Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တတိယလှိုင်း အလုပ်ဖြစ်မလား

$
0
0

http://www.7daydaily.com/
တတိယလှိုင်းဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေး အစည်းအဝေးတွင် တက်ရောက်မိန့်ခွန်းပြောကြားသည့် သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဆိုက်ဘ်)

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးဆိုသည့် ဂါထာကို မန်းမှုတ်ကာ သမ္မတအိမ်တော်ပေါ် တက်လာခဲ့သည့် သမ္မတဦးသိန်းစိန်က ၎င်း၏ လက်ကျန်သက်တမ်း တစ်နှစ်ကျော်ကျော် အချိန်လေးအတွင်းမှာ တတိယလှိုင်းလှုပ်ရှားမှုဟုဆိုကာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတစ်ခု စတင်လိုက်သည်။ သမ္မတတာဝန်ယူစဉ် အချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးသမားတစ်ယောက်အဖြစ် မျက်နှာပန်းလှကာ နိုင်ငံတကာမျက်နှာစာတွင်ပါ လက်ခံထားကြသည့် သမ္မတဦးသိန်းစိန်သည် သူ့သက်တမ်း သုံးနှစ်ခွဲကျော်လာသည့်တိုင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ အားရဖွယ်မရှိခဲ့သေးဟု ဆိုရမည်။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဟု ကြွေးကြော်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထူထောင်ကာ ဦးနေ၀င်းက နိုင်ငံကို ၂၆ နှစ်ကြာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီးနောက် မည်သည့်လမ်းစဉ်မျှ ချမှတ်ခြင်းမရှိသည့် စစ်အာဏာရှင်စနစ်ဖြင့်လည်း စစ်တပ်ကပင် ၂၂ နှစ်ကျော် နိုင်ငံကိုအုပ်ချုပ်ခဲ့ကြသည်။ ထို့နောက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟုဆိုကာ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင်၍ နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် တင်ခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏ ပထမလှိုင်းလှုပ်ရှားမှုအဖြစ် ခေတ်ဟောင်း၊ စနစ်ဟောင်းတစ်ခုမှ ခေတ်သစ်စနစ်သစ်တစ်ခုဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ပြီး ဒုတိယလှိုင်းအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှုတို့ကို မဟာဗျူဟာလုပ်ငန်းစဉ်အဖြစ် ချမှတ်အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်ဟု သမ္မတက ဇွန်၁၀ ရက်က ၎င်းအိမ်တော်တွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး လမ်းညွှန်မှာကြားခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

ယခုတတိယလှိုင်းအဖြစ် ‘‘ကျွန်တော်တို့အစိုးရအတွက် တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု(Third Wave)အဖြစ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရန် ရေရှည်အတွက် အခြေခံအုတ်မြစ် ခိုင်မာအောင် ချမှတ်ရမယ့်အပိုင်းနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားဦးစားပေးလိုအပ်ချက်တွေကို ချက်ချင်းဆောင်ရွက်ပေးရမယ့် အပိုင်းနှစ်ပိုင်းတို့ကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လမ်းညွှန်မှာကြားခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

သို့သော် ယခင်ချမှတ်ခဲ့သည့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့၏ အသီးအပွင့်များကို မြင်သာထင်သာစွာ ခံစားရခြင်းမရှိသေးသဖြင့် သမ္မတ၏ ယခုတတိယလှိုင်းသည်လည်း အလုပ်ဖြစ်မည်၊ မဖြစ်မည်ကို နိုင်ငံရေးလေ့လာသူများနှင့် နိုင်ငံသားများက စောင့်ကြည့်နေကြသည်။

လှိုင်းများ၏ သဘောတရားအရ ပထမနှင့် ဒုတိယတို့က အားနည်းနေပါက တတိယသည်လည်း အားကောင်းလာဖွယ်မရှိကြောင်းနှင့် နောက်ဆုံးလှိုင်းအားကောင်းစေရန်အတွက် ရှေ့လှိုင်းများကလည်း အားကောင်းရန်လိုသည်ဟု နိုင်ငံရေးဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)က ပြောသည်။

‘‘ပြည်ထောင်စုအစိုးရက ဘယ်လှိုင်းတွေမှာ ဘယ်လောက်အထိ လုပ်ခဲ့တယ်ဆိုတာ လှိုင်းတစ်ခု ပြီးတိုင်းပြီးတိုင်းမှာ ပြန်ပြီးဆန်းစစ်တာ(Accessment) လုပ်တာမရှိဘူး’’ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပြောဆိုသည်။

ဦးသိန်းစိန်လက်ထက် ပထမလှိုင်းဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်ဟူသည့် လှိုင်းသည်ပင်လျှင် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပီပီပြင်ပြင် အကောင်အထည်ပေါ်လာခြင်း မရှိသေးပေ။

နိုင်ငံရေးသမားများ၊ တိုင်းရင်းသားအင်အားစုများက ဒီမိုကရေစီစနစ် ပီပီပြင်ပြင် အကောင်အထည်ဖော်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးတို့အား တောင်းဆိုနေခြင်းကပင် ပထမလှိုင်းအားနည်းနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် လွှတ်တော်များအတွင်း မဲဆန္ဒနယ် လက်ကိုင်မရှိသည့် တပ်မတော်သားကိုယ်စားလှယ်များ ခပ်တည်တည်ဝင်ထိုင်နေခြင်းကလည်း ဒီမိုကရေစီသရုပ်ပျက်အဖြစ် သတ်မှတ်ကြသည်။

