Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

သင်္ကြန်ရုံးပိတ်ရက်တွင် အတင်းအကျပ် အချိန်ပိုခေါ်သည့် အလုပ်ရှင်များအား အရေးယူမည်

$
0
0

သင်္ကြန်ကာလ အများပြည်သူရုံးပိတ်ရက်အတွင်း ၀န်ထမ်းများ၏သဘောတူညီချက်မရရှိဘဲ အတင်းအကျပ်အချိန်ပိုခေါ်ယူသည့်အလုပ်ရှင်များအား အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။

အချိန်ပိုခေါ်ယူလိုပါက ၀န်ထမ်း၏ သဘောတူညီချက်နှင့်အတူ သက်ဆိုင်ရာမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနရုံးသို့ တရားဝင်စာတင်ရမည်ဖြစ်ပြီး ထိုသို့ခွင့်ပြုချက်မရရှိဘဲ အချိန် ပိုခေါ်ယူသည်ဟု တိုင်ကြားလာပါက စုံစမ်းစစ်ဆေး၍ ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

''တချို့က တရားဝင်စာတင်ပြီးလုပ်တယ်။ တချို့ကျတော့ အလုပ်သမားနဲ့ အလုပ်ရှင်ညှိပြီး ခေါ်ကျတယ်ပေါ့။ အလုပ်သမားက သဘောမတူဘဲခေါ်ရင်တော့ မြို့နယ်အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနကို လာတိုင်လို့ရပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် မန်နေဂျာကို အရေးယူပါမယ်''ဟု ဦးညွန့်ဝင်းက ပြောကြားသည်။

၁၉၅၁ အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သော ဥပဒေ၊ အခန်း ၉၊ ပုဒ်မ ၈၅ အရ ၀န်ထမ်း၏ သဘောတူညီ ချက်မရရှိဘဲ အချိန်ပိုခေါ်ယူပါက အမြင့်ဆုံး ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ်သိန်း ၂၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

''အလုပ်သမားတွေက သဘောမတူဘဲ အချိန်ပိုခေါ်ခံရလို့ ကျွန်မတို့ကို လာပြောရင် ကျွန်မတို့က သက်ဆိုင်ရာ ရုံးတွေမှာ သွားပြောတယ်။ အဲဒီမှာ သူတို့က စာတင်ခိုင်းတယ်။ အလုပ်သမားတွေက စာတင်ရမယ်။ လက်မှတ်ထိုးရမယ်ဆို မတိုင်ရဲတော့ဘူး။ သူတို့နာမည်နဲ့တိုင်ရင် အလုပ်ဖြုတ်ခံရမှာကိုး။ ဒီနေရာမှာ အလုပ် သမားတွေကို သေချာအကာအကွယ်မပေးနိုင်သေးဘူး။ ဒီလို အချိန်ပိုခေါ်နေတယ် ဆိုတာသိတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားစစ်ဆေးပြီး အရေးယူပေးရင် ကောင်းမယ်''ဟု အလုပ်သမားအဖွဲ့ချုပ် (ယာယီ)အဖွဲ့ဝင် ဒေါ်မျိုးအေးက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလများအတွင်း ၀န်ထမ်း၏ သဘောတူညီချက်မရရှိဘဲ အချိန်ပိုခေါ်ယူသဖြင့် တိုင်ကြားလာခြင်းများရှိခဲ့ပြီး ၁၉၅၁ အလုပ်ရုံများ အက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၇၃ အရ အချိန်ပိုလုပ်ကိုင်ရသော အလုပ်သမားများအား အချိန်ပိုလုပ်ခအဖြစ် မည်သည့်စရိတ်မျှမပါသော မူရင်းအခြေခံလစာ၏ နှစ်ဆကို ခံစားခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။

နောင်နောင်
ဓါတ်ပုံ-ရွှေဖီး

News Watch
https://www.facebook.com/NewsWatchJournal/

မိုင်းလား နယ်မြေ ကနေ ဝ တပ်ဖွဲ့ ဆုတ်ခွာ

$
0
0


တပ်မတော် ဘက်ကလည်း ကျိုင်းတုံ နယ်ထဲ က မိုင်းလား ဘက်ကို သွားတဲ့ ဂိတ် တစ်ခု ကို ပိတ်ထား ခဲ့
မတ်လ ၈ ရက်နေ့ မှာ ကျိုင်းတုံ မိုင်းလမ်း လမ်းမ ပေါ်က မိုင်းလား ထိန်းချုပ် နယ်မြေတွေ ကို သိမ်းပိုက် ထားတဲ့ UWSA ဝ တပ်ဖွဲ့ တွေ က ပြန်လည် ဆုတ်ခွာ သွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ က စလို့ ဝတပ်ဖွဲ့ တွေဟာ မိုင်းလား အဖွဲ့ ထိန်းချုပ် နယ်မြေထဲက တပ်စခန်း ၅ ခုကို သိမ်းပိုက် ထားခဲ့တာ ဖြစ်ပါတယ်။

မိုင်းလား အဖွဲ့ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ လက်မှတ်ရေးထိုး မှာကို စိုးရိမ် တဲ့ အတွက် တပ်စခန်းတွေကို ဝတပ်ဖွဲ့ က သိမ်း ယူ ထားခဲ့တာ ဖြစ်နိုင်ကြောင်း လေ့လာ သူတွေက သုံးသပ်နေကြပါတယ်။

ဝတပ်ဖွဲ့ က မိုင်းလား တပ်စခန်း တွေကို သိမ်းပိုက် လိုက်တဲ့ အတွက် မြန်မာ့ တပ်မတော် ဘက်ကလည်း ကျိုင်းတုံ နယ်ထဲ က မိုင်းလား ဘက်ကို သွားတဲ့ ဂိတ် တစ်ခု ကို ပိတ်ထား ခဲ့ပါတယ်။

မိုင်းလား တပ်စခန်းတွေ သိမ်းပိုက် ထားတဲ့ ကိစ္စကို ပြန်လည် ပေးအပ်ဖို့ အတွက် ဝတပ်ဖွဲ့ ခေါင်းဆောင် တွေနဲ့ မိုင်းလား အဖွဲ့ ခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့တွေ မိုင်းလား အဖွဲ့က ထိန်းချုပ် ထားတဲ့ တပ်စခန်း တွေကနေ ပြန်လည် ဆုတ်ခွာ ဖို့ အတွက် ဖေဖော်ဝါရီလ မှာတုန်းက တပ် အချင်းချင်း အကြိမ်ကြိမ် ညှိနှိုင်းမှု တွေ လုပ်ခဲ့ရပါတယ်။

ဒါ့အပြင် ပန်ခမ်း မှာ လုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ပြီးနောက်မှာ အချင်းချင်း နားလည်မှု ပိုမို ရရှိအောင် ဝတပ်ဖွဲ့ က ဆုတ် ပေး ခဲ့တာ ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဝတပ်ဖွဲ့ မိုင်းလား ဒေသမှာ ရှိနေသ၍ တာပင်း ဂိတ် ကို အစိုးရ က မဖွင့်ဘူးဆိုပြီး ပိတ်ထားပါတယ်။ အခုလို ဝတပ်ဖွဲ့ ဆုတ်ခွာ သွားပြီးနောက် တာပင်းဂိတ် ကို ပြန်လည် ဖွင့်လှစ်နိုင်ပြီး မိုင်းလား အဖွဲ့ နဲ့ တပ်မတော် အကြား ပုံမှန် အခြေအနေ ပြန်လည် ဖြစ်ပေါ် လာရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အထောက်အကူ ပြု နိုင်မှာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ အင်အား အကြီးဆုံး အဖွဲ့ ဖြစ်သလို ပန်ခမ်း မှာလုပ်တဲ့ အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ညီလာခံမှာလည်း NCA စာချုပ်နဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရှေ့ဆက် သွားလို့ မရဘူးလို့ ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

မတ်လ အစောပိုင်း တုန်းကလည်း အစိုးရ အနေနဲ့ NCA စာချုပ် အစား တခြားသော နည်းလမ်း တစ်ခု ကို ရှာဖွေ ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ဖော်ဆောင်ပေးဖို့ UWSA တပ်ဖွဲ့က ထပ်မံ တောင်းဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

စစ်ရေးတင်းမာလှုပ်ရှားမှုများကြား သီပေါမြို့ သမိုင်းဝင်ဘော်ကြိုဘုရားပွဲ ယခင်နှစ်များထက် စည်ကား

$
0
0

မတ်လ ၁၀ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း စစ်ရေးတင်းမာမှု ရှိနေ သော် လည်း ကျပ်သိန်းပေါင်း ရာဂဏန်းများစွာ ကံစမ်းမဲဖေါက်ကာ ဘော်ကြိုဘုရား တပေါင်းပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပေ နသည်ဟု သိရသည်။

ဘော်ကြိုဓါတ်တော်ဘုရားပွဲတော်ကို မတ်လ ၇ ရက်နေ့တွင်စတင်ကျင်းပခဲ့ပြီး လာမည့် တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့တွင် ပွဲတော်ပြီးဆုံးမည်ဖြစ်ကြောင်း ပွဲတော်သို့ရောက်လာသည့် ဘုရားဖူးဧည့်သည် များ ယခင်နှစ်များထက် ပိုမိုစည်းကားလျှက်ရှိကြောင်း ဘော်ကြိုဘုရားဂေါပက လုံးဆန်စိုင်းက ပြောသည်။

RCSS/SSA နဲ့ အစိုးရ တပ်မတော်တို့ ကြား တိုက်ပွဲဖြစ်တာက ကျနော်တို့ဘုရားပွဲကျင်းပတဲ့ နေရာရဲ့ မြောက်ဘက် ၇ မိုင်လောက်အကွာမှာဘဲတယ်။ စစ်ကြောင်းလှုပ်ရှားမှုတွေလဲရှိနေသေးတယ်။ အထူး သဖြင့်တော့ ဒီအနီးအနားမှာ လာမလှုပ်ရှားဖို့ အနူးအညွတ်မေတ္တာ ရပ်ခံပါတယ်။ အခု အထိတော့ ပွဲက အရင်နှစ်တွေကထက်တောင်ပိုစည်ေ သးတယ် - ဟု ပြောဆိုသည်။


မတ်လ ၇ ရက် ပွဲစကျင်းပသည့်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးေ ကာင်စီ အခြေချသည့် စခန်းဖြစ်သည့် သီပေါမြို့မြောက်ဘက် အုံမုအုပ်စု အတွင်းရှိ မုံစုတောင်ဘက်သို့ အစိုးရတပ်မတော် ပစ်ခတ်တိုက်ခိုက်ေ သာကြောင့် နှစ် ဘက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးကြောင်း၊ ယနေ့ နှစ်ဘက် တပ်အကြားတိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း ပလောင်တပ်၊ အစိုးရတပ်၊ သျှမ်းတပ် များ သွားလာ လှုပ်ရှား မှုများ ရှိနေသေးကြောင်း ဒေ သခံများက ပြောသည်။

