

(MH 17မှာပါသွားတဲ့ မွေးစားသမီးမာရီရဇ်(၀ဲ)နှင့် MH370မှာပါသွားတဲ့ မောင်ရော့ဒ်ဘာရိုး(ယာ)
သြစတြေလျနိုင်ငံ၊ ကွင်းလန်းမှာနေတဲ့ ကေလင်းမန်းဆိုတဲ့ အမျိုးသမီးကြီးနဲ့ မလေးရှားလေကြောင်းလိုင်းဟာ အထုံရေစက်ပါလာပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့မတ်လက အိန္ဒိယသမုန္ဒရာမှာပျက်ကျသွားပြီး ယခုတိုင်အစအနရှာလို့မရတဲ့ MH370 မှာ သူမရဲ့မောင်တစ်ဦးပါသွာခဲ့ပြီး မနေ့က ယူကရိန်းမှာပျက်ကျတဲ့ MH17 လေယာဉ်ပေါ်မှာတော့ သူမရဲ့မွေးစားသမီးပါသွားလို့ပဲဖြစ်ပါတယ်။
MH 370 ပျက်ကျတုန်းကကေလင်းမန်းရဲ့မောင် ရော့ဒ်ဘာရိုးနဲ့ယောင်းမ မာရီဘာရိုးတို့နှစ်ဦးလုံး အသက်ဆုံး ရှုံးခဲ့ရပါတယ်။ယခု MH17 မှာ သူမရဲ့မွေးစားသမီး မာရီရဇ်ဟာ ခင်ပွန်းသည်အဲလ်ဘတ်နှင့်အတူ သေဆုံးသူခရီးသည်၂၉၇ဦးထဲမှာ ပါဝင်သွားခဲ့ ရရှာပါတယ်။
ကေလင်းမန်းရဲ့အစ်ကိုဖြစ်သူက ညီမအနေနဲ့ သူနဲ့သက်ဆိုင်သူနှစ်ယောက်စလုံး မလေးရှားလေကြောင်းလိုင်းက လေယာဉ်နှစ်စီးပျက်ကျတဲ့အထဲပါသွားရရှာတဲ့တိုက်ဆိုင်မှုဟာ ကံတော်တော်ခေတာပဲလို့ပြောရမှာဖြစ်ပါတယ် လို့ဆိုပါတယ်။
Source Daily Mail
Yangon Media Group