Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းသာ ရောင်းချရသေးပြီး ၆၀ ရာခိုင်နှုန်းအထိ ရောင်းချမည့်ကိစ္စ ပြန်စဉ်းစားနေရဟု ဦးတေဇဆို

$
0
0
AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုသာ ယခုအချိန်ထိရောင်းချ ရသေးပြီး ၆၀ ရာခိုင်နှုန်းအထိရောင်းချ မည်ဆိုသည့်ကိစ္စမှာ ပြင်ပထွက်ရိုက်ခတ် နေသော သတင်းစကားများကြောင့် ပြန် လည်စဉ်းစားသွားရမည်ဟု အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်ဥက်္ကဋ္ဌ ဦးတေဇက ပြော သည်။

AGD ဘဏ်၏ ရှယ်ယာများကို အာဏာရှင်ဟောင်းဦးနေ၀င်း၏ မြေးဖြစ်သူ ကျော်န၀င်းမှ ၀ယ်ယူ ထားရှိပြီး ၈၀ ရာခိုင်နှုန်းအထိ ၀ယ်ယူသွား မည်ဟု ၎င်းတို့ဘက်မှ သတင်းထုတ်ပြန် ထားသော်လည်း ထိုသို့ ရှယ်ယာရာနှုန်း များစွာရောင်းချခြင်းပြု၊ မပြုကို သတ်မှတ် ထားရခြင်းမရှိသေးကြောင်း ဦးတေဇက ပြောသည်။

“ဗဟိုဘဏ်ကလည်း ၁၅ ရာခိုင် နှုန်းအထိပဲ ခွင့်ပြုပေးထားတယ်။ ကျွန် တော်တို့ဘက်ကတော့ ၆၀ ရာခိုင်နှုန်း လောက်ရောင်းဖို့ မျှော်မှန်းထားပေမယ့် အခုဖြစ်နေတဲ့အကြောင်းကိစ္စတွေကြောင့် ပြန်စဉ်းစားရမယ်”ဟု သြဂုတ် ၁၂ ရက်က အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သော UMFCCI ၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးပွဲသို့ တက်ရောက်လာ စဉ် သတင်းထောက်များ၏ မေးမြန်းချက် အပေါ် ၎င်းက ဖြေကြားခဲ့သည်။

AGD ဘဏ်အနေဖြင့် ထိုသို့ အစု ရှယ်ယာရောင်းချရခြင်းမှာ ၀င်ရောက်လာ သော နိုင်ငံခြားဘဏ်များနှင့် ယှဉ်ပြိုင်ရာတွင် အဆင်သင့်ရှိစေရန်အတွက် ရည်ရွယ် လုပ်ဆောင်ခြင်းသာဖြစ်ပြီး ပြင်ပတွင် ထွက်ပေါ်နေသော သတင်းစကားများကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု ၎င်းကဆိုသည်။

ထို့အတူ ထွက်ပေါ်နေသော ငွေကြေးပိုင်ဆိုင်မှုသတင်းများနှင့် ပတ် သက်၍ သံသယဖြစ်သူများ အနေဖြင့် အထောက်အထားဖြင့် တရားရုံးမှတဆင့် ဖြေရှင်းဖို့ကိုလည်း ၎င်းင်းက တိုက်တွန်းခဲ့ သည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...