Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်မှတ်ဈေးနှုန်း စံချိန်တင်နှုန်းထားဖြင့် ရောင်းချခဲ့သော K Pop ထိပ်တန်းအဖွဲ့2NE1 ဖျော်ဖြေပွဲသို့ ပရိသတ် တစ်သောင်းကျော် လာရောက်အားပေး

$
0
0
လက်မှတ်ဈေးနှုန်း စံချိန်တင်နှုန်းထားဖြင့် ရောင်းချခဲ့သော K Pop ထိပ်တန်းအဖွဲ့ 2NE1 ၏ ဖျော်ဖြေပွဲကို ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ပြုလုပ်ခဲ့ရာ ပရိသတ်တစ်သောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်။ ဖျော်ဖြေပွဲပြုလုပ်ချိန်ကို ည ၇ နာရီဟု သတ်မှတ်ထားသော်လည်း ပရိသတ်များမှာ ညနေ ၃ နာရီဝန်းကျင်ခန့် ကတည်းကပင် Myanmar Event Park သို့စုရုံးရောက်ရှိနေပြီး ပွဲကျင်းပမည့် ခန်းမအတွင်းသို့ ဝင်ရောက်ရန်တန်းစီ စောင့်ဆိုင်းခဲ့ကြသည်။ ခန်းမအတွင်းဝင်ပေါက်များကို ညနေ ၅ နာရီကျော်မှသာ စတင်ဖွင့်လှစ်ခဲ့ပြီး ကြည့်ရှုသည့်ပရိသတ် များပြားခြင်းကြောင့် ဝင်ပေါက်များတွင် တိုးဝှေ့ဝင်ရောက်ခဲ့ကြရသည်။ ဖျော်ဖြေပွဲတွင် လက်မှတ်များကို ဈေးနှုန်းအမျိုးမျိုးအလိုက် ခွဲခြားသတ်မှတ်ထားပြီး လက်မှတ်ဈေးနှုန်းအလိုက်ဝင်ပေါက်များကို ခွဲခြားထားခဲ့သည်။ လက်မှတ်ဈေးနှုန်းများမှာ ငွေကျပ်နှစ်သောင်းခွဲမှ ငွေကျပ်ကိုးသိန်းအထိ အစားစားသတ်မှတ် ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲများအနက် ဈေးနှုန်းအမြင့်ဆုံး သတ်မှတ်ရောင်းချခဲ့သည့် ဖျော်ဖြေပွဲလည်းဖြစ်သည်။ ဖျော်ဖြေပွဲတွင်ထိုင်ခုံ လက်မှတ်များအားလုံး အပြည့်လာရောက် ကြည့်ရှုကြပြီး ငွေကျပ်လေးသောင်းနှင့်နှစ် သောင်းခွဲတန်း မတ်တပ်ရပ်နေရာများတွင်လည်း ပရိသတ်အပြည့်နီးပါး လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဖျော်ဖြေပွဲကို ည ၇ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး ထူးခြားသည့်စတေ့ခ်ျဒီဇိုင်း၊ နောက်ခံပရိုဂျက်တာများတွင် ကွန်ပျူတာ အထူးပြုလုပ်ချက်များ၊ ထူးခြားသည့်အသံစနစ်၊ Lighting စနစ်များဖြင့်တင်ဆက်ခဲ့သည်။ စင်မြင့်တည်ဆောက်မှုအတွက် မြန်မာငွေကျပ် သိန်းနှစ်ထောင်ဝန်းကျင်ခန့် ကုန်ကျခံဆောက်လုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ 2NE1 အဖွဲ့ဝင်လေးဦးဖြစ်သည့် CL၊ Dara၊ Bom နှင့် Minzy တို့လေးဦးသည် ဖက်ရှင်ကျနသည့် ဝတ်စုံဒီဇိုင်းများဖြင့်ဝတ်ဆင်ကာ ၎င်းတို့၏ ထင်ရှားအောင်မြင်သည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ တေးသီချင်းတစ်ပုဒ်ချင်းစီတိုင်းတွင် မတူကွဲပြားသည့် နောက်ခံတင်ဆက်မှုများ၊ ကိုရီးယားအကအဖွဲ့၏အား ဖြည့်တင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့သည်။ စတေ့ခ်ျဒီဇိုင်း တစ်ခုလုံးမှာ နိုင်ငံတကာဖျော်ဖြေပွဲများ၏ တင်ဆက်မှုပုံစံအတိုင်းပင် တင်ဆက်ခဲ့ခြင်းကြောင့် မြန်မာပရိသတ်များအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။ လာရောက်ကြည့်ရှုသည့် ပရိသတ်များမှာလည်း 2NE1 အဖွဲ့၏ တေးသီချင်းများကို လိုက်ပါသီဆိုရင်း၊ လက်များကိုဝှေ့ယမ်းကခုန်ရင်း ကြည့်ရှုအားပေးခဲ့ကြသည်။

