Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ISIS တို့ ဂျော်ဒန် စစ်လေယာဉ်ကို ပစ်ချပြီး လေယာဉ်မောင်ကို ဖမ်းဆီးထား

$
0
0

အမေရိကန်မဟာမိတ် ဂျော်ဒန်စစ်လေယာဉ်တစင်း ဆီးရီးယားနိုင်ငံအပေါ်မှ ဖြတ်သန်းမောင်းနှင်စဉ် ISIS တို့က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဖမ်းဆီးခဲ့ကြောင်း ဂျီဟတ်ဝါဒီတို့၏ ၀က်ဘ်ဆိုဒ်ပေါ်တွင် ဖမ်းဆီးခံလေယာဉ်မှူး မွဆာဖီယူဆက်ဖ်အာလ်ကာဆီယာဘီ ၏ ဓါတ်ပုံများ လွှင့်တင်ခဲ့သည်။

“ရက္ကာမြို့နာမှာ လေယာဉ်ပစ်တစင်း ပစ်ချခံရပြီး ဆီရီးယားနိုင်ငံသာမဟုတ်တဲ့ အာရပ်တဦးကို IS တို့က အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ သေချာသွားပါပြီ”ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာအဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက IS တို့လက်ခဲတွင် ပုခုံးထမ်းလေယာဉ်ပစ်ဒုံး MANPADS များရှိကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့သည်။

လွန်ခဲ့သော ၃လခန့်မှစ၍ အမေရိကန်ဦးဆောင်သော မဟာမိတ်များက IS တို့အပေါ် လေကြောင်းမှတိုက်ခိုက်မှုပြုခဲ့ပြီးနောက် ယခုဖြစ်ရပ်သည် စစ်လေယာဉ်တစီး ပထမဆုံးအကြိမ် ပစ်ချခံရခြင်းဖြစ်သည်။

IS ထိန်းချုပ်မှုအောက်က နေရာဒေသများမှ သတင်းများတင်ဆက်နေသော ရက္ကာမီဒီယာစင်တာ က အိင်္ကျီအဖြူရောင်ဝတ်ဆင်ထားသော ဖမ်းဆီးခံလေယာဉ်မှူးအား စစ်သွေးကြွ ၁၁ဦးက ၀န်းရံထားသည့် ဓါတ်ပုံကို ထုတ်ဝေခဲ့သည်။

က ဓါတ်ပုံထဲမှ လူသည် မွဆာဖီယူဆက်ဖ်အာလ်ကာဆီယာဘီ ဖြစ်ကြောင်း ၀မ်းကွဲညီအစ်ကိုတော်သူ မာဝန်အာလ်ကာဆီယာဘီ က ဂျော်ဒန်နိုင်ငံ မှနေ၍ှ AP သတင်းဌာန သို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

“ဂျော်ဒန်နိုင်ငံအနေနဲ့ လေယာဉ်မှူးရဲ့အသက်နဲ့ လုံခြုံရေးဟာ IS နဲ့ IS ထောက်ခံသူတွေရဲ့တာဝန်ဖြစ်တယ်လို့ သတ်မှတ်တယ်”ဟု ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်အား အမေရိကန်အစိုးရအနေနှင့် သိရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း ပင်တဂွန်အရာရှိတဦးက ပြောသည်။

Ref ; DailyMail

https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>