ယခုနှစ် ဘော်ကြိုဘုရား တပေါင်းလပြည့်ပွဲတော်တွင် ကံစမ်းမဲပါ ရောင်းချပေးရာ ကံစမ်းမဲပထမဆုမှာ AD-VAN Nissan အမျိုးအစားအဖြစ်လည်းကောင်း တခြားဆုများမှာ ဟွန်ဒါ ခွေးဘီလူးကား၊ ထော်လာဂျီ တို့အပြင်ရေ ခဲသေတာ၊ ပန်ကာ၊ လျှပ်စစ်ထမင်းအိုးနှင့် လျှပ်စစ်ဒယ်အိုး အခြား ဆုပစ္စည်းမြောက်များစွာ ရှိကြောင်းသိရသည်။

သျှမ်းသံတော်ဆင့် - ပန်တိုင်းခမ်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ဦးကိုနီလုပ်ကြံမှု အကြမ်းဖက်ဥပဒေနဲ့စွဲသင့်

$
0
0


ဦးကိုနီ ဈာပနအခမ်းအနား။
ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံတွေကို လူသတ်မှု ပြစ်မှုဆိုင်ရာပုဒ်မ (၃၀၂) နဲ့ တရားစွဲဆိုချက် အစား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ NLD အစိုးရကို ဥပဒေပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရသာ ဦးကိုနီလုပ်ကြံခံရတဲ့ အမှု ကွင်းဆက် တခုလုံးကို ဖေါ်ထုတ်နိုင် မှာဖြစ်ပြီး နိုင်ငံတွင်း လူသတ် ဂိုဏ်းတွေ နောက်ထပ် ပေါ်ပေါက်မလာအောင် ကာကွယ်တားဆီးနိုင်မှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

အာဏာရ ပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ထိပ်တန်း ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနက ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲပြု လုပ်ပြီးနောက်ပိုင်း နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားရုံးထုတ် စစ်ဆေးချက်တွေ ကို အများပြည်သူသိအောင် အစိုးရဘက် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ဦးကိုနီကို ရန်ကုန်လေဆိပ် အများပြည်သူမြင်ကွင်းရှေ့မှာ သေနတ်နဲ့ ပစ်သတ်မှုဟာ သာမန်လူသတ်မှုမျိုးမဟုတ်ပဲ အုပ်စုနဲ့ နောက်ကွယ်က ကြိုတင်ကြံစည်ထားတဲ့ အကြမ်း ဖက်မှုဖြစ်တဲ့အတွက် အစိုးရဘက်က အမှုမှန်ပေါ်ပေါက်ရေး အချိန်မှီဖေါ်ထုတ် အရေးယူဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

"သူတို့လုပ်နေတာက ပြည့်စုံလုံလောက်မှု မရှိဘူးဗျ။ အခုရုံးတင်တယ် ဘယ်လိုလုပ်နေလဲ အောင်ဝင်းခိုင်ကို တရားခံပြေးမှု ဖွင့်လား။ မဖွင့်လား ဒါ ပြည်သူကို အသိပေးရမယ်။ ဒါက သာမာန်လူသတ်မှုမှ မဟုတ်ပဲ ဒါအကြမ်းဖက်မှုရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ သတ်တဲ့လူသတ်မှုပဲ။"

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေသူတွေကို အစိုးရဘက်က အရေးယူထားတဲ့ ဥပဒေပုဒ်မဟာ အားနည်းနေပြီး နောက်ကွယ်က ကွင်းဆက်တခုလုံးနဲ့ နောင် အကြမ်းဖက်ဂိုဏ်းတွေ ပေါ်မလာအောင်တားဆီးနိုင်ဖို့အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့သာ အရေးယူဆောင်ရွက်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကအခုလို ပြောပါတယ်။

"ဒီကေ့စ်ကို ကိုင်တွယ်ပုံကို ကျနော် မကြိုက်ဘူးလေ။ အမှု ဖော်ထုတ်ပုံ ဖော်ထုတ်နည်းတွေ က တရားခံ ထွက်ပြေးဖို့ အချိန်ပေးသလိုဖြစ်နေတယ် တစ်အချက်က။ နောက်တခါ သူတို့သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ကာမှ ပိုဆိုးသွားတယ်။ နောက်တခါ တရားစွဲတဲ့ အခါမှာလည်း သူတို့တရားစွဲပုံ စွဲနည်းက မှားနေတယ်။ သမီးရည်းစားခြင်း ဓားနဲ့ထိုးတဲ့ ပုဒ်မမျိုး ၃၀၂ နဲ့ပဲ အဲ့ဒီ့ပုံစံမျိုး စွဲနေတယ်။ ဒီကိစ္စက အဲ့လိုပုံစံမျိုး စွဲလို့မရဘူး။ ကျနော်တို့ လွှတ်တော်ကနေပြီး ၂၀၁၄ခုနှစ်မှာ အတိအကျပြဌာန်းထားပြီးသား။ လူနှစ်ဦးထက်ပိုတဲ့ ဂိုဏ်းနဲ့ လုပ်လာပြီဆိုရင် ဥပဒေနဲ့ အရေးယူရမယ်လို့ အတိအကျဖော်ပြ ထားပြီးသား။

နောက်တခါ အခု အကြမ်းဖက်မှုက လေဆိပ်မှာဖြစ်တဲ့ဟာဖြစ်လို့ ပိုအပြစ်ကြီးတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄နာရီအတွင်းကို လေယာဉ်ဝန်ဆောင်မှု ကာလလို့ခေါ်တယ်။ အဲ့ဒီ့လေယာဉ်ဝန်ဆောင်မှု ကာလတွေမှာ လုပ်တဲ့သူတွေ ဟာ သေဒဏ်ပဲ။ အခုဟာက ဘာဖြစ်နိုင်သလဲဆိုရင် ကြည်လင်းတယောက်ပဲ သေဒဏ်ချပြီး ကျန်တဲ့သူက တသက်တကျွန်းတို့ ဆယ်နှစ်တို့နဲ့ အထက်ရုံးအဆင့်ဆင့်ရောက်သွားရော အပေါ်ကလည်း စစ်ဗိုလ်ပဲလေ တရားသူကြီးချုပ်က အဲ့မှာ ဆယ်နှစ်တွေ ဘာတွေ လုပ်ပြီး ကျတော့ နောက်လည်းကျရော အမှုကြီးက တဖြေးဖြေးနဲ့ လုံးပါး ပါးသွားမှာကို ကျနော်တို့ သွားတွေ့နေရတယ်။ ဗမာပြည်ရဲ့အတွေ့အကြုံက အဲ့ဒီ့အတိုင်းပဲ။ သူတို့လွှတ်ချင်လာပြီဆို တမျိုးလုပ်တယ် မလွှတ်ချင်လာပြီဆို တမျိုးလုပ်တယ်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ် ဒါမှ လှုံ့ဆော်တာတွေရော အကုန်လုံး ပါသွားပြီးတော့ ဒီကွင်းဆက်ကြီးကို မိမှာ။ အဲ့ကွင်းဆက်ကြီးကို လွတ်သွားပြီးတော့ အခုအဆင့်မှာပဲ ဖျောက်ပစ်လိုက်မှာကို ကျနော်တို့ စိုးရိမ်နေတယ် အဲ့တာပါပဲ။

မအင်ကြင်းနိုင်။ ။ အခုဒီကြားထဲမှာ ဦးကိုနီအမှုကို စုံစမ်းရေးသားနေတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဘသဘက်ကလည်း ပုဒ်မ ၆၆ဃ နဲ့တရားစွဲဆိုတဲ့ ကိစ္စတွေက ပေါ်လာတော့ အခြေအနေတွေ ပိုပြီးတော့ ရှုပ်ထွေးလာသလား။ ဆရာတို့ဘက်က ဘယ်လိုသုံးသပ်သလဲရှင့်။

ဦးကြီးမြင့်။ ။ ကိုဆွေဝင်းပြောတဲ့မှတ်ချက်ကို ကျနော် သဘောတူတယ်။ အာဏာပိုင်တွေနဲ့ မဘသနဲ့ပေါင်းပြီး သူ့အပေါ်မှာ လုပ်ကြံတယ်ဆိုတာကို ကျနော် သဘောတူတယ်။ လှုံ့ဆော်တဲ့သူက ဦးဝီရသူတို့နဲ့ မဘသက လှုံ့ဆော်တာလေ။ အဲ့တာ လှုံ့ဆော်တဲ့သူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဖမ်းရမှာ အဲ့တာ။ သတ်ကြ သတ်ကြတာကောင်းတယ် အဲ့တာ ရာဇဝတ်မှုဖြစ်အောင် လှုံ့ဆော်တာလေ အဲ့တာကို အရေးမယူပဲနဲ့ ဒီဟာကို သတိပေးတဲ့ စာရေးဆရာကို သတိပေးတဲ့ သတင်းမီဒီယာကို အရေးယူတယ်ဆိုတာ ဘယ်လိုပြောမလဲဆိုတော့ ကိုဆွေဝင်းစွပ်စွဲမယ်ဆိုလည်း စွပ်စွဲစရာပဲ။ ကိုဆွေဝင်းကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လုံးဝ ခေါင်းငုံ့မခံဘူး။ သူကတော့ ပြန်တိုက်မယ်လို့ပြောတယ်။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့တော့ ဦးကိုနီ လုပ်ကြံခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေး အစိုးရအနေနဲ့ ဘာဆက်လုပ်သင့်တယ်လို့ မြင်ပါလဲရှင့်။

ဦးကြီးမြင့်။ ။ ကျနော်ကတော့ ဒီအမှု ၃၀၂နဲ့ စွဲထားတဲ့အမှုကို ပြန်ပြီးတော့ withdraw လုပ်လိုက်ပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့စွဲဖို့ကို နိုင်ငံတော်အစိုးရက လုပ်ရင် ရတယ်။ သူ့မှာ အာဏာရှိတယ်။ အဲ့တာကို ကျနော်တိုက်တွန်းမှာပါ ခင်ဗျ။ အဲ့လိုမှ မဟုတ်ဘူးဆိုလို့ရှိရင် နောက်ထပ် လူသတ်ဂိုဏ်းတွေ တခုပြီးတခု ထွက်ပေါ်လာပြီးတော့ အလွန်ကြောက်စရာကောင်းတဲ့ တိုင်းပြည်ကြီးအောက်မှာ နေရသလိုဖြစ်သွားမယ်။"

