Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

MH-17 ပျက်ကျပြီးနောက် သူပုန်များ ဆွေးနွေးနေသည်ဆိုသော ဖုန်းခေါ်ဆိုမှုများကို ယူကရိန်း ထုတ်ပြန်

$
0
0
MH-17 ခရီးသည်တင် လေယာဉ်ကို ခွဲထွက်ရေး ပြောက်ကျားများက ပစ်ချလိုက်ကြောင်း အထောက်အထား တစ်ရပ်အဖြစ် သူပုန်တပ်များ အပြန်အလှန် ပြောဆိုနေသည်ကို ကြားဖြတ်ဖမ်းယူထားသော ဖုန်းခေါ်ဆိုမှုနှစ်ခုကို ယူကရိန်း ထောက်လှမ်းရေးက ထုတ်ပြန်လိုက်သည်။

ယူကရိန်း လုံခြုံရေးဌာန (SBU)က ရုရှားစစ်ထောက်လှမ်းရေး အရာရှိများနှင့် ရုရှားက ထောက်ပံ့ထားသည့် ယူကရိန်း ကော့ဆက် သူပုန်များကြား အပြန်အလှန် ဆက်သွယ် စကားပြောနေသည်ဆိုသော ဖုန်းခေါ်ဆိုမှု နှစ်ခုကို သတင်းထုတ်ပြန်ခဲ့ပြီး ယင်းကို Kiev Post သတင်းစာက ကိုးကား ဖော်ပြခဲ့သည်။

အကယ်၍ ယူကရိန်း ထောက်လှမ်းရေးက ထုတ်ဖော်ပြသသည့် အချက်အလက်များ မှန်ကန်ပါက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အတွက် ကြီးမားသည့် နိုင်ငံရေး ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်။ လတ်တလောတွင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို တိတိကျကျ အတည်မပြုနိုင်သေးသော်လည်း ယူကရိန်း အစိုးရက သူပုန်တပ်များ မှားယွင်း ပစ်ချခဲ့ခြင်းဟု အစဉ်တစိုက် စွပ်စွဲထားသည်။

ယူကရိန်း ထောက်လှမ်းရေးက ဖုန်းခေါ်ပြောဆိုမှုများတွင် ယူကရိန်း သူပုန်များ၏ အဓိက စစ်ဦးစီးမှူးဖြစ်သည့် အိုင်ဂေါ်ဘက်ဇ်လာကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဇူလိုင်(၁၇)ရက် လေယာဉ်ပျက်ကျမှုတွင် Boeing 777 လေယာဉ်ပေါ်မှ လူပေါင်း(၂၉၈)ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။

ဖုန်းခေါ်ဆိုမှု တစ်ခုတွင် “F—king ပဲ။ သူတို့တွေ အဲဒီနေရာမှာ ပျံမနေသင့်ဘူး။ အဲဒီမှာ စစ်ဖြစ်နေတာကွ”ဟု ပြောဆိုနေခဲ့သည်။ ထို့အပြင် လေယာဉ်ပျက်ကျပြီး မိနစ်(၄၀) အကြာတွင် Major နှင့် Grekဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွနှစ်ဦး အပြန်အလှန် ပြောဆိုနေသည့် ဖုန်းခေါ်မှုကိုလည်း SBU က ဖမ်းယူ ရရှိခဲ့ကြောင်း သိရသည်။ SBU က ထုတ်ဖော်ကြေညာသည့် ဖုန်းခေါ်ဆိုမှု နှစ်ခုစလုံးကို လွတ်လပ်စွာ စိစစ်အတည်ပြုနိုင်ခြင်းမူ မရှိသေးပေ။

ပထမ ဖုန်းခေါ်ဆိုမှုတွင် သူပုန်တပ်များ၏ ထောက်လှမ်းရေးနှင့် စစ်ဆင်ရေး ဦးစီးမှူးဖြစ်သည့် ဘက်ဇ်လာက ရုရှားထောက်လှမ်းရေး ဌာနချုပ်ရှိ ဗိုလ်မှူးကြီး အဆင့်ရှိ ဗာဆီလီ ဂီရာနင်နှင့် ဆက်သွယ် ဆွေးနွေးနေခြင်းဟု ဆိုသည်။ Kiev Post သတင်းစာက ၎င်းတို့နှစ်ဦး အပြန်အလှန် ပြောဆိုမှုကို ယခုကဲ့သို့ ဖော်ပြထားသည်။

ဘက်ဇ်လာ။ ။ ကျွန်တော်တို့ အခုလေးတင် လေယာဉ်တစ်စီးကို ပစ်ချလိုက်ပြီ။ မိုင်နာအုပ်စုဘက်က ပစ်လိုက်တာ။ ယန်နက်ကီဗိုးဘက်ကို ပျက်ကျသွားတယ်။

