Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၀ ရာခိုင်နှုန်းကို တရုတ်ပိုင်ဆိုင်ထား

$
0
0
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ယခုဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော ပမာဏ၏ ထက်ဝက် ကျော်ဖြစ်သော အမေရိကန်ဒေါ် လာ သုံးဘီလီယံကျော်ဝင်ရောက်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှု တဟုန်ထိုးကျဆင်းသွားခြင်းကို စတမ်ဆန်အစီရင်ခံစာ၌ မှတ်တမ်းများဖြင့်ဖော်ပြထားရာ ၂၀၀၈ -၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၃၀၀ ကျော် ရှိခဲ့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် တွင် ဒေါ်လာ ၄၀၇ သန်းသာကျန် ပြီး ယင်းပမာဏသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွက် ရင်းနှီးမြှပ်နှံမှု အများဆုံးနေရာတွင် ရှိနေသေးသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို ကန်ဒေါ်လာ ငါးဘီလီယံဝင်ရောက်ရန် မျှော်မှန်းထားပြီး ဧပြီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက် ၅ လ တာကာလအတွင်းပင် ကန်ဒေါ် လာ ၃.၃၂၅ ဘီလီယံဝင်ရောက်ပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနှီုဃဗ မှ ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦး၏ ပြောပြချက်အရသိရ သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာတွင် အထည်ချုပ်လုပ်ငန်းမှာ အများဆုံး ဖြစ်နေပြီး ခဲ၊ သတ္တုလုပ်ငန်းများတွင် လည်း ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် ထားကြောင်း၊ မြန်မာနိုင်ငံတွင် တ ရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံ မှုသုံးခုမှာ မြစ်ဆုံရေကာတာ၊ လက် ပံတောင်းကြေးနီစီမံကိန်းနှင့် တရုတ် -မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ် ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသို့ဝင် ရောက်လာသော ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။

ရာစုသစ်
The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...