အခုလို ဦးကိုနီလုပ်ကြံခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေတဲ့ သူတို့ကိုလည်း ခြိမ်းခြောက်မှုတွေရှိနေကြောင်း ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့ စနေ ညနေပိုင်းမှာ ရန်ကုန်မြို့ သခင်မြ ပန်းခြံမှာ ဦးကိုနီလုပ်ကြံခံရမှု ရက်ပေါင်း (၄၀) ပြည့် လူထုဟောပြောပွဲကို ရှေ့နေတွေ၊ သတင်းသမားတွေ ဦးဆောင်ပြီး ကျင်းပမှာဖြစ်ပါတယ်။

(မှတ်ချက်)ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ သတင်းစာရှင်းလင်းပွဲက ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီလုပ်ကြံခံရမှု အချက်အလက်တွေထဲမှာ- ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ အောင်ဝင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ မှုခင်းရဲတပ်ဖွဲ့ က တရားစွဲရန် စီစဉ်နေကြောင်း ဖေါ်ပြထားပါတယ်။ သေနတ်သမား ကြည်လင်း (ခ) ဖိုးထူးကို တော့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ)၊ လဝကအက် ၁၃ (၁) နဲ့ တရားစွဲထားကြောင်း ဖေါ်ပြထားပါတယ်။ အလားတူ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ) နဲ့လည်းကောင်းဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ တို့နဲ့ တရားစွဲထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်ဇော်ဝင်းက ပြောကြားခဲ့ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဦးဝီရသူတရားဟောခွင့် တနှစ်ပိတ်ပင်

$
0
0


ဦးဝီရသူကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ရှိတဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူ အဖြစ် လူသိများတဲ့ နယက အဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာ ဘိဝံသ ဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရား ပွါးစေနိုင်တဲ့ ဟောပြောမှုတွေ လုပ်တာကို တွေ့ရှိရတဲ့ အတွက် ၂၀၁၇ မတ်လ ၁၀ ရက် သောကြာနေ့ကစပြီး ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်တယ်လို့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မတ်လ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဦးဝီရသူဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရားပွါးပြီး ဘာသာရေး အဓိကရုန်းတွေ ဖြစ်လာစေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွါးစေတဲ့ လှုံ့ဆော်မှုဟောပြောမှုတွေ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေ တဲ့ ဟောပြောမှုတွေ အပြင် နိုင်ငံရေး ပါတီတွေကြား ဘက်လိုက် ဟောပြောမှုတွေ ကို ဒေသအနှံ့အပြားမှာ အကြိမ် အတော်များများ ပြုလုပ်ခဲ့တာမို့ ဒါဟာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဖေါက်ဖျက်ရာ ကျနေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ချိုးဖေါက်မှုနေမှုကြောင့် နိုင်ငံတော် သံယာ့ မဟာနာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေး ကနေ ဦးဝီရသူကို တရားဟောပြောခွင့် တနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မလိုက်နာရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ရေးသား ထားပါတယ်။

မကြာသေးခင်က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် အလုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီရဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာ မူဆလင် မုန်းတီးရေးတရားတွေ ဟောပြောသူအဖြစ် ထင်ရှားပြီး ၂၀၁၃ ဇွန်လထုတ် Times မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာတော့ The Face of Buddhist Terror ဗုဒ္ဓဘာသာ အကြမ်းဖက် ဝါဒီရဲ့ မျက်နှာ အဖြစ် ဖေါ်ပြတာ ခံခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ကျပ်သိန်း ၁၃၀၀ အား မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ သိမ်းဆည်းရမိ

$
0
0


မြောက်ဒဂုံမြို့နယ် (၄၇) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ တစ်သောင်းတန် ငွေစက္ကူ အတု သိန်း ၁၃၀၀ အား မတ် ၉ ရက် ညနေ ၆ နာရီ သိမ်းဆည်းရမိခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ်တွင် နေထိုင်သော ဦးလှဝင်းသည် ညနေ ၆ နာရီခွဲတွင် ၎င်းပိုင်ဆိုင်သည့် မြောက်ဒဂုံမြို့နယ် ရသာရုံလမ်း အမှတ် (၆၈၈) နေအိမ်အား သန့်ရှင်းရေးပြုလုပ်ရန် သွားရောက်ခဲ့ကြောင်း သိရ သည်။
အိမ်သို့ရောက်ရှိပြီး သန့်ရှင်းရေးပြုလုပ်စဉ် အိပ်ခန်းအတွင်းရှိ ခုတင်အောက်တွင် အမည်းရောင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသော မိုးပြာရောင် အိတ်အတွင်းမှ ကျပ် တစ်သောင်းတန် ငွေစက္ကူအတုများအား တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးသို့ အကြောင်းကြားခဲ့ကြောင်း (၄၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထားဝယ်ချောင်ရဲစခန်းသို့ ထပ်မံအကြောင်းကြားကာ စခန်းမှ တာဝန်ရှိသူများက အဆိုပါ ငွေစက္ကူအတုများအား သိမ်းဆည်းပြီး မြောက်ဒဂုံရဲစခန်းသို့ သယ်ဆောင်သွားခဲ့ကြောင်း၊ ရဲစခန်းတွင် ငွေစက္ကူအတုများအား အမှတ် (၆) မှုခင်းတပ်ဖွဲ့စု (ရန်ကုန်)မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း (၄၇) ရပ်ကွက် ရာအိမ်မှူး ဦးအောင်မျိုး (ခ) ရှမ်းလေးက ပြောကြားသည်။
ထိုသို့စစ်ဆေးရာ ကျပ်တစ်သောင်းတန် ၁၀ သိန်းအုပ်၊ သိန်း ၁၀၀ အစည်း ၁၃ စည်း စုစုပေါင်း ကျပ်သိန်း ၁၃၀၀ အား တွေ့ရှိခဲ့ ကြောင်း၊ လတ်တလော စစ်ဆေးချက်အရ အဆိုပါငွေစက္ကူများမှာ အတုများဖြစ်ကြောင်း ရာအိမ်မှူး ဦးအောင်မျိုး (ခ) ရှမ်းလေးက ဆက်လက်ပြောကြားသည်။
“အဲဒီနေအိမ်ကို ဦးသိန်းကျော်ဆိုသူက ပွဲစားကတစ်ဆင့် စာချုပ်ချုပ်ပြီး ငှားရမ်းနေထိုင်တာပါ။ အိမ်ငှား ဦးသိန်းကျော်က ဖေဖော်ဝါရီလမှာ ပတ်ဝန်းကျင် နေအိမ်တွေကို နှုတ်ဆက်ပြီး ပြောင်းရွှေ့သွားတယ်လို့ လောလော ဆယ်သိထားရတယ်။ အဲဒီလိုပြောင်းရွှေ့သွားကြောင်းကို အနီးပတ်ဝန်းကျင် နေထိုင်သူတွေ က အိမ်ပိုင်ရှင် ဦးလှဝေကို အကြောင်းကြားလိုက်တယ်လို့ သိထားရတယ်။ အိမ်ပိုင်ရှင်က နေအိမ်ကို ထပ်ငှားဖို့ သန့်ရှင်းရေး လာလုပ်တဲ့အချိန် အဲဒီငွေစက္ကူတွေကို တွေ့ရတာပါ။ အိမ်ငှားဦးသိန်းကျော်က အဲဒီအိမ်မှာ လာနေလိုက် ပြန်ထွက်သွားလိုက် အမြဲလုပ်နေတာပါ။ သူအဲဒီအိမ်မှာ ဆက်နေလား၊ မနေလား ဆိုတာလည်း ကျွန်တော်တို့မသိရဘူး။ သူချုပ်ထားတဲ့ စာချုပ်ကလည်းမပြည့်သေးဘူး။ အဲဒီအိမ်မှာ သူရယ် တခြား ဘယ်သူနေလဲဆိုတာ ကျွန်တော်တို့လည်း မသိရဘူး။ ပွဲစားကိုတော့ ညက စခန်းမှာခေါ်စစ်တယ်။ အိမ်ငှား ဦးသိန်းကျော်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ အဓိက အိမ်ရှင်က တာဝန်သိစွာနဲ့ ကျွန်တော်တို့ကို သတင်းလာပေးတာပါ” ဟု ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ အကြီးတန်အရာရှိတစ်ဦးက ယင်းဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။
Writer:
အောင်မျိုးသန့်
Eleven Media Group

အစိုးရသစ် ဘာကြောင့် ထင်သလောက် ခရီးမပေါက်သနည်း

$
0
0

ကဏ္ဍတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့်တိုင် မြန်မာနိုင်ငံ၏အခြေအနေ သိသိသာသာမတိုးတက်လာဟု အင်အယ်လ်ဒီပါတီမှ အရေးပါသည့်ပုဂ္ဂိုလ်အဖြစ် ထင်ရှားသည့် ဦးဝင်းထိန်က ပြောဆိုလိုက်ပါသည်။

လူထုက အလွန်လိုလိုလားလားတင်မြှောက်ထားသည့် အစိုးရ၊ လူထုကို အလွန်တာဝန်ကျေလိုသည့် အစိုးရ။ အစိုးရနှင့် ပြည်သူနှစ်ဦးနှစ်ဖက်တယောက်နှင့်တယောက် ကောင်းကျိုးအလွန်လိုလားကြသည်မှန်သော်လည်း အစိုးရမှာလည်း အခက်အခဲဗရပွနှင့်။ လူထုမှာလည်း အခက်အခဲဗရပွနှင့်။ လူထု ရင်ဆိုင်နေရသည့် မီးပျက်ဆဲ၊ ရေပြတ်ဆဲ၊ လိုင်းကား ကျပ်ဆဲအခြေအနေများကို အစိုးရက ကုစားမပေးနိုင်မီ၊ အင်အယ်လ်ဒီ၏ နာမည်ကျော် ဦးဝင်းထိန်က အထက်ပါစကားကို ထုတ်ပြောလိုက်သည်။ ဦးဝင်းထိန် ကိုယ်တိုင် ဖြစ်ချင်သည်များဖြစ်မလာ၍ မချင့်မရဲ ရင်ဖွင့်လိုက်ဟန်တူပါသည်။

ပြည်သူတို့ကား စစ်အစိုးရအငွေ့အသက် ကိန်းအောင်းနေသည့် ပြည်ခိုင်ဖြိုးအစိုးရလက်အောက်က လွတ်မြောက်သည်ကို ၀မ်းသာသည်။ အမေစု အစိုးရကိုအောင်မြင်စေချင်သည်။ မိမိတို့လည်း အစိုးရ သစ်ကပေးသည့် အောင်မြင်မှုအသီးအပွင့်များကို ခံစားလိုကြပါသည်။ သို့သော် အစိုးရသစ်ဘာကြောင့်ထင် သလောက် ခရီးမပေါက်ပါသနည်း။

