Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကန်တော်မင်္ဂလာပန်းခြံအား ဆရာတော်ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုမည်

$
0
0
ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်း ရှိ ကန်တော်မင်္ဂလာပန်းခြံအား ဆ ရာတော်ဦးဥတ္တမပန်းခြံအဖြစ် ပြန် လည်သတ်မှတ်ပေးရန် ရခိုင်တိုင်း ရင်းသားများ စုပေါင်းတောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

''ဆရာတော်ဦးဥတ္တမ စိန်ရတု ပွဲမှာ ကန်တော်မင်္ဂလာပန်းခြံကို ဆ ရာတော့်ကိုဂုဏ်ပြုသောအားဖြင့် ဦး ဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ် မှတ်ပေးဖို့ ဆန္ဒပြုတောင်းဆိုကြမယ်။ တစ်ယောက်က သမိုင်းကြောင်းကိုဖတ် ပြမယ်။ ကျန်နှစ်ယောက်က ထောက် ခံမယ်။ ရှေ့ဆက်ပြီး နိုင်ငံတော်အစိုးရ ကို ဆက်လက်တင်ပြတောင်းဆိုဖို့ရှိ ပါတယ်''ဟု (၇၅)နှစ်မြောက်စိန်ရတု သဘင် ဆရာတော်ဦးဥတ္တမပွဲ ဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက် တာစံလှကျော်က ပြောသည်။

အဆိုပါတောင်းဆိုချက်ကို စက် တင်ဘာ ၉ရက် (၇၅)နှစ်မြောက် စိန် ရတုသဘင် ဆရာတော်ဦးဥတ္တမပွဲ တွင် တင်ပြတောင်းဆိုခဲ့ပြီး ရှေ့ဆက် ၍ နိုင်ငံတော်အစိုးရထံ တင်ပြတောင်း ဆိုသွားမည်ဖြစ်သည်။
ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမသည် ရခိုင်တစ်မျိုးသားတည်း ၏ အကျိုးကိုသာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ့လွတ်လပ်ရေးမီးရှူး တန်ဆောင်ဖြစ်၍ ဦးဥတ္တမနေ့ပွဲကို တိုင်းရင်းသားအားလုံးအား ဖိတ်ကြား ခဲ့ကြောင်း သိရသည်။

''ဆရာတော်က မြန်မာတစ်မျိုး သားလုံး လွတ်လပ်ရေးရဖို့ဖော်ဆောင် ခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့တွေကို တော် လှန်တဲ့စိတ်၊ သတ္တိစိတ်ရှိအောင် နိုင်ငံ ရေးမျက်စိဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် မို့ မြန်မာတစ်မျိုးသားလုံး ဆရာတော် ကို ဂါရဝပြုသင့်ပါတယ်။ ဦးဥတ္တမ နေ့ပွဲကိုလဲ ရခိုင်တိုင်းရင်းသားတွေ သာမက တိုင်းရင်းသားအားလုံးကို ဖိတ်ကြားထားပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ကန်တော်မင်္ဂလာပန်းခြံကို ဦး ဥတ္တမပန်းခြံအဖြစ် ပြောင်းလဲသတ် မှတ်ပေးပါက နိုင်ငံအတွက် အကျိုး မယုတ်ဘဲ နိုင်ငံတော်ကချမှတ်ထား သော မူဝါဒများကို ဖော်ဆောင်ရာ ရောက်မည်ဖြစ်သည်။

''ဆရာတော်ဦးဥတ္တမပန်းခြံအ ဖြစ် အရင်အတိုင်း သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အဲဒီလို သတ်မှတ်ပေးလို့ နိုင်ငံတော်အတွက် အကျိုးမယုတ်ပါဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင် ရာရောက်တယ်။ သံဃာတော်တွေကို စိတ်ကျေနပ်မှုရစေမယ်။ ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ရာရောက်တယ်''ဟု ဆရာတော်ဦးဥတ္တမပွဲဖြစ်မြောက် ရေးကော်မတီမှ ရခိုင်တိုင်းရင်းသူ ဒေါ်အေးအေးစံက ပြောသည်။

ဆရာတော်ဦးဥတ္တမပန်းခြံအား ၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရလက် ထက်တွင် ကန်တော်မင်္ဂလာပန်းခြံ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဦးဥတ္တမနေ့အခမ်းအနားကို ခမ်း ခမ်းနားနားဖြင့် ကျင်းပခဲ့သည်မှာ နှစ် နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီး ၂ဝ၁၃ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့ကြောင်းသိရသည်။

ယခု ၂ဝ၁၄ ခုနှစ် (၇၅) နှစ် မြောက်စိန်ရတုပွဲကို ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန မှကြီးမှူး၍ ရခိုင်အသင်းအဖွဲ့များ (ရန်ကုန်)၊ ရခိုင်အမျိုးသားရေးအင် အားစုများ၊ ရန်ကုန်လူမှုအဖွဲ့အစည်း ကွန်ရက်များမှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၉ရက်တွင် Myanmar Convention Center (MCC) ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၃၅)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>