ဂီရာနင်။ ။ အခုလေယာဉ် ဘယ်မှာလဲ။

ဘက်ဇ်လာ။ ။ ကျွန်တော်တို့ လေယာဉ်ပျက်ကို ဓာတ်ပုံရိုက်ဖို့ သွားရှာနေတယ်။ အဲဒီဘက်က မီးခိုးတွေ ထွက်နေတယ်။

ဂီရာနင်။ ။ အချိန်ဘယ်လောက် ကြာပြီလဲ။

ဘက်ဇ်လာ။ ။ လွန်ခဲ့တဲ့ မိနစ်(၃၀)လောက်ကပါ။

SBU သည် Major နှင့် Grek ဟု အမည်ဝှက် ယူထားသူ စစ်သွေးကြွ နှစ်ဦး၏ အပြန်အလှန် ဖုန်းဆက် ပြောဆိုနေမှု မှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

Major။ ။ ချာနွတ်ခ်ဟင်တွေက လေယာဉ်ကို ပစ်ချလိုက်တာ။ ချာနွတ်ခ်ခ်ဟင်ဘက်က စစ်ဆေးရေး စခန်းတစ်ခုဘက်ကနေပဲ။ အဲဒီကော့ဆက်တွေက ချာနွတ်ခ်ဟင်နိုဘက်မှာ ရှိနေတယ်။

Grek။ ။ သိပြီ Major။

Major။ ။ လေယာဉ်က လေထဲမှာတင် ပေါက်ကွဲသွားတယ်။ ပက်ထရိုပက်ဗ်လော့ဗ်စကိုင်ရာ မိုင်းတွင်းဧရိယာဘက်မှာ။ First 200၊ ကျွန်တော်တို့ First 200 ကို တွေ့ထားတယ်။ (ယင်းသည် အရပ်သားများကို အဆိုပြုသည့် စကားဝှက်ဖြစ်သည်)

Grek။ ။ ဟုတ်ပြီ။ အခုမင်းတို့ အဲဒီမှာ ဘာလုပ်နေကြသလဲ။

Major။ ။ (၁၀၀)ရာခိုင်နှုန်း သေချာတယ်။ ဒါအရပ်ဘက် လေယာဉ်တစ်စီးပဲ။

Grek။ ။ လူအများကြီးပဲလား။

Major။ ။ Holy S—t! အပျက်အစီးတွေက ခြံဝင်းတွေထဲထိ ကျနေကုန်ပြီ။

Grek။ ။ ဘယ်လိုလေယာဉ် အမျိုးအစားလဲ။

Major။ ။ သေသေချာချာ စစ်ဆေးကြည့်လို့ မရသေးဘူး။ အဓိက နေရာတွေကို မမြင်ရသေးဘူး။ ပထမဆုံး ရုပ်အလောင်း ကျလာတဲ့ နေရာကို လောလောဆယ် စစ်ဆေးနေတယ်။ ခုံတွေ၊ အလောင်းတွေပဲ တွေ့တယ်။

Grek။ ။ လက်နက်နဲ့ ပတ်သက်တာ တစ်ခုခု ကျန်နေတာ ရှိလား။

Major။ ။ ဘာမှမရှိဘူး။ အရပ်ဘက်သုံး ပစ္စည်းတွေချည်းပဲ။ ဆေးပစ္စည်းတွေ၊ မျက်နှာသုတ်ပဝါတွေ၊ ရေအိမ်သုံး စက္ကူတွေ။

Grek။ ။ မှတ်တမ်းမှတ်ရာ တစ်ခုခု ရှာတွေ့တာ ရှိလား။

Major။ ။ တွေ့တယ်။ အင်ဒိုနီးရှား ကျောင်းသားတစ်ယောက်ရဲ့ မှတ်တမ်းတွေ။ သွမ်ဆင်က တက္ကသိုလ် တစ်ခုကတဲ့။

ယူကရိန်း အစိုးရက လေယာဉ်ကို သူပုန်များက မှားယွင်းပစ်ချကြောင်း အခိုင်အမာ စွပ်စွဲနေသော်လည်း ခွဲထွက်ရေး ပြောက်ကျား သူပုန်များက ငြင်းဆိုနေဆဲ ဖြစ်သည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ရုပ်အလောင်းများ ပြန့်ကျဲနေကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ MH-17 သည် သူပုန်တပ်များ ထိန်းချုပ်ထားသည့် ဧရိယာဘက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ပျက်ကျပြီး မိနစ်ပိုင်းမျှ အကြာတွင် လေယာဉ်ပျက်ရှိရာသို့ လက်နက်ကိုင် သူပုန်တပ်သားများ ရောက်ရှိခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: Dailymail

http://www.7daydaily.com/story/16160#.U8k15bFiFig

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...