အစိုးရသစ်၏ ပထမဆုံးလုပ်သင့်သည့်အလုပ်သည် ဌာနတိုင်းတွင်ရှိနေသည့် နေရာမှန် လူမှန်မဟုတ်သည့် ပြဿနာကိုဖြေရှင်းသင့်ပါလျက် မဖြေရှင်းဖြင်း ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ် အောက်တွင် ယခင်အစိုးရဟောင်းထားရစ်သည့် ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်စသည့် ပုဂ္ဂိုလ်များ၊ ၀န်ကြီးဌာနအသီးသီးတွင် ဦးစီးဦးဆောင်နေရာ ယူထားသူများကို ပြန်စိစစ်ခြင်းမရှိဘဲ ယခင်အစိုးရ ထားရစ်သည့်အတိုင်း လက်ခံထားပါသည်။ ဤတွင် အပေါ်မှ ကြီးကြပ်ရသူက ၀န်ကြီးတဦးတည်းဖြစ်သော် လည်း အောက်ခြေအဆင့်ဆင့်သည် ဗိုလ်နေမြဲကျားနေမြဲ ယခင်ပုံစံ ယခင်အချိုးများအတိုင်း နေသားကျ နေသည့် ၀န်ထမ်းထုက ကြီးစိုးနေသည်။ တချို့ဌာနများတွင် ၀န်ကြီး၊ ဒုဝန်ကြီးနှစ်ဦးရှိသော်လည်း ၀န်ကြီး ဌာနအများစုကား ၀န်ကြီးတဦးတည်းက ကိုင်တွယ်ဖြေရှင်းနေရသည့် အားနည်းချက်က အချိန်ကြာသော် အဖြေပေါ်လာခြင်းဖြစ်သည်။

အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည် အလွန်တော်သည်။ ထူးချွန်ထက်မြက်သည်မှာ မှန်ပါ၏။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူမျှဆန့်ကျင်မပြောရဲကြ။ မဝေဖန်ရဲကြဆိုသည့် သတင်းများကား ပြင်ပတွင် လျှံနေသည်မှာကြာပြီ။ လူတယောက်သည် မည်မျှထူးချွန်ထက်မြက်ပါစေ သူ့တွင် အားနည်းချက်ရှိတတ်ပါသည်။ ထို့ပြင် သူ၏ ဥာဏ်ပညာအတွေးအခေါ်ကို ၀ိုင်းဝန်းအကောင် အထည်ဖော်ပေးရမည့် ပညာရှင်အဆင့်ဆင့် လိုအပ်ပါသည်။ ထိုပညာရှင်များသည် သက်ဆိုင်ရာပညာရပ် နယ်ပယ်နှင့်ပတ်သက်ပါက နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ သမ္မတကြီး ဦးထင်ကျော်ကိုလည်းကောင်း အကျိုးသင့်အကြောင်းသင့် ပြောပြ၀ံ့သူ ရှင်းပြ၀ံ့သူဖြစ်ရန် လိုပါသည်။ ယခု ကြားရသောသတင်းများအရ မည်သူမျှ မည်သည့်ဝန်ကြီးမျှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကျိုး သင့်အကြောင်းသင့် ရှင်းမပြရဲဟူ၏။ စကားကားခြင်းလည်း ဖြစ်နိုင်ပါသည်။

သို့သော် အစိုးရသစ်လက်ထက် ပထမဆုံးရာထူးမှ ထုတ်ပယ်ခံရသည့် လယ်-ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း၏အဖြစ်ကိုကြည့်ပါက သည်စကားများ မှန်နိုင်ခြေရှိပါသည်။ လယ်-ဆည်ဒုဝန်ကြီးရာထူးမှ ထုတ်ပယ်ခံရသောအခါ အစိုးရကထုတ်ပြန် သည့်အမိန့်စာအရ လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းမှုအားနည်း၍ဟု ဆိုထားသော်လည်း၊ သမ္မတ၏ အမိန့်မထွက်လာမီ အင်အယ်လ်ဒီစီအီးစီ အဖွဲ့ဝင် ဦးဝင်းထိန်က နေရာရွှေ့ခိုင်းခြင်း၊ မရွှေ့ပါက ထုတ်ပယ်မည်ပြောဆိုခြင်းများရှိခဲ့သည်ဟု ဒေါက်တာ ထွန်းဝင်းက ပြောဆိုခဲ့သည်။ သူ၏ဆန္ဒကို သမ္မတထံ နိုင်ငံတော်အကြံပေးထံ စာရေးသားတင်ပြခဲ့သော်လည်း မည်သူနှင့်မှ တွေ့ဆုံခွင့်မရဘဲ ထုတ်ပယ်စာသာ ထွက်လာသည်ဟု ဒေါက်တာထွန်းဝင်းက မီဒီယာများသို့ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံအတွက် လယ်ယာစိုက်ပျိုးရေးသည် အသက်သွေးကြောဖြစ်ပါသည်။ မြို့သစ်များချဲ့ထွင်ခြင်း၊ မြေယာများသိမ်းခြင်း၊ လယ်သမားများကိုယ်တိုင် ဈေးကောင်းရ၍ လယ်များကိုရောင်းချခြင်းများရှိခဲ့ရာ မြန်မာနိုင်ငံ၏ တိုးပွားလာသောလူဦးရေနှင့် လျော့ပါးသွားသော လယ်မြေများအားချိန်စက် အလုပ်လုပ်ရန် လယ်-ဆည်ဝန်ကြီးဌာနကို ဦးဆောင်ရမည့်သူသည် အလွန်အရေးကြီးပါသည်။ ပြင်ပစကားများအရ အဖြုတ် ခံလိုက်ရသည့် လယ်-ဆည် ဒုဝန်ကြီးသည် လုပ်ငန်းကျွမ်းကျင်ပြီး လယ်သမားများကို နားလည်သူဟုဆို ပါသည်။ သို့သော် အစိုးရဘက်မှ ပွင့်လင်းမြင်သာ ဘာမျှ ထုတ်ဖော်မပြောခဲ့ပါ။ ဒီမိုကရေစီအရပ်သား အစိုးရသည် သည်ပုံသည်နည်း ဒုဝန်ကြီးတယောက် အပေါ် ပြုမူဆက်ဆံလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ပွင့်ပွင့်လင်းလင်းချပြမည်ဟုသာ ယုံကြည်ခဲ့ခြင်းသည် ပွဲဦးထွက်မှာပင် တပ်လန်ခဲ့ရပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စတွင်လည်း ထိုနည်း နှင်နှင်ဖြစ်ပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ၀န်ကြီးချုပ်တာဝန်အပြင် မွန်ပြည်နယ်၏ တခြားဝန်ကြီးဌာနများကိုပါ ပူးတွဲတာဝန်ယူထားရသူ ဖြစ်ပါသည်။ အစိုးရသစ်တက်ပြီး မကြာမီမှာပင် မွန်ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်တကြိမ်သာ တက်သည်။ တက်လျှင်လည်း ပြီးဆုံးသည်ထိမနေဘဲ အကြောင်းပြ ပြန်ထွက်ခွာသည်။ ပြသည့်အကြောင်းပြချက်နှင့် ပြင်ပ တွင် မွန်ဝန်ကြီးချုပ်ရောက်နေသည့် နေရာသည် တခြားစီဖြစ်သည် စသည့်သတင်းများ ထွက်လာပါ သည်။ မွန်ပြည်နယ်ရှိ အထင်ကရဘုန်းတော်ကြီးတပါးကဆိုလျှင် ခြင်္သေ့တွေက မျိုတတ်ဝါးတတ်တယ်။ အသားကျနေပြီ။ ငှက်တွေမစားတတ် စားတတ်စားတော့ အစာနင်နေတယ်ဟု မွန်ဝန်ကြီးချုပ်နှင့် နောက် ပါတစုကို ရည်ညွှန်းပြောဆိုပါသည်။

မွန်ဝန်ကြီးချုပ်အတိုင်ခံရပြီ။ စစ်ဆေးနေပြီ။ အပြစ်တချို့တွေ့သည် စသည့် သတင်းများထွက်လာ သော်လည်း အစိုးရဘက်က အချိန်နှင့်တပြေးညီ ပြည်သူကို ပွင့်လင်းမြင်သာချပြခြင်း၊ ထုတ်ပယ်ခြင်း မပြုခဲ့။ မွန်ဝန်ကြီးချုပ်က မိမိဘာသာမိမိ နုတ်ထွက်သည်ဆိုသော်လည်း မီဒီယာများကို စကားမျိုးစုံပြောသွားသည်။ သတင်းစာတစောင်ကို တမျိုးပြောသည်။ ဂျာနယ်တစောင်ကို တမျိုးပြောသည်။ စင်စစ် အစိုးရ ဘက်က ငဲ့ညှာပြီးမိမိဘာသာနုတ်ထွက်စေပုံရသော် လည်း အင်အယ်လ်ဒီပါတီကို ထိခိုက်စေသောစကား များ အမျိုးမျိုးပြောထွက်သည့် လူမျိုးကို ဤကဲ့သို့ အရေးကြီးသည့်နေရာ ခန့်ထားရန် မည်သူအကြံပေးခဲ့သနည်း။ မည်သို့အကဲဖြတ်လျက် သည်လိုလူမျိုးကို ၀န်ကြီးချုပ်ရာထူးအပြင် ၀န်ကြီးနေရာတချို့ ထပ်မံ အပ်နှင်းပါသနည်း။

အစိုးရသစ် ထင်သလောက် ခရီးမပေါက်ခြင်းသည် ဖော်ပြပါအတိုင်း ယခင်ကျန်ရစ်သည့် ၀န်ထမ်း ဟောင်းများကလည်း မဟန်၊ အစိုးရသစ်ကခန့်သည့် လူသစ်များနေရာမှန် လူမှန်မထားနိုင်ခြင်းက အ ကြောင်းတကြောင်းဖြစ်မည်ဟု ထင်ပါသည်။ အများက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းကို နှိုင်းယှဉ်ပြောဆိုကြပါသည်။ ပြည်သူအတွက် စေတနာထားအနစ်နာခံသည့် သားအဖ၊ ထူးချွန်ထက်မြက်ပုံခြင်းတူသည့် သားအဖ၊ ပြည်သူက ချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်းကိုခံရသည့် သားအဖ အဖြစ် ပြောဆိုကြပါသည်။ မှန်ပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင်ခဲ့ရသောအခြေအနေထက် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အခြေအနေက ပိုမိုခက်ခဲရှုပ်ထွေးပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နားတွင် ဖခင်ဗိုလ်ချုပ်ကဲ့သို့ ကိုယ်နှင့်တန်းတူထားဆက်ဆံ၍ရသည့် ခေတ်ပြိုင်များ (ကျောင်းနေဖက် သို့မဟုတ် ရင်ဘတ်မိတ်ဆွေ) မရှိပေ။

