Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာလွှတ်တော်တွေ ဘာ့ကြောင့် ပွင့်လင်းမြင်သာမှု မရှိကြတာလဲ (ရုပ်-သံ)

$
0
0

၂ဝ၁၁ခုနှစ် နှစ်ဆန်းက စတင်အသက်ဝင်လာခဲ့တဲ့ လွှတ်တော်တွေ ပွင့်လင်းမြင်သာမှုရှိဖို့ တကယ်ပဲ လိုနေသေးသလား။ NLD နဲ့ တိုင်းရင်းသားပါတီတွေကတော့ လွှတ်တော်တွေဟာ ပွင့်လင်းမြင်သာမှု တကယ်ရှိဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ရမယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံပြင်ရင် လွှတ်တော်တွေ ပွင့်လင်းမြင်သာမှု ရှိသွားမှာလား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲဝင်လာပြီးတဲ့နောက်မှာတော့ လွှတ်တော်ဟာ အတိုင်းအတာတစ်ခုအသက်ဝင်လာပေမယ့် ၂ဝ၁၅ နီးလာချိန် အာဏာရပါတီကလူတွေက စိုးရိမ်စိတ်တွေနဲ့ နောက်ပြန်လှည့်လာတဲ့သဘော ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က ပြောပါတယ်။

အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းဖြစ်တဲ့ လွှတ်တော်နဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်လာတာစာ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်ဖြစ်ပြီး အစပိုင်းမှာ လွှတ်တော်တွေမှာ လိုအပ်ချက်ရှိပေမယ့် အခုတော့ ပွင့်လင်းမြင်သာလာပြီလို့ ဦးသာဝင်းက ပြောပါတယ်။

လွှတ်တော်ပွင့်လင်းမြင်သာရေး (မြန်မာ) ဆွေးနွေးပွဲကို စက်တင်ဘာ ၂ဝရက်နေ့က ရန်ကုန်မြို့ ပွင့်လင်းမြန်မာရှေ့ဆောင်ရုံးမှာ ကျင်းပခဲ့ပြီး ပါလီမန်ခေတ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ်နဲ့ ဒီကနေ့ခေတ် လွှတ်တော်တွေ ပွင့်လင်းမြင်သာမှုအခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ဦးကိုကိုကြီးက လွှတ်တော်ဟာ လူထုနဲ့ အလှမ်းဝေးတဲ့နေရာဒေသမှာ ရှိနေပြီး ဘက်ဂျက်အစီရင်ခံစာတွေမှာ လျှို့ဝှက်နဲ့ ကန့်သတ်ဆိုပြီး လုပ်ထားတာ မဖြစ်သင့်ဘူးလို့ ထောက်ပြပါတယ်။

လက်ရှိ လွှတ်တော်တွေဟာ လူထုလိုလားချက်တွေကို ရောင်ပြန်မဟပ်နိုင်သလို လွှတ်တော်တွေ ပွင့်လင်းမြင်သာမှုရှိဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ကိုပြင်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ခွန်ထွန်းဦးက ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေရဲ့ ပွင့်လင်းမြင်သာမှုက အင်မတန်အားနည်းနေပြီး ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုကို ပြည်နယ်တိုင်းလွှတ်တော်ဥက္ကဌတွေ ခံနေရတာကြောင့် ထင်သလောက် မလွတ်လပ်ကြဘူးလို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။ လွှတ်တော်ဥက္ကဌတွေဟာ အုပ်ချုပ်ရေးမျက်နှာကိုမကြည့်ဘဲ သတ္တိရှိရှိဆောင်ရွက်မယ်ဆို ပွင့်လင်းလာနိုင်ပေမယ့် အဓိကပြဿနာဟာ လူကြောင့်ဖြစ်ပြီး ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌဖြစ်ခဲ့တဲ့ ဦးဆန်းဆင့် အခုဘယ်လိုဖြစ်သွားလဲဆိုတာကို

http://kamayutmedia.com

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>