Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တိုင်းပြည်တည်ငြိမ်ပြီး အေးအေးချမ်းချမ်းရှိကာ ပြည်သူတွေကလဲ သဘောကျသည်ဆိုပါက မည်သူပဲတက်တက် တက်စေချင်ကြောင်း သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်တွင် ပြောကြား

$
0
0
တိုင်းပြည် တည်ငြိမ်ပြီး အေးအေးချမ်းချမ်း ရှိကာ ပြည်သူတွေကလဲ သဘော ကျသည်ဆိုပါက မည်သူပဲ (သမ္မတ အဖြစ်) တက်တက် မိမိအနေဖြင့် တက်စေချင်ကြောင်း၊ မိမိ၏ ဆန္ဒ အမှန်မှာ အနားယူလိုခြင်းသာဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ဥရောပသုံးနိုင်ငံခရီး ဒုတိယ မြောက်ခရီးစဉ်အဖြစ် ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့သို့ရောက်ရှိစဉ် ပြော ကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တော် ရှိ Bellevue Palace ဟိုတယ်တွင် ဆွစ်ဇာလန် သတင်းဌာန NNZ News နှင့်တွေ့ဆုံစဉ် နောက်သက် တမ်းတွင် သမ္မတဝင်အရွေးခံဦးမည် လားဟု အင်န်ဇက်ဇက်သတင်းထောက် ၏ အမေးကို နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်သည်။

''ဒီမေးခွန်းကို တော်တော်များ များဖြေဆိုခဲ့ရပါတယ်။ ကျွန်တော် သဘောထားအရဆိုရင် ကျွန်တော် အငြိမ်းစားယူချင်ပါတယ်။ နားချင် ပါတယ်။ သို့သော်လဲပဲ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ကြည့်ရပါဦးမယ်။ ဘာဖြစ် လို့လဲဆိုရင် တိုင်းပြည်ရဲ့တာဝန်ကို ဒီကနေ့ ကျွန်တော်တာဝန်ယူထားရ လို့ဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး အေးအေးချမ်းချမ်းဖြစ် မယ်။ ပြည်သူတွေကလဲ သဘောကျ တယ်ဆိုရင် ဘယ်သူပဲတက်တက် ကျွန်တော်ကတော့ တက်စေချင်ပါ တယ်။ ကျွန်တော်ကတော့ နားချင် ပါတယ်။ သို့သော်လဲပဲ တစ်ဖက်က တိုင်းပြည်ရဲ့ အခြေအနေကို ပြန် ကြည့်ရဦး မှာဖြစ်ပါတယ်''ဟု နိုင်ငံ တော်သမ္မတက ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က သူ့အနေ ဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အ ပစ်အခတ်ရပ်စဲအပြီးတွင် Political Dialogue များလုပ်သွားမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဦး တည်ဆောင်ရွက်သွားမည်ဟုလည်း သတင်းဌာနကိုပြောကြားသည်။

မြန်မာ-တရုတ်ဆက်ဆံရေး နှင့်ပတ်သက်သော မေးခွန်းကို ဖြေ ကြားရာတွင်လည်း အနောက်နိုင်ငံ များနှင့်ကူးလူးဆက်ဆံမှုများ ရှိနေ သည်ကို တရုတ်နိုင်ငံအနေဖြင့် မကြိုက်တာမရှိကြောင်း ဖြေကြား သည်။

''တရုတ်နဲ့မြန်မာဟာ ကီလိုမီ တာတစ်ထောင်ကျော် နယ်နိမိတ် ချင်းထိစပ်နေပါတယ်။ နှစ်နိုင်ငံပြည် သူအချင်းချင်းဟာ နေ့စဉ်ကူးလူး ဆက်ဆံနေကြပြီး မြန်မာနိုင်ငံရဲ့အိမ် နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လဲ ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့အခါ ပိုမိုပွင့်လင်း လာပြီး အရှေ့အနောက်ခွဲခြားမှုမရှိ ဘဲ နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ကြည် စွာ ဆက်ဆံနေပါတယ်။ အဲသလို ဆက်ဆံလို့လဲ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သဘော ထားပြောင်းလဲသွားမှာ မဟုတ်ပါ ဘူး''ဟု သမ္မတဦးသိန်းစိန်က ပြော ကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ယင်းနေ့နံနက် ၉နာရီ ၅မိနစ် တွင် Bern Historical Museum အတွင်းရှိ နာမည်ကျော်သိပံ္ပပညာ ရှင် အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein)ပြတိုက်သို့ သွားရောက် လေ့လာခဲ့သည်။ အဆိုပါပြတိုက် တွင် အိုင်းစတိုင်း တီထွင်ဖော်ထုတ် မှုများကို မှတ်တမ်းပြုပြသထားသည်။ အိုင်းစတိုင်းသည် ထင်ရှားသည့် ရီ လေတီဗီတီသီအိုရီ E=MC2 ကို ရှာ ဖွေတွေ့ရှိခဲ့သူဖြစ်ပြီး အဆိုပါသီအိုရီ ကို ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တွင်ရှိနေ စဉ် ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သ ဖြင့် ဘန်းမြို့သည် အထင်ကရဖြစ်ခဲ့ ပြီး အိုင်းစတိုင်းပြတိုက်ကို ၂ဝဝ၅ခု နှစ်တွင် ဘန်းမြို့၌ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

နံနက် ၁ဝနာရီတွင် Bern Historical Museum တွင် ဆွစ်ဇာ လန်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍ လေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် တတိယမြောက် ဥရောပခရီး စဉ်အဖြစ် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ်သွား ရောက်စဉ် စက်တင်ဘာ ၅ရက်က ညနေပိုင်း(မြန်မာစံတော်ချိန် ည ၁ဝနာရီခန့်)တွင် ဆွစ်ဇာလန်သမ္မတ H.E Didier Burkhalter နှင့် သီး သန့်တွေ့ဆုံရန်ရှိပြီး ဆွစ်ဇာလန်ဂုဏ် ပြုတပ်ဖွဲ့၏ ကြိုဆိုအလေးပြုမှုကို ခံယူမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်၏ ဆွစ်ဇာ လန်နိုင်ငံသို့ တရားဝင်အလည်အပတ် ရောက်ရှိနေသောခရီးသည် ဆွစ်ဇာ လန်က မြန်မာ့ဒီမိုကရေစီအကူး အပြောင်းအား တက်ကြွစွာထောက် ခံပံ့ပိုးပေးနေခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။ ဆွစ်စ်ကွန်ဖက်ဒရေးရှင်း သမ္မတဒစ်ဒီယာဘာခယ်လ်တာနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးရာတွင် ဆွစ်ဇာ လန်က မြန်မာအား ထောက်ခံပံ့ပိုးပေး ရေးကိစ္စနှင့် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးကိစ္စများကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံတွင် ၂ဝ၁၅ခုနှစ်၌ ကျင်းပ မည့် သမ္မတနှင့် ပါလီမန်ရွေးကောက် ပွဲကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအေး ချမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေးအကြောင်း များကိုလည်း ဆွေးနွေးကြမည်ဟု ဆွစ်စ်ကွန်ဖက်ဒရေးရှင်းအစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံတို့ သည် ၁၉၅၇ခုနှစ်တွင် သံတမန် ဆက်သွယ်ရေးစတင်ခဲ့ပြီး ကောင် စစ်ဝန်ရုံးများ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် သံရုံးအဆင့် တိုးမြှင့်ခဲ့ သည်။ ၁၉၇၁ခုနှစ်တွင် ဆွစ်ဇာလန် နိုင်ငံဘန်းမြို့တွင် မြန်မာသံရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် တွင် စတင်ကာ ဘဏ်လုပ်ငန်းကဏ္ဍ ဆက်သွယ်မှုရှိခဲ့ပြီး ၁၉၇၃ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၌ မြန်မာကျောက် မျက်ရတနာ ရောင်းချသော ဆွစ် ကုမ္ပဏီတစ်ခု ဖွင့်လှစ်ခဲ့သည်။

လွန်ခဲ့သော ၁ဝစုနှစ်နှစ်ခုအ တွင်း ဆွစ်ဇာလန်အစိုးရမှ လူသား ချင်းစာနာသော အကူအညီများပေး ခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး အ တွက် ဆွစ်ဖရန့်ငွေ ၃သန်းမှ၅သန်း အထိ ပေးခဲ့သည်။ နာဂစ်ဖြစ်ပွားချိန် တွင်လည်း ဆွစ်ဖရန့်ငွေ ၄ ဒသမ ၅ သန်း ထောက်ပံ့ကူညီခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသည် မြန်မာ နိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ ကန့်သတ်မှုများကို ၂ဝ၁၂ခုနှစ် မေ လ ၉ရက်တွင် ရုပ်သိမ်းပေးခဲ့သည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>