ဗိုလ်ချုပ်အောင်ဆန်းတုန်းကသူနှင့် တက္ကသိုလ် အတူရောက်လာသူများ၊ ရှေ့ဆင့်နောက်ဆင့်ရောက် လာသူများ (ဥပမာ- ဒဂုန်တာရာ၊ ညိုမြ၊ တက်တိုး) စသူများရှိသည်။ တဦးနှင့်တဦး မဖုံးမကွယ် မင်းနှင့် ငါနှင့် ပြောကာ ရင်ဖွင့်တိုင်ပင်၍ရသည်။ ကိုအောင် ဆန်းရယ်လို့ ညိုမြတို့၊ တက်တိုးတို့၊ ဒဂုန်တာရာတို့က ကြောက်မနေ။ မပြောရဲမဆိုရဲစရာမရှိ။ သို့ဖြင့် ဗိုလ်ချုပ်သည် အခြေနေမှန်ကို အမြဲသိခွင့်ရနေမည် ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်တုန်းကနောက်ကွယ်မှ အားလုံးလုပ်ပေးပြီး မည်သည့်မျှော်ကိုးမှုမှမရှိသည့် ဂျာနယ်ကျော်ဦးချစ်မောင်ကဲ့သို့ လူတော်ရှိသည်။ ဂျာနယ်ကျော်ဦးချစ်မောင်သည် တိုင်းပြည်နှင့် လူမျိုး အတွက်ဟူသော စိတ်ကလွဲ၍ ရာထူး၊ ငွေ၊ စည်းစိမ် နာမည်ကျော်ကြားခြင်း ဘာကိုမျှမလိုချင်သူဖြစ်သည်။ အမေစုနောက်တွင် ဤသို့သော ကန့်လန့်ကာနောက်ကွယ်မှ လူရှိပါလေစ။

ယခုအခါ လျှပ်စစ်မီတာခများ မကြာမီသုံးဆ တက်မည်ဆိုသောသတင်းများ ရိုက်ခတ်နေပါသည်။ မြန်မာနိုင်ငံ၏လျှပ်စစ်လိုအပ်မှုသည် တခြားပြဿနာများကဲ့သို့ နာတာရှည်ဖြစ်နေသည်မှာကြာခဲ့ပြီ။ မကြာမီက လျှပ်စစ်နှင့်ဆိုင်သည့်ဆွေးနွေးပွဲတခု ကျင်းပသည်ဟု ကြားရပါသည်။ ယခင်အစိုးရလက်ထက်တုန်းက လျှပ်စစ်ဝန်ကြီးဌာနတွင် အသိအကျွမ်းတချို့ရှိခဲ့ပါသည်။ ဒုဝန်ကြီးတယောက်နှင့် ညွှန်ကြားရေးမှူးချုပ် တဦးဆိုလျှင် လျှပ်စစ်နှင့်ပတ်သက်ပြီး မည်သို့လုပ်ကိုင်ရမည်ကို ကောင်းစွာနားလည်သည်။ သို့သော် သူတို့ အထက်မှ တာဝန်အရှိဆုံးလူကို တိုးမပေါက်ခဲ့ပေ။

သည်လျှပ်စစ်ဆွေးနွေးပွဲသို့ ဒုဝန်ကြီးဟောင်း တက်ခဲ့သည်ဟု ကြားသိရသည်။ စပ်စုလိုက်တော့ ဒုဝန်ကြီးဟောင်းသည် လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ် လိုအပ်မှုပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြလိုသည်။ သို့သော် ပြောဆိုခွင့် ၁၀ မိနစ်သာရခဲ့သည်ဟူ၏။ အစိုးရဟောင်းထဲမှ တချို့အရာရှိကြီးများသည် ဦးသိန်းစိန်လက်ထက်တွင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခဲ့သူများလည်းရှိကြပါသည်။ သူတို့သည် လက်ရှိ အစိုးရကို ပူပန်စွာ စောင့်ကြည့်နေသူများထဲတွင်ပါဝင်သည်။ အောင်မြင်စေလိုသည့် ဆန္ဒိရှိသူများထဲတွင် ပါဝင်သည်။

လျှပ်စစ်ညွှန်ချုပ်ဟောင်းက ဆက်ပြောပြပါသည်။ ''နိုင်ငံမှာ လျှပ်စစ်က အမြဲလိုအပ်နေမှာပါပဲ။ ကျွန်တော်တို့ တာဝန်ယူနေရတုန်းကလည်း နှစ်(၃၀) စီမံကိန်းရှိပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်တော့ တိတိ ကျကျမလုပ်ခဲ့ကြဘူး။ အခုအစိုးရသစ်လက်ထက်မှာလည်း လျှပ်စစ်နဲ့ပတ်သက်ရင် ဂျပန်နဲ့ဆွဲထားတဲ့ စီမံကိန်းရှိတယ်။ ကမ္ဘာ့ဘဏ်နဲ့ဆွဲထားတဲ့ စီမံကိန်းရှိတယ်။ နောက်တခုရှိသေးတယ်။ သုံးခုတောင်ရှိတယ်။ ဘယ်စီမံကိန်းကိုပဲ အကောင်အထည်ဖော်ဖို့လုပ်လုပ် ငွေလိုတဲ့ ပြဿနာထွက်လာမှာပဲ။ အခုလက်ရှိအစိုးရ က လုပ်နေတာရှိတယ်။ ပုဂ္ဂလိကက လုပ်နေတာရှိ တယ်။ ပုဂ္ဂလိကလက်ထဲ အပြီးမထည့်ချင်ရင် အစိုးရက အစုရှယ်ယာခေါ်ရမယ်။ လျှပ်စစ်ထုတ်လုပ်တဲ့အပိုင်း၊ ပို့လွှတ်တဲ့အပိုင်း၊ ဖြန့်ဝေတဲ့အပိုင်း ဒီသုံးပိုင်း စလုံးကို ထိန်းကျောင်းစောင့်ကြည့်ပေးတဲ့အဖွဲ့ ဒါမှ မဟုတ် ကော်မတီလိုတယ်။ ဒီသုံးပိုင်းမချိတ်ဆက်နိုင် ရင်လုပ်ငန်းမအောင်မြင်ဘူး။ အခုလိုပဲ လျှပ်စစ်ပျောက်တာ၊ လေလွင့်တာတွေဖြစ်မှာပဲ။ လက်ရှိဓာတ်ကြိုး တွေ၊ ဓာတ်တိုင်တွေက အရည်အသွေးမကောင်းဘူး။ ဒါတွေကိုလည်း နောက်က တချိန်လုံးစစ်ဆေး ပြန်လဲ လှယ်လုပ်နေရမှာ။ လုပ်ရမယ့်ကဏ္ဍက ကြီးမားတယ်။ နိုင်ငံတကာမှာ စောင့်ကြည့်ကြပ်မတ်ပေးတဲ့အဖွဲ့ရှိ တယ်။ မြန်မာမှာမရှိဘူး'' စသဖြင့် ပြောပြပါသည်။

ဝါးနှင့်ပတ်သက်၍လည်း နိုင်ငံခြားတွင် ၁၈ နှစ် အလုပ်လုပ်ပြီး ပြန်လာသည့် သူငယ်ချင်းတဦးက ပြောပြသည်။

''ငါတို့နိုင်ငံမှာ သစ်တွေပြုန်းကုန်ပေမဲ့၊ ၀ါးကတော့ ကျန်သေးတယ်။ ကမ္ဘာမှာ ၀ါးကိုရွှေစိမ်းလို့ တောင် တင်စားခေါ်ကြတာ၊ ၀ါးနဲ့ အိမ်သုံးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းမျိုးစုံ လုပ်လို့ရတယ်။ ဒါပေမဲ့ ငါတို့မှာ နည်းပညာမရှိဘူး။ ၀ါးကို တရုတ်ကို အလုံးလိုက်ရောင်းနေတယ်။ သိပ်နစ်နာတယ်။ ကုလသမဂ္ဂက ငါ့ကိုမေးတယ်။ မင်းတို့ နိုင်ငံက၀ါးနဲ့ပတ်သက်တဲ့ နည်းပညာ အကူအညီပေးတာကို အစိုးရက ဘာလို့ လက်မခံတာလဲတဲ့''

''ငါ ၂၀၁၄ မှာ ရန်ကုန်ပြန်ရောက်တော့ သစ်တောဝန်ကြီးဌာနကိုသွားတယ်။ ကုလသမဂ္ဂကပေးတဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီ ၀ါးအတွက် ယူဖို့။ ညွှန်ချုပ်က စစ်ဗိုလ်။ ငါရှင်းပြတာကို နားမလည်ဘူး။ စိတ်လည်း မ၀င်စားဘူး။ ဒုညွှန်ချုပ်က အရပ်သား။ ငါပြောတာကို သဘောလည်းပေါက်တယ်။ တရုတ်က ဒီနည်းပညာရထားတယ်ဆိုတာလည်း သိတယ်။ ညွှန်ချုပ်ကတော့ မယူဘူးလို့ဘဲ ပြန်ပြောတယ်။ နောက် ၆ လလောက်နေတော့ ဒုညွှန်ချုပ်နဲ့ တနေရာမှာ တွေ့တယ်။ သူက အလုပ်ကထွက်ပြီးပြီ။ ၀ါးနည်းပညာကို လိုချင်သတဲ့။ ဘာလို့ချိတ်ဆက်ပေးရမှာလဲ။ သူက ကိုယ်ပိုင်စီးပွားရေးလုပ်မှာ။ ငါက ဒီနည်းပညာ ဒီအကူအညီကို နိုင်ငံအတွက် ဖြစ်စေချင်တာ”

ယခုအစိုးရသစ်တက်လာပြီးနောက် ကုလသမဂ္ဂကပေးသည့် ၀ါးနည်းပညာယူမည်ဆိုပါက ၀ါးအလွန်ပေါသော မွန်ပြည်နယ် သို့မဟုတ် ကော့မှူးမြို့နယ် တ၀ှိုက်တွင် ၀ါးမှ အိမ်ဆောက်ပစ္စည်းမျိုးစုံထုတ်သော စက်ရုံထောင်ပြီး လည်ပတ်နိုင်ပါသည်။ နယ်မှ ဒေသခံများစွာ အလုပ်အကိုင်ရကြမည်ဖြစ်ပါသည်။ ဆိုင်ကယ် ကယ်ရီသမားလေးများ စက်ရုံထဲ ရောက်လာကြပေမည်။

