Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အချက် ၉ ချက်ပါ ကြေငြာချက် UNA ထုတ်ပြန်

$
0
0

တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ အတွက် ပြည်ထောင်စု ညီလာခံတစ်ရပ် လိုအပ်ကြောင်းနဲ့ အဲ့ဒီအတွက် အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဆောင် သွားမယ်လို့ UNA ခေါ် စည်းလုံး ညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ် အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ၃ ရက်ကြာဆွေးနွေးခဲ့တဲ့ UNA ညီလာခံကနေ အချက် ၉ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေးအတွက် ဒီနိုင် ငံရေး ဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာဖို့ အဓိကတောင်း ဆိုတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောပါတယ်။

"တောင်းဆိုတာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ကိုမလွှဲမသေလုပ်ရမယ် အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲ ကနေရရှိလာတဲ့ အကြိုရလာဘ်များပေါ်အခြေခံပြီးတော့ မှ နောင်လာမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲသွားဖို့ အဲ့ဒါအဓိကထားတောင်း ဆိုထားပါတယ်"

ကြေညာချက်ထဲမှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲဖို့ကိုလည်း တောင်းဆိုထားပါတယ်။

UNA ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ စတဲ့ပါတီ ၈ ပါတီနဲ့ဖွဲ့စည်းထားတာပါ။ ညီလာခံကိုတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်း စုစုပေါင်း ၂၅ ဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>