ဖျော်ဖြေမှု၌ တေးသီချင်းသုံးပုဒ်ခန့် အပြီးတွင် 2NE1 အဖွဲ့ဝင်တစ်ဦးချင်းစီက နှုတ်ဆက်စကား ပြောကြားခဲ့သည်။ CL က မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ရခြင်းအတွက် အရမ်းစိတ်လှုပ်ရှားမိကြောင်း၊ ယနေ့ဖျော်ဖြေပွဲတွင် ယခုကဲ့သို့ လာရောက်အားပေးခြင်းသည် ၎င်းတို့ကိုအားပေးချစ်ခင်မှုကို ထုတ်ဖော်ပြသခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ Dara ကလည်း မြန်မာနိုင်ငံ၏ ဖျော်ဖြေပွဲအတွေ့အကြုံမှာ စိတ်ဝင်စားစရာ အလွန်ကောင်းမွန်ကြောင်း၊ မြန်မာပရိသတ်များအားလုံးနှင့် တွေ့ဆုံရခြင်းအတွက်လည်း ပျော်ရွှင်မိကြောင်း၊ ယခင်နေ့ညပိုင်းတွင် မြန်မာနိုင်ငံ၏ ထင်ရှားသည့် ရွှေတိဂုံဘုရားသို့ သွားရောက်ဖြစ်ခဲ့ကြောင်းကို ပြောကြားခဲ့သည်။ ကျန်အဖွဲ့ဝင်နှစ်ဦးဖြစ်သော Bom နှင့် Minzy တို့ကလည်း ၎င်းတို့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုရသည်ကို ကျေနပ်လိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဖျော်ဖြေပွဲတွင် အဖွဲ့လိုက်သီဆိုမှုအပြင် CL ကလည်းတစ်ဦးတည်း သီဆိုဖျော်ဖြေမှုကို ပြုလုပ်ခဲ့သည်။ ဝတ်စုံလေးကြိမ်ခန့် လဲခဲ့ပြီးနောက် ဝတ်စုံလဲချိန်များတွင် ပရိုဂျက်တာဖြင့်၎င်းတို့၏ တေးသီချင်းများကို ပြသထားခဲ့သည်။ ဖျော်ဖြေပွဲ၏ နောက်ဆုံးအပိုင်းအဖြစ် ၎င်းတို့၏ အအောင်မြင်ဆုံးတေးသီချင်း I am the best သီချင်းကို သီဆိုပြီးနောက် နောက်ဆုံးတေးသီချင်း နှစ်ပုဒ်ကိုသီဆိုကာ နှုတ်ဆက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်ဖျော်ဖြေပွဲကို ည ၈ နာရီခွဲဝန်းကျင်တွင် ပြီးဆုံးစေခဲ့ကာ အဖွဲ့ဝင်များအားလုံးက ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။

2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ world tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက် ရှိကြောင်းသိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL ၊ Bom ၊ Dara ၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အမျိုးသမီး အဆိုရှင်လေးဦးဖြင့် ဖွဲ့စည်းထားသည့် 2NE1 KPop Girl Band အဖွဲ့သည် “I Don't Care”၊ “I am the Best” တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။ 2NE1 အဖွဲ့၏ တေးသီချင်းများသည် မြန်မာလူငယ်များကြားတွင်လည်း ထင်ရှားအောင်မြင်သည့် တေးသီချင်းများဖြစ်ပြီး မြန်မာပရိသတ် ကြိုက်နှစ်သက်မှု များပြားသည့် K Pop အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven media group

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>