အစိုးရအနေဖြင့် အကြံကောင်းဥာဏ်ကောင်းပေးနိုင်သော ပြည်သူများ၊ ၀န်ထမ်းဟောင်းများထံမှ အကြံဥာဏ်များကို ရယူသင့်ပါသည်။ ၁၀ မိနစ်ပဲ ပြောပါ။ ၁၅ မိနစ်ပဲပြောပါ။ မကန့်သတ်ဘဲ သူတို့၏ အတွေ့အကြုံများ အကြံဥာဏ်များကို နားထောင် သင့်ပါသည်။ ဂျာနယ်ကျော်ဦးချစ်မောင်လောက် ဘက်စုံမတော်စေကာမူ တတ်ကျွမ်းရာတနေရာရှိပြီး အစိုးရကိုမျှဝေပေးချင်သူများ ရှိကြပါသည်။ သူတို့သည် နိုင်ငံနှင့်လူမျိုး ကောင်းစားစေလိုသည့် စိတ်မှအပ မည်သည့်မျှော်ကိုးမှုမှ မရှိကြပါ။

တနှစ်တာခရီးလျှောက်ခဲ့ပြီးပြီဖြစ်သော အစိုးရအနေဖြင့် လုပ်ငန်းများရည်မှန်းသလောက် မအောင် မြင်ခြင်းအပေါ် ပြန်လည်ဆန်းစစ်ဝေဖန်ခြင်း၊ လုပ်နည်းလုပ်ဟန်ပြောင်းခြင်း၊ လူပြောင်းခြင်းတို့ကို လုပ် ဆောင်ချိန်တန်လေပြီ။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မဟာသင်္ကြန်ရုံးပိတ်ရက်ကို ယခုနှစ်မှစ၍ ငါးရက်အဖြစ်သတ်မှတ်သော်လည်း ၀န်ထမ်းများ အခက်အခဲမဖြစ်စေရန် ဌာနဆိုင်ရာ အုပ်ချုပ်မှုနည်းလမ်းဖြင့် ငါးရက်ထပ်မံဖြည့်တင်းကာ ယခင် မဟာသင်္ကြန်ပိတ်ရက် ၁၀ ရက်ကဲ့သို့ အနားယူခွင့်ရမည်

$
0
0


မတ်လ ၁၀ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့၊ အမိန့်ကြေညာစာအမှတ် ၃၀/၂၀၁၇ ဖြင့် ရုံးပိတ်ရက်ဆိုင်ရာ ကြေညာချက်တစ်စောင် ထုတ်ပြန်ထား သည်။

ယင်းထုတ်ပြန်ချက်တွင် မဟာသင်္ကြန် ရုံးပိတ်ရက်ကို သင်္ကြန်အကြိုနေ့ မတိုင်မီမှစ၍ ၁၀ ရက်တိတိ သတ်မှတ်မှုအတွက် ရက်ရှည် ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက် ဖြစ်ပေါ်သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ရုံးလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်ခြင်းနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုတို့ ဖြစ်ပေါ်ခြင်းကြောင့် မဟာသင်္ကြန် ရုံးပိတ်ရက်ကို မဟာသင်္ကြန် အကြိုနေ့မှစတင်ကာ နှစ်ဆန်းတစ်ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိသည်။

ရက်ရှည်သင်္ကြန် ရုံးပိတ်ရက်မှ လျှော့ချခဲ့သည့် ရုံးပိတ်ရက် ငါးရက်ကို သီတင်းကျွတ် ရုံးပိတ်ရက်တွင် ၂ ရက်၊ တန်ဆောင်တိုင် ရုံးပိတ်ရက်တွင် တစ်ရက်၊ ဒီဇင်ဘာ ၃၁ နှင့် ဇန်န၀ါရီ ၁ ရက် (နှစ်ကူးရက်) ၂ ရက် တို့ကို ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းသို့ ၂၀၁၇ အတွက် သင်္ကြန်ပိတ်ရက်များကို ၅ ရက်အဖြစ် လျှော့ချ သတ်မှတ်သော်လည်း နိုင်ငံ့ဝန်ထမ်းများ ၁၀ ရက်ဟု ကြိုတင်အစီအစဉ်များ ပြုလုပ်ထားသည့်အတိုင်း ဆောင်ရွက်နိုင်စေရန် နောက်ထပ် ၅ ရက်၊ သင်္ကြန်ပိတ်ရက် ၅ ရက်နှင့်ပေါင်း ၁၀ ရက် အနားရနိုင်စေရန် ဌာနဆိုင်ရာ အုပ်ချုပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်ပေးပါမည်။ (သင်္ကြန်ပိတ်ရက် ၅ ရက်နှင့် ဌာနအစီအစဉ် ၅ ရက်၊ ပေါင်း ၁၀ ရက်) ဟု ဖော်ပြထားသည့် အတွက် ၂၀၁၇ ၊ ယခုနှစ် သင်္ကြန်မှာ ဌာနဆိုင်ရာ အုပ်ချုပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်ပေးမှု ၅ ရက်အရ ပုံမှန်သင်္ကြန် ၁၀ ရက်သာ ဖြစ်မည်ဖြစ်သည်။

မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် ၅ ရက်
(သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက်)
၁၃-၄-၂၀၁၇ မှ ၁၇-၄-၂၀၁၇ ထိ
.
သီတင်းကျွတ် ရုံးပိတ်ရက် ၃ ရက်
(အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့)
၎-၁၀-၂၀၁၇ မှ ၆-၁၀-၂၀၁၇ ထိ
.
တန်ဆောင်တိုင် ရုံးပိတ်ရက် ၂ ရက်
(အဖိတ်နေ့၊ လပြည့်နေ့)
၂-၁၁-၂၀၁၇ မှ ၃-၁၁-၂၀၁၇ ထိ
.
နှစ်သစ်ကူးရုံးပိတ်ရက်များ ၂ ရက်
၃၀-၁၂-၂၀၁၇ မှ ၃၁-၁၂-၂၀၁၇ ထိ
.
(ဖြည့်စွက် ရှင်းလင်းချက် ။ New Year Eve ထုံးစံအရ ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ ရက်နေ့များကို ပုံမှန် ရုံးပိတ်ရက်အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။ ယခု ရုံးပိတ်ရက်များမှာ ၂၀၁၇ ပြက္ခဒိန်နှစ်အတွက် ဖြစ်ပြီး ၂၀၁၈ ပြက္ခဒိန်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှာ ရုံးပိတ်ရက် ဖြစ်လာပါမည်။)

“သမ္မတရုံးရဲ့ ထုတ်ပြန်ကြေညာချက်ကို ဖတ်လိုက်ရတယ်။ အဲ့ဒီမှာ ဖော်ပြထားတာကတော့ သင်္ကြန်ရုံးပိတ်ရက်ကို ၅ ရက်အဖြစ် ဒီနှစ်ကစပြီး ပြောင်းတယ်၊ ဒါပေမဲ့ ဌာနဆိုင်ရာ အုပ်ချုပ်မှုနည်းလမ်းနဲ့ ၅ ရက် ထပ်ပေါင်းပေးထားတော့ ပုံမှန် ၁၀ ရက်ပါပဲ။ ဒီနှစ်မှာတော့ သင်္ကြန်က ၁၀ ရက်ပဲ။ နောက်ပြီးတော့ ဒီနှစ်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဒီဇင်ဘာ ၃၁၊ ဇန်န၀ါရီ ၁ ( နှစ်ကူးပိတ်ရက် ) ဆိုပြီး ငါးရက်ကို သတ်မှတ်ပေးလိုက် တဲ့အတွက် ထူးထူးခြားခြားအဖြစ် ၂၀၁၇ က အစိုးရသစ်ရဲ့ ပြည်သူ့အတွက် တစ်နှစ်တာအတွင်း ရုံးပိတ်ရက် ငါးရက် ပေါင်းထည့်ပေးလိုက်သလိုပါပဲ။ အဲ့လိုတော့ ကျွန်တော် နားလည်ထားတယ်” ဟု တက္ကစီဆရာ ကိုအောင်နိုင်က ပြောပါတယ်။
The Ladies News

အိုင်အက်စ်ခေါင်းဆောင် စစ်မြေပြင်ကို စွန့်ခွာပြီး ကိုယ်လွတ်ရုန်းပြေးဟုဆို

$
0
0

အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ ခေါင်းဆောင် အဘူ ဘက်ခါ အယ်လ် ဘဂ္ဂဒါဒီဟာ မိုဆူးလ်မြို့ စစ်မြေပြင်ကို စွန့်ခွာပြီး သဲကန္တာရထဲမှာ ပုန်းအောင်းနေပြီ၊ ကိုယ်လွတ်ရုန်းဖို့ ဦးတည်သွားပြီလို့ ယုံကြည်ရကြောင်း အမေရိကန်နဲ့ အီရတ်အရာရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အိုင်အက်စ်တွေကို အုပ်ချုပ်တဲ့ အကြမ်းဖက်ခေါင်းဆောင် ဘယ်ရောက်နေတယ်ဆိုတာ အတည်ပြုဖို့တော့ မဖြစ်နိုင်သေးပါဘူး။

သူဟာ ၂၀၁၄မှာ အီရတ်မြောက်ပိုင်းကို သိမ်းပိုက်အပြီး မိုဆူးလ်မြို့ရဲ့ ဗလီကြီးကနေ မွတ်စလင် အားလုံးကို အုပ်ချုပ်သူအဖြစ် ကြေညာခဲ့သူပါ။

မိုဆူးလ်မြို့ ပိုင်နက်ကို ဆုံးရှုံးအပြီး အုပ်စုခေါင်းဆောင်နဲ့ တရားဝင် အဆက်အသွယ် မရှိတော့တာဟာ သူမြို့ကို စွန့်သွားလို့ဖြစ်ကြောင်း အမေရိကန်နဲ့ အီရတ် ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုဆူးလ်ဟာ အိုင်အက်စ်တပ်ဖွဲ့ကြီးရဲ့ တပ်စွဲရာ ဗဟိုနေရာပါ။ သူဟာ စောင့်ကြည့်လို့ရတဲ့ ဘယ်လိုဆက်သွယ်ရေး နည်းလမ်းကိုမဆို မသုံးသလောက် ရှားပါးပြီး ၂၄ နာရီအတွင်း တချိန်လုံး အကြိမ်ပေါင်းများစွာ ရွေ့လျားနေသူ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သူ့ကို နောက်ယောင်ခံလိုက်ဖို့ အားထုတ်မှုတွေအရ သူဟာ ကန္တာရထဲက ရွာတွေမှာ နေတဲ့ အရပ်သားတွေကြားမှာ များသောအားဖြင့် ပုန်းအောင်းနေတယ်လို့ ယုံကြည်ကြကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။
DVB TV News

