Yazidi women are being sexually abused by the Islamic State militants who are now in control of the Iraqi territory, the Amnesty International said in a recent report.
ဘဂ္ဂဒက် ၊ ၂၄-၁၂-၂၀၁၄
ISIS စစ်သွေးကြွ များသည် သြဂုတ်လ အတွင်းက အီရတ်နိုင်ငံ ဆင်ဂျာမြို့ ကို တိုက်ခိုက်သိမ်းပိုက် ခဲ့စဉ်က ဘာသာရေး ကိုင်းရှိုင်းသော လူနည်းစု ယာဇီဒီ သမီးပျို ရာပေါင်း များစွာကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး ၄င်းတို့ကို ဇနီးမယား အဖြစ် သိမ်းပိုက်ခြင်း ၊ ကုန်ပစ္စည်းများ ကဲ့သို့ လွှဲပြောင်း ရောင်းချခြင်း ၊ ကာမ အမြတ်ထုတ် ဖျော်ဖြေ စေခြင်းတို့ကို အတင်း အဓမ္မ စေခိုင်းနေသည့် အတွက် ဖမ်းဆီးခံ မိန်းမပျို အများအပြား မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လျက် ရှိကြောင်း Amnesty International က ယမန်နေ့တွင် အစီရင်ခံစာ ထုတ်ပြန် ခဲ့သည်။
ယာဇီဒီ မိန်းမပျို များသည် မုဒိမ်းကျင့် ခံရခြင်း ၊ ရောင်းစား ခံရခြင်း ၊ အတင်းအကျပ် လက်ထပ် ထိမ်းမြားစေခြင်း တို့နှင့် ကြုံတွေ့ နေရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ရန် ကြိုးပမ်း သူများကိုလည်း ISIS စစ်သွေးကြွ များက ကိုယ့်ကိုယ်ကိုယ် သတ်သေသူ များ၏ ဆွေမျိုးသားချင်း များအားလုံး ကို သတ်ပစ်မည် ဟု ခြိမ်းခြောက် ထားကြောင်း သိရသည်။
ISIS အကြမ်းဖက် သမားများ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ အရပ်ဘက် အမျိုးသား ဦးရေ ၅၀၀၀ ခန့်ရှိပြီး အမျိုးသမီး ဦးရေ ၇၀၀၀ ထက်မနည်း ကို ကျွန်အဖြစ် ရောင်းစားခြင်း ၊ အတင်းအကျပ် လက်ထပ်စေခြင်း ၊ မုဒိမ်းကျင့်ခြင်း တို့ကို ပြုလုပ် ခဲ့ကြသည်။ ဆင်ဂျာမြို့ သည် ISIS လက်အောက် ရောက်ရှိပြီး နောက်ပိုင်း ယာဇီဒီ မိန်းမပျို ဦးရေ ၃၀၀ ထက်မနည်း ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး Amnesty International က ၄င်းတို့အနက် ၄၂ ဦးနှင့် တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပြီးနောက် ဤ အစီရင်ခံစာကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Isis: Abducted Yazidi women and girls 'kill themselves to escape sex slavery'
Amnesty International report: Yazidi women and girls face 'Islamic State' sexual violence
#PyiChitThar