Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ငြိမ်းချမ်းရေးနေ့လမ်းလျှောက်လို့ ပုသိမ်မှာ ပုဒ်မ ၁၈နဲ့ အရေးယူပြီ (ရုပ်-သံ)

$
0
0

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွေကို မြန်မာတစ်နိုင်ငံလုံးမှာ ကျင်းပခွင့်ကို မြန်မာအစိုးရက တရားဝင်ခွင့်ပြုပေးထားပေမယ့် ဧရာဝတီတိုင်း ပုသိမ်မှာတော့ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ချီတက်သူတွေကို ပုဒ်မ ၁၈နဲ့ အရေးယူနေပါတယ်။ ဦးအောင်မင်းညွှန်ကြားချက် ပုသိမ်မြို့အာဏာပိုင်တွေ လက်မခံဘူးလား။

ပုသိမ်မြို့မှာ လူငယ်ကွန်ရက်အဖွဲ့ဝင် ၁ဝဝကျော်ဟာ မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းရေး ဆုတောင်းမှုတွေ လုပ်ခဲ့ပြီး ပုသိမ်မြို့အနှံ့မှာ လမ်းလျှောက်ချီတက်ပြီး ကဗျာတွေ ရွတ်ခဲ့ပါတယ်။ ပုသိမ်တက္ကသိုလ် မရောက်ခင်မှာ ပုသိမ်ခရုင်ရဲတပ်ဖွဲ့က လမ်းလျှောက်ချီတက်သူတွေကို တားဆီးပြီး လူစုခွဲခိုင်းခဲ့ပါတယ်။ စက်တင်ဘာ ၂၂ရက်နေ့ မနက်မှာတော့ ပုဒ်မ ၁၈နဲ့ ဦးဆောင်သူ ၃ယောက်ကို အမှုဖွင့်လိုက်ပြီလို့ အကြောင်းကြားခဲ့ပါတယ်။

လူမျိုးရေးပဋိပက္ခတွေ အဖြစ်များလာတဲ့ မြန်မာပြည်မှာ ပြည်သူတွေအကြား တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုအပ်နေတာကြောင့် မန္တလေးမှာ အချင်းချင်းကြား ခိုက်ရန်မဖြစ်စေဖို့၊ ဘာသာရေး အယူအဆကွဲပြားမှုတွေ မဖြစ်အောင် လူငယ်တွေ လုပ်ဆောင်နေပါတယ်လို့ ကိုဝင်းလွင်ကိုက ပြောပါတယ်။

ငြိမ်းချမ်းရေးဆိုတာ လူသားတွေရဲ့ နှလုံးသားကနေလာတဲ့ ငြိမ်းချမ်းမှုကသာ လူ့ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကို ငြိမ်းချမ်းစေမှာဖြစ်လို့ အားလုံးလက်တွဲပြီး ဖယ်ဒရယ်ပြည်ထောင်စုဆီ လက်တွဲသွားချင်ပါတယ်လို့ ဧရာဝတီ လူငယ်ကွန်ရက်က မအေးသွယ်သွယ်ဟန်ထွေးက ဆိုပါတယ်။
Kamayut media

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>