ဆန့်ကျင်မှုများ ဆက်လုပ်နေရင် အရေးယူမည်ဟု ဦးဝီရသူအား သာသနာရေး သတိပေး

$
0
0

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ၁ နှစ် တရားဟောခွင့်ပိတ်တဲ့ ဆုံးဖြတ်ချက်အပေါ် ဦးဝီရသူ အနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကပဲဖြစ်ဖြစ်၊ သတင်းမီဒီယာတွေက ဖြစ်ဖြစ် ဆန့်ကျင်ဝေဖန်ပြောဆိုလာရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားများစေပြီး ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဟောပြောနေလို့ဆိုပြီး မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် ၁ နှစ် ပိတ်ပင်လိုက်ပါတယ်။

မတ်လ ၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထစည်းဝေးပွဲက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သံဃာ့နာယကအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၁ရက် သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသဟာ ဖေဖော်ဝါရီ ၂၆ ရက်က သူ့ ဖေ့စ်ဘွတ်မှာ ချောင်ကြိုချောင်ကြားက ကြည်လင်း များ ခေါင်းစဉ်နဲ့ “ဒါပေမယ့် ဒီပွဲမှာတော့ အနာဂတ်မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက် သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။ သူတို့မိသားစုတွေကို စာနာမိတယ်။ သို့မဟုတ်ရင် ငါးနှစ်အတွင်းမှာ ထိုင်းလို အဖျက်အုတ်မြစ် ခိုင်သွားနိုင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ် ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသကို လွှဲမချနဲ့။ တပ်ကိုယ်စားလှယ်တွေဟာ အခြားနိုင်ငံမှာ မလိုအပ်ပေမယ့် ငါတို့နိုင်ငံမှာတော့ လိုအပ်နေသေးတယ်” လို့ ရေးသားခဲ့တယ်။

ဒါ့အပြင် မတ်လ ၁ ရက်မှာလည်း သူ့ဖေ့စ်ဘွတ်ခ်ကနေ “အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေအတွက် သတင်းစကား” ခေါင်းစဉ်နဲ့လည်းကောင်း၊မတ်လ၂ရက်မှာ “ဒကာတော် ဦးကြည်လင်း ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ”စတဲ့ ရေးသား မှုများကိုလည်းကောင်း၊ မတ်လ ၅ ရက်မှာ “ပျော်စရာကောင်းတဲ့ မသာအလောင်း” ခေါင်းစဉ်နဲ့လည်းကောင်း၊ ရဟန်းတပါးရဲ့ ဝိနည်းသိက္ခာနဲ့ မညီတာတွေ ရေးတင်ခဲ့တယ်။

တခါ ဦးဝီရသူဟာ ဖေဖော်ဝါရီ ၉ ရက်ညက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူကျေးရွာမှာ “ဒို့တာဝန်အရေး (၃) ပါးနှင့် ၉၆၉” ခေါင်းစဉ်နဲ့ ခွင့်ပြုချက်မယူဘဲ တရားဟောခဲ့တယ်။

ဟောပြောရာမှာလည်း သမ္မတကြီးဦးသိန်းစိန် အစိုးရနဲ့ သမ္မတကြီး ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ဝေဖန်ပြီး နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဟောပြောခဲ့တယ်။

မတူညီသော ဘာသာဝင်များအကြား အမုန်းတရားများ ကြီးထွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့တယ်။

ဒါ့ကြောင့် ဧရာဝတီတိုင်းအစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ထံ ဦးဝီရသူကို လိုအပ်သလို အရေးယူပေးဖို့ လျှောက်ထားခဲ့ပါတယ်။

အလားတူ သာသနာရေးဦးစီးဌာနကလည်း ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးခဲ့တဲ့ ရဟန်းတပါးရဲ့ ၀ိနည်းနဲ့နဲ့မညီတဲ့ အမုန်းစကား ရေးသားမှုများ၊ ဝိနည်းသိက္ခာနှင့်မညီတဲ့ ရေးသားလှုံ့ဆော်မှုများကို ပြုမူဆောင်ရွက်ခဲ့တဲ့ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသအား ဝိနည်းတရားတော်နှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရေး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီလို လျှောက်ထားချက်တွေအရ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို တရားဟောခွင့် ၁ နှစ် ပိတ်ပင်ခဲ့တာဖြစ်ပြီး ဆက်ပြီး ပြောဆိုဝေဖန် ဆန့်ကျင်နေဦးမယ်ဆိုရင် အရေးယူတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဦးဝီရသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်း ပိတ်ထားပါတယ်။
DVB TV News

ကိုဆွေဝင်း ပုဒ်မ ၆၆(ဃ) နဲ့ မငြိစွန်းကြောင်း ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို ပြောကြား

$
0
0

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်။ Photo: RFA
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မငြိစွန်းကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

မန္တလေးက ဆရာတော်ဦးဝီရသူရဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေ ဆိုသူက သတင်းထောက် ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ပြောတာဖြစ်ပါတယ်။

''မန္တလေးက ဆရာတော်တစ်ပါးရဲ့ ပြောကြားချက်ကို ပြန်ထုတ်နှုတ်ပြီးမှ သူက ဖော်ပြခြင်းဖြစ်ပါတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် ၆၆ (ဃ) နဲ့ သူက လွတ်ကင်းနေပါတယ်၊ ဆရာတော် ဦးဝီရသူရဲ့ ကိုယ်စားလှယ် ကနေ တရားစွဲတဲ့ကိစ္စအပေါ်မှာလည်းပဲ တစ်နိုင်ငံလုံးကနေပြီးတော့မှ ပြည်သူတွေကြားမှာရော၊ ဥပဒေ ပညာရှင်တွေကြားမှာရော ဝေဖန်ဆန့်ကျင်နေကြပါတယ်၊ ဒါကြောင့်မို့လို ဒီတရားစွဲမှုဟာ ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ ဥပဒေပညာရှင်တွေရဲ့ ဆန့်ကျင်မှု၊ အဖွဲ့အစည်းလူတွေအားလုံးရဲ့ ဆန့်ကျင်မှု၊ ရဟန်းသံဃာများ ကလည်း ဆန့်ကျင်ကြပါတယ်၊ ဒီသံဃာ့မဟာနာယက ဆရာတော်တွေကလည်း ဆန့်ကျင်ကြပါတယ်၊ အဲဒီလို ဆန့်ကျင်ကြတဲ့အတွက် အဲဒီအမှုဟာ အဖျားရှုးပြီးတော့ ပျက်ပြယ်သွားလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ပါတယ်''

Ba Kaung ဆိုတဲ့ အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။

အဲဒီလိုရေးသားတာတွေနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူက ကိုဆွေဝင်းကို  (၇) ရက်အတွင်း လာရောက်တောင်းပန်ဖို့  မတောင်းပန်ရင် အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ပြန်လည်ရေးသားခဲ့ပါတယ်။

ကိုဆွေဝင်းက မတောင်းပန်ခဲ့တဲ့အတွက် ဆရာတော်ဦးဝီရသူ ရဲ့ မိန့်ကြားချက်နဲ့ ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မတ်လ ၇ ရက်နေ့ က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မောင်တောဒေသ ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းလျက်ပြီး လုံခြုံရေး စိုးရိမ်စရာ မရှိကြောင်း ဆို

$
0
0

မောင်တော၊ မတ်လ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းလျက်ရှိပြီး လုံခြုံရေးစိုးရိမ်စရာမရှိကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

မောင်တောဒေသတွင် နောက်ထပ်အကြမ်းဖက်မှုများဖြစ်လာနိုင်သည်ဟု ယနေ့ မတ်လ ၁၁ ရက်နေ့က လူမှုကွန်ယက် Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိနေသည့်အပေါ် ပြည်သူလူထုများက စိုးရိမ်နေသည့်အတွက် မောင်တောအခြေအနေများနှင့်ပတ်သတ်ပြီး DMG က ဆက်သွယ်မေးမြန်းရာတွင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လက်ရှိမောင်တောဒေသရဲ့ အခြေအနေက တည်ငြိမ်အေးဆေးနေပါတယ်ဗျာ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ မောင်တောမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နိုင်လို့ လုံခြုံရေးကို အထူးဂရုပြုဖို့ အစိုးရအဖွဲ့က ညွှန်ကြားထားကတော့ ပုံမှန်အတိုင်းညွှန်ကြားနေတာပါ။ အဲ့ဒီလို နောက်ထပ်မဖြစ်အောင်အတွက်ပေါ့။ ထူးခြားဖြစ်စဉ်တွေကြောင့် ညွှန်ကြားတာ မဟုတ်ပါဘူးဗျာ။ ပြည်သူတွေကို ပြောချင်တာက ဘာမှမဖြစ်ပါဘူး။ စိုးရိမ်စရာမရှိပါဘူး။ နယ်မြေအခြေအနေအရ လုံခြုံရေးအဖွဲ့တွေက အားလုံးကို ထိန်းချုပ်ထားပြီးသား ဖြစ်ပါတယ် ” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောအကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် နယ်ခြားစောင့်ရဲစခန်း ၃ ခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံလိုက်ရပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်အမြောက်အများ ပျက်စီးဆုံးရှုံးသွားခဲ့သည်။

မောင်တောဒေသတွင် လက်ရှိအချိန်၌ နေအိမ်မီးလောင်မှုများ၊ လူသတ်ခံရမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရသည်။

ဖဒူ ထွန်းအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/

အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ အနိုင်ရ

$
0
0


Uttar Pradesh ပြည်နယ်ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi (March 4, 2017)
အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအဖြစ် ရှုမြင် ထားကြတဲ့ အဓိက ပြည်နယ်တွေက လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ BJP ပါတီက အသာရနေ ပါတယ်။ အိန္ဒိယကို Narendra Modi တာဝန်ယူ အုပ်ချုပ်လာတာ ၃ နှစ် သက်တမ်း ရှိနေပါပြီ။ Uttar Pradesh အူတာ ပရာဒက်ရှ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၀၃ နေရာ အတွက် အာဏာရ BJP ပါတီ က ၂၉၃ နေရာနဲ့ ရှေ့က ဦးဆောင်နေ တယ်လို့ ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။ ခုလက်ရှိ အချိန်ထိ မဲအရေအတွက် ၃ ပုံ ၁ ပုံ နီးပါးကို ရေတွက် ပြီးပါပြီ။

Uttarakhand ပြည်နယ်မှာလည်း BJP ပါတီက အမတ်နေရာ ၇၀ မှာ ၅၄ နေရာနဲ့ သိသိ သာသာ ဦးဆောင်နေ ပါတယ်။ Punjab ပန်ဂျပ်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ၁၁၇ နေရာအတွက် အဓိက အတိုက်အခံ ကွန်ဂရက် ပါတီက ၆၉ နေရာ ရထားပါပြီ။ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့ ဂိုဟာနဲ့ မဏိပူရ် ပြည်နယ်တွေ မှာတော့ ပါတီနှစ်ရပ် အကြိတ်အနယ် ယှဉ်ပြိုင်နေ ကြပါတယ်။ ရွေးကောက်ပွဲ မဲရလာဒ်တွေကို ဒီကနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ကြေငြာ မယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကတ်စနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းအချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာ

$
0
0

ခရီးမိုင်အကွာအဝေးအလိုက်သာ ကောက်ခံမည့် ကတ်ပေးစနစ် မေလအတွင်း စတင်ကျင့်သုံးမည်ဖြစ်ရာ ယင်းစနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းတချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS စနစ်ကို ၃ လ တကြိမ် အဆင့်မြှင့်တင်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

''၀န်ကြီးချုပ်မျှော်မှန်းထားတဲ့အတိုင်း ၃ လတကြိမ် ပြုပြင်ပြောင်းလဲသွားပြီး နောက်ဆိုရင် ကတ်စနစ်ကို သွားမှာ ဆိုတော့ အဲဒီကတ်စနစ်ကို မသွားခင်မှာ လောလောဆယ် ကားပေါ်မှာယာဉ်ကြီးကြပ်ဆိုတာပါတာပေါ့။ ဒါပေမဲ့လည်း တချို့ယာဉ်လိုင်းတွေမှာ ပြည်သူလူထုက ငွေကို ပုံးထဲမှာထည့်ပြီး စီးသွားရင် နောက်ပိုင်းကျတော့ စပယ်ယာမပါသော်လည်းဘဲ သူ့ဘာသာစနစ်တကျသွားတယ်ဆိုတဲ့ အလေ့အကျင့်လေးဖြစ် သွားအောင် ကုမ္ပဏီတွေက ကြိုးစားနေပါတာပါ။ ကတ်စနစ်ကို ယာဉ်လိုင်းအားလုံးမကျင့်သုံးနိုင်သေးတော့ တချို့ကလည်း ပုံးစနစ်ထားရှိပြီးတော့ ပြည်သူလူထုက မိမိအသိနဲ့ မိမိငွေထည့်မယ်။ နောင်ကတ်ပေါ် လာတဲ့အခါ အဆင်ပြေအောင်ဆိုပြီး ကြိုတင်ပြင်ဆင်တဲ့ အပိုင်းတွေနဲ့ လုပ်နေတာတွေရှိပါတယ်။ လိုင်းတော်တော်များများမှာ ကျင့်သုံးနေတယ်''ဟု သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)မှ တာဝန်ရှိသူတဦးက ပြောသည်။

YBS ယာဉ်လိုင်းအချို့တွင် CCTV များ တပ်ဆင်ပြီး ယာဉ်စီးခထည့်ရမည့် ပုံးများထားရှိကာ ယာဉ်ကြီးကြပ်သူမှ ငွေ အကြွေအမ်းပေးခြင်း၊ ရှေ့အပေါက်မှ တက်စေပြီး ပုံးထဲကို ငွေထည့်ပေးကြရန် လမ်းညွှန်ပေးခြင်း၊ အတက် အဆင်းများကို လမ်းညွှန်မှုများ ပြုလုပ်ပေးနေမှုများရှိနေကြောင်း ခရီးသွားပြည်သူတဦးက ပြောသည်။ မကြာမီ ပြောင်းလဲ ကျင့်သုံးသွားမည့် YBS ကတ်စနစ်အရ ခရီးသည်များမှ အတက်တကြိမ်၊ အဆင်းတကြိမ် ကတ်ဖြတ် သည့်စနစ်ဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

''GPS စနစ်တပ်ဆင်တာတွေ ကလည်း အနာဂတ်မှာ အဲဒီကားတွေကို နည်းပညာနဲ့ ထိန်းကျောင်းသွားဖို့ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ တယ်လီမက်ထရစ်စနစ်နဲ့ Bus Operation Team ကနေပြီးတော့ ယာဉ်တွေကို စည်းကမ်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်တဲ့အခါမှာ ကားတိုင်းကားတိုင်းဟာ GPS နဲ့ လိုအပ်တဲ့ Device တွေတပ်ဖို့လိုပါတယ်။ တချို့ကုမ္ပဏီတွေက သူ့ကားတွေ မှာ စီစီတီဗွီကင်မရာတွေ တပ်တယ်။ အဲဒါ တွေကို ကျွန်တော်တို့က Record လုပ်တာရှိတယ်။ ယာဉ်ထဲမှာ ပြဿနာတက်တာတွေဆိုရင် Record ကို ပြန်စစ်ဆေးတဲ့ အဖွဲ့တွေနဲ့ စစ်ဆေးတယ်။ အဲလိုလုပ်တော့ နောင်တနေ့ကျတော့ ယာဉ်လိုင်းအလိုက် control လုပ်ရင်လုပ်လို့ရအောင် ပြင်ဆင်တဲ့အနေအထားတွေ တချို့လုပ်နေကြတယ်''ဟု (YRTA)မှ တာဝန်ရှိသူ တဦးက ပြောသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal

ဖားကန့် မြို့ နယ်အတွင်း တစ်ဖက်နိုင်ငံသားများအား ဖမ်းဆီးရမိ

$
0
0

နေပြည်တော် မတ် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၏အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဖားကန့်နမ့်မဖြစ်ကားလမ်းပေါ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် မတ် ၇ ရက် ည ၁၁ နာရီခန့်တွင် နမ့်မဖြစ်ကျေးရွာနေ အားဆန် (ဘ)ဦးလဆူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 3G/--- ပရာဒိုအမျိုးအစား မော်တော်ယာဉ်နှင့်နောင်မွန်းကျေးရွာနေ ၀မ်ဂန်း(ဘ) ဦးဝမ်ယာမင့် မောင်းနှင်လာသော ယာဉ်အမှတ်၊ 1D/---ပါဂျဲရိုးအမျိုးအစားမော်တော်ယာဉ်နှစ်စီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့်ရပ်တန့်စစ်ဆေးခဲ့ရာ တရားမ၀င် တစ်ဖက်နိုင်ငံသားများဖြစ်ကြသည့် အိုရွှေ့ရန်(ဘ)ဦးအိုရန်ဟွ၊ ၀မ်မုန့်(ဘ)၀မ်ဖမိန်၊ လီရချီ(ဘ) ဦးလီချောက်ချွင်း၊ လျန်ကောင်းရွှင်(ဘ)ဦးလျန်းတန်နှင့် ရှန်ကျုံးဝေ(ဘ) ဦးရှန်ချောက်ကျူတို့ငါးဦးအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိတစ်ဖက်နိုင်ငံသားများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည်ဖားကန့်မြို့ အနောက် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်မဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)နေ ဦးစိုင်းသိန်းထွန်း၏နေအိမ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ငှားရမ်းနေထိုင်ခဲ့ကြောင်း၊နမ့်မဖြစ်ကျေးရွာနှင့် လုံးခင်းကျေးရွာများရှိ ကျောက်အရောင်းအ၀ယ် လုပ်ငန်းများလေ့လာရန်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရ၍ မတ် ၇ ရက် ည ၁၂ နာရီခွဲတွင် ၎င်းနေအိမ်အား တပ်မတော်သားများနှင့်နယ်မြေခံရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေရာ ကျောက်စိမ်းရိုင်းလေးတုံးနှင့် တရားမ၀င် သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထုတ် ဆေးဝါးပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသော တရားမ၀င်တစ်ဖက်နိုင်ငံသားများ၊ အိမ်ပိုင်ရှင်၊ ယာဉ်မောင်းနှစ်ဦးနှင့် တရားမ၀င် ပစ္စည်းများအားတရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဖားကန့်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds

ဆီးရီးယား သားအမိအတွက် Trump ပြည်ဝင်ခွင့်ကန့်သတ်ချက် ဆိုင်းငံ့ခံရ

$
0
0


အမေရိကန်မှာ ပြန်ဆုံခွင့်ရသွားသည့် ဆီးရီးယား မိသားစုကို နယူးယောက်မြို့ John F. Kennedy လေဆိပ်မှာတွေ့ရ (Feb. 6, 2017)
အမေရိကန်သမ္မတ Donald Trump ရဲ့ ပြန်လည်ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှု ဥပဒေသစ်ကြောင့်၊ ဆီးရီးယား နိုင်ငံက သားအမိ ၂ ယောက် အမေရိကန် ၀င်ခွင့်မရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး၊ Wisconsin ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စုတရားသူကြီး တဦးက သမ္မတရဲ့ အမိန့်ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။

မိခင်နဲ့ သမီးဖြစ်သူတို့ ၂ ဦးဟာ ဆီးရီးယားနိုင်ငံက စစ်ဒဏ်သင့် Aleppo မြို့မှာနေထိုင်နေ ကြပြီး၊ ခင်ပွန်းဖြစ်သူ ကတော့ အမေရိကန်မြောက်ပိုင်း Wisconsin ပြည်နယ်မှာ ခိုလှုံခွင့် ရထားတာပါ။ သမ္မတရဲ့ အမိန့်ကို ယာယီဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တဲ့ ပြည်ထောင်စု တရားသူကြီး William Conley ရဲ့ ဆုံးဖြတ်ချက်ကတော့ ဆီးရီးယား သားအမိ ၂ ယောက် အတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ သမ္မတ Trump ရဲ့ အမိန့်ကတော့ မတ်လ ၁၆ ရက်နေ့မှာ စတင် မှာပါ။ ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံသူ မိခင်ဟာ ပြည်ဝင်ခွင့် ဗီဇာအတွက် လူတွေ့မေးမြန်း စစ်ဆေးခံဖို့ ဂျော်ဒန်နိုင်ငံက အမေရိကန်သံရုံးကို သွားဖို့ စီစဉ်ထားပြီး၊ ဗီဇာလျှောက်တဲ့ လုပ်ငန်းစဉ်ဟာ သမ္မတ အမိန့်စတင် အသက်ဝင်ပြီး နောက်ပိုင်းအထိ ကြာမြင့်နိုင် ပါတယ်။ ပြည်ထောင်စု တရားသူကြီး Conley ကတော့ ခင်ပွန်း ဖြစ်သူဟာ လက်ခံနိုင်လောက် ဖွယ်ရှိတဲ့ အချက်အလက်တွေကို တင်ပြထားပြီး ဖြစ်သလို၊ သူ့မိသားစု ကို ဆီးရီးယားနိုင်