ဒုတိယလှိုင်းဖြစ်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်စေရန်၊ ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုတို့တွင်လည်း လက်ရှိနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုထက် နှေးကွေးနေသည်ကို ကြည့်ခြင်းဖြင့် အောင်မြင်မှုအားနည်းနေသည်ကို တွေ့နိုင်မည်ဖြစ်သည်။

‘‘စီးပွားရေးက နိုင်ငံရေးထက်တောင် နှေးနေသေးတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုအနေအထားက သေသေချာချာ မရှိသေးဘူး။ အခြေခံအဆောက်အအုံ မရှိသေးဘူး။ လိုအပ်ချက်တွေ သေသေချာချာ မလုပ်ပေးနိုင်သေးဘူး’’ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောသည်။

ထို့အပြင် အစိုးရယန္တရား တိုးတက်ကောင်းမွန်စေရန် ဆိုရာတွင်လည်း အစိုးရ၀န်ထမ်းများ၏ ပြည်သူ့အပေါ် ဆက်ဆံမှုများသည် အချို့နေရာများတွင် ခေတ်ဟောင်းစနစ်ဟောင်းနှင့် ကွာခြားခဲ့ပြီဖြစ်သော်လည်း အချို့နေရာများတွင် ကွာခြားမှု မည်သို့မျှမရှိသေးသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်က သူ၏မိန့်ခွန်းတစ်ရပ်တွင် ကြိုးနီစနစ်ကို တိုက်ဖျက်ရမည်ဟု ပြောကြားထားသော်လည်း ဌာနတော်တော်များများသည် ကြိုးနီစနစ်ကိုပင် မက်မောစွာ ဖက်တွယ်ထားနေဆဲဖြစ်သည်။

ဌာနဆိုင်ရာ ဆက်ဆံရေးများတွင် အောက်ခြေအဆင့်ဆင့်၌ နဂိုအတိုင်းပင်ရှိသေးပြီး အထူးသဖြင့် နယ်ဘက်မှ အာဏာပိုင်များ၏ သဘောထားသည် ယခင်အတိုင်းပင် ရှိနေသေးသည်ဟု ဦးအောင်မိုးဇော်ကပြောသည်။

‘‘နိုင်ငံမှာ အဓိကကျတဲ့ပြဿနာက အုပ်ချုပ်ရေးယန္တရားပြောင်းလဲမှု ပီပီပြင်ပြင် ဖော်ပြနိုင်စွမ်းမရှိသေးဘူး။ တရားဝင်လာဘ်စားလို့ရတဲ့ နိုင်ငံဖြစ်နေတယ်။ ရဲတွေက ပြည်သူတွေကို တင်းပြည့်ကျပ်ပြည့် ကူညီဖို့မပြောနဲ့၊ ဖမ်းရုံဆီးရုံအပြင် မပိုသေးဘူး’’ဟု ဦးထင်လင်းဦးကပြောသည်။

အထက်ပါအချက်များသည် သမ္မတ၏ ပထမလှိုင်းနှင့် ဒုတိယလှိုင်းလှုပ်ရှားမှုများတွင် ပီပြင်မှုမရှိသည့်အရာများထဲမှ အချက်အနည်းငယ်ပင်ဖြစ်သည်။ ထိုပြုပြင်ပြောင်းလဲမှုများ မပီပြင်သေးချိန်မှာပင် ပြည်တွင်းစစ်၊ ပဋိပက္ခများကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အဟန့်အတားဖြစ်နေစေသည်။

သမ္မတကိုယ်တိုင်ကတော့ သူ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ်တွင် ယုံကြည်မှုအပြည့်အ၀ရှိပုံရသည်။ သြဂုတ် ၉ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီအား သမ္မတက မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါအောင်မြင်မှုများကို အခြေခိုင်ရန် အကူအညီပေးသင့်ကြောင်း သမ္မတနှင့် ဂျွန်ကယ်ရီတို့ သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

‘‘နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တတိယအဆင့်ဆိုတာကတော့ ပေါ်လစီတစ်ခု ချမှတ်အကောင်အထည်ဖော်တာပါပဲ။ အောင်အောင်မြင်မြင် ပြီးသွားနိုင်မယ်၊ မသွားနိုင်ဘူးဆိုတာကတော့ ရှေ့ကဟာတွေကလည်း ၁၀၀ ရာခိုင်နှုန်း ပြီးမြောက်ခဲ့တာ မရှိသေးဘူး’’ဟု သတင်းစာဆရာ ဦးသီဟစောက သမ္မတ၏တတိယလှိုင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ထို့ကြောင့် ရှေ့တွင် ချမှတ်ထားသည့် ပထမနှင့် ဒုတိယလှိုင်းများ အကောင်အထည်ဖော်မှုတွင် အားနည်းချက်များ၊ လိုအပ်ချက်များ၊ မပီပြင်မှုများ ရှိနေခဲ့သဖြင့် ကျန်သက်တမ်းတွင် အကောင်အထည်ဖော်မည့် တတိယလှိုင်းသည်လည်း မည်သို့မည်ပုံ ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>