့ ပြည်တွင်းရေးပါလို့ ဆိုတဲ့ဓာတ်ပြားဟောင်း ကြီးကို ဖွင့်
နေပြန်တော့ သမ္မတကြီးအပေါ် မျှော်လင့်ချက်ကြီးကြီးထားကြတဲ့ ကျွန်တော်တို့တတွေ
စိတ်ပျက်သွား ရပြန်ပါရောလား။ အင်း၊ ကျွန်တော်တို့ မျှော်လင့်ချက်တွေလည်း ၄၃၆နဲ့မှ
အဝေးဆုံးရောက်နေတာ သိရတာလား။       
  
ဦးရွှေမန်းကဆိုလည်း ဒီနှစ်ဆန်း ဇန်န၀ါရီလထဲမှာပဲ "ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်လာမယ် ဆိုရင် လက်တွဲလုပ်ဆောင်သွားမယ်}လို့ သတင်းထောက်တစ်ဦးရဲ့
အမေးကို ဖြေကြားရာမှာပြောခဲ့လို့ ကျွန်တော်တို့တတွေ ၀မ်းသာခဲ့ရဖူးပါသေးတယ်။ ဒါမတိုင်
ခင် မနှစ်က ဇူလိုင်လ ၁၈ရက်နေ့ကဆိုရင်လည်း မီဒီယာတွေ့ဆုံပွဲမှာ ဒေါ် အောင်ဆန်းစုကြည်က
၂၀၁၅သမ္မတရွေးကောက်ပွဲမှာ တကယ်တန်းသတ္တိရှိသည်ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်
ရေးအတွက် ဦးရွှေမန်းက ဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း ပြောခဲ့တာကို ဦးရွှေမန်းက
"ဒေါ်အောင်ဆန်းစုကြည်ပြောတာမှန်ပါတယ်၊ ဖြစ်နိုင်သမျှ တရားသဖြင့် ယှဉ်ပြိုင်တာအကောင်း
ဆုံးပါပဲ၊ဒါမှ နိုင်တဲ့သူ ၀မ်းသာသလို ရှုံးသူက လည်း တရားသဖြင့် ယှဉ်ပြိုင်တယ်ဆိုတဲ့ ဂုဏ်ပုဒ်
ကို ရမှာဖြစ်ပါတယ်"ဆိုတာမျိုး ပြောခဲ့သေးသမို့ ကျွန်တော်တို့ဝမ်းသာတာ မမှားဘူးထင်တာပါပဲ။
အင်း၊ အခုတော့ ၄၃၆နဲ့ကျမှ အဝေး ဆုံးရောက်ကုန်ပြီလားဗျာ။      

  ၄၃၆ကို သူတို့လည်း မကြိုက်ပါဘူးလို့ ပြောတဲ့သူတွေထဲမှာ တစည ပါတီကဆိုရင်
အစကတည်းကကို ဒီ ရ၅ရာခိုင်နှုန်းကျော်မှ ဆိုတာကြီးဟာ သဘာဝမကျလို့ ကန့်ကွက်
ဖူးသေးတယ် ဆိုပါလား။ အင်း၊ အမျိုးသားညီလာခံကြီး ကလည်း ဘာမှ ပွင့်ပွင့်လင်းလင်း
မရှိခဲ့တော့ တစညကြီး ဒီလောက်တော်တာကောင်းတာ မသိလိုက်ရတာတော့ စိတ်မကောင်းစရာ
ပေါ့ဗျာ။ ဒါပေမဲ့ တချို့သော ကန့်ကွက်သူများက ကန့်တော့ကန့်ကွက်ပါရဲ့။ ဒါပေမဲ့ ၇၅ရာခိုင်
 နှုန်းကျော်မှဆိုတော့ တပ်မတော်သားကိုယ်စားလှယ် တစ်ယောက်မှသဘောမတူရင် ပြင်လို့
မရဘူးဆိုတာကို လက် မခံနိုင်ကြောင်း၊ တကယ်တော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်
များ သဘောတူရင် ပြင်လို့ရသင့်ကြောင်း၊ ဒါကြောင့် ၇၅ရာခိုင်နှုန်းကျော်အစား ၇၅ရာခိုင်နှုန်းက
သဘောတူတယ်ဆိုရင် ပြင်လို့ရသည်ဆိုပါက တပ်မတော် သားကိုယ်စားလှယ်များမပါပဲ ကျန်လူ
၇၅ရာခိုင်နှုန်းက သဘောတူရုံဖြင့် ပြင်လို့ရမှာဖြစ်ကြောင်း၊ အဲဒီလိုကြီး ပြင် ကြပါစို့လို့ အကြံပြု
လိုကြောင်း စသဖြင့် ပြောသံတွေကြားရတာကတော့ ကျွန်တော်တို့တွေကို ကလေးကလား
သဘောထားပြီး ရယ်စရာလို နောက်ပြောင်စော်ကား ပြောဆိုနေသလိုတောင် ခံစားရပါတယ်ဗျာ။           
  
အဲဒီလိုလူတွေက ကျွန်တော်တို့ကိုသာ စော်ကားတာမဟုတ်ပဲ တပ်မတော်ကိုယ်စားလှယ်
ဆိုသူများဟာ နိုင်ငံတကာနဲ့ အများပြည်သူအမြင်မှာ ]မှားနေတယ်}လို့ ဆိုတဲ့နေရာမှာပဲ ထာဝရနေ
မယ့် သူများလို့ အထင်သေး စော်ကားရာ ရောက်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်စိတ်ကူးယဉ်မိ
တာကို ပြောရမယ် ဆိုရင်တော့ အဲဒီလို ၇၅ရာနှုန်းအတိပြင်ဆင်လိုက်ရင်တောင် တပ်မတော်ကိုယ်စား
လှယ် ၂၅ရာခိုင်နှုန်းနဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၅၀ရာခိုင်နှုန်းလောက်ပဲ သဘောတူလို့ ပြင်လို့ရ
မယ့်တစ်နေ့ ရောက်ကိုရောက်ဦးမယ်လို့ ယုံကြည်မိပါတယ်ဗျာ။       
  
အဝေးဆုံးရောက်သွားသူများဟာ တစ်ချိန်မှာ ကျောချင်းကပ်သွားတာဟာ သဘာဝပဲ
မဟုတ်လား။ တပ် မတော်သားများဟာလည်း လူသားများမို့ ပြောင်းလဲခွင့်ရှိပါတယ်။ ၄၃၆ကြောင့်
အဝေးဆုံးရောက်အောင် သွေးခွဲ ခံထားရသူများလည်း တဖန် ပြန်ပေါင်းစည်းနီးစပ်နိုင်တယ်လို့
စိတ်ကူးယဉ်လိုက်ချင်ပါတယ်ဗျာ။  ။    

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>