Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

MH-17 ပျက်ကျမှုအတွက် ယူကရိန်း အစိုးရတွင် အဓိက တာဝန်ရှိဟု ပူတင်ပြောကြား

$
0
0
http://www.7daydaily.com/
ယူကရိန်းနိုင်ငံ ပိုင်နက်တွင် ပျက်ကျသည့် MH-17 လေယာဉ်အတွက် ယူကရိန်းအစိုးရကိုသာ အပြစ်တင်ထိုက်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။

MH-17 လေယာဉ်သည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသရှိ ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားရာ နယ်မြေတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ (၁၇)ရက်နေ့က လူပေါင်း(၂၉၈)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ဆိုးကြီးတွင် လေယာဉ်သည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်းဟု ယူဆစရာ အခြေအနေ များစွာ ရှိနေပြီး အဆိုပါ ဒုံးကျည်ကိုလည်း ယူကရိန်း ခွဲထွက်ရေး သူပုန်များက ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း အစိုးရက စွပ်စွဲထားသည်။

သို့သော်လည်း ပူတင်ကမူ လေယာဉ်တစ်စင်း ပျက်ကျသည့်အခါ လေယာဉ်ပျက်ကျသည့် နေရာကို တာဝန်ခံရသည့် နိုင်ငံအစိုးရတွင်သာ အဓိက တာဝန်ရှိကြောင်း ဆိုသည်။ “တကယ်လို့ အဲဒီဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတယ်ဆိုရင် အခုလို ဖြစ်ရပ်ဆိုးကြီး ကြုံလာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်။ တကယ်လို့ ယူကရိန်း တောင်ပိုင်းမှာ ယူကရိန်းစစ်တပ်တွေကသာ ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိမလာခဲ့ရင် ဒီဖြစ်ရပ်တွေ ကြုံလာမှာ မဟုတ်ဘူး”ဟု ပူတင်က ဝေဖန်ခဲ့သည်။

၎င်းက “နောက်တစ်ချက်က အခုလို ဆိုးရွားလွန်းတဲ့ အခြေအနေတစ်ရပ် ကြုံလာပြီဆိုရင် သက်ဆိုင်ရာ နယ်မြေဒေသအတွက် တာဝန်ခံ အုပ်ချုပ်ရတဲ့ အစိုးရကသာ သေချာပေါက် တာဝန်ရှိပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

အတည်မပြုနိုင်သော သတင်းများက ရုရှားထောက်ပံ့ထားသည့် လေယာဉ်ပစ် လက်နက်များဖြင့် ယူကရိန်း စစ်လေယာဉ်များကို ပစ်ချနေသည့် သူပုန်တပ်များက MH-17 ကို မှားယွင်း ရွေးချယ်ခဲ့မိခြင်းဟု ဖော်ပြနေကြသည်။

အစောပိုင်းက ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက လေယာဉ်သည် ပစ်ချခံရကြောင်း သေချာပြီး အဆိုပါလုပ်ရပ်သည် အကြမ်းဖက်မှုတစ်ခုဟု အမည်တပ်ခဲ့သလို လေယာဉ်ပျက်ကျမှုကို အမြင့်ဆုံးအဆင့် စုံစမ်းကိုင်တွယ်မှုများ ပြုလုပ်ရန် တိုက်တွန်း တောင်းဆိုထားသည်။

_Ref: Time

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>