Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်မှတ် ၅သန်းနီးပါး လွှတ်တော်မရောက်တဲ့ကိစ္စ ဦးဉာဏ်ဝင်းပယ်ချ(ရုပ်-သံ)

$
0
0

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ ၅သန်းနီးပါးရဲ့ ထောက်ခံထားတဲ့ လက်မှတ်တွေ လွှတ်တော်ကို တရားဝင် ရောက်မလာဘူးလို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်မောင်မြင့်ရဲ့ ပြောဆိုချက်ကို NLD ပါတီက စက်တင်ဘာ ၆ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ လက်မှတ် ၅သန်းနီးပါး လွှတ်တော်ကို ဘာလို့မရောက်တာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်တို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးက ပြည်သူ ၅သန်းနီးပါးရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံထားတဲ့ လက်မှတ်တွေကို လွှတ်တော်ကို ရောက်တယ်လို့ NLD က ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။ ဒီလက်မှတ် ၅သန်းကို ဂရုစိုက်တာ မစိုက်တာဟာ သူတို့သဘောပဲလို့ တုံ့ပြန်လိုက်ပြီး တရားဝင်ပေးပို့ထားတာကြောင့် လက်ခံချင်ဘူးဆိုရင် တရားဝင် ထုတ်ပြောပါလို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်းဆိုချက်ကို လွှတ်တော်က အသိအမှတ်မပြုရင်တော့ နောက်ထပ်နည်းလမ်းတွေ စဉ်းစားရမယ်လို့ ဆိုပါတယ်။ လက်မှတ် ၅သန်းနီးပါးကိစ္စ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကတော့ လွှတ်တော်အပေါ် သက်ရောက်မှုရှိမယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ၁၁ပါတီတို့ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ PRရွေးကောက်ပွဲစနစ်အကြောင်း တံခါးပိတ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌက ဖွဲ့စည်းပုံနဲ့ PR အရေး ဘုံသဘောတူညီချက်တော့ မရသေးတဲ့အကြောင်းနဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး မဖိတ်ကြားသေးဘူးလို့ ပြောပါတယ်။

တစ်လတစ်ကြိမ် ပုံမှန်ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ကမန်အမျိုးသားတိုးတက်ရေး၊ ကရင်ပြည့်သူပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်းပလောင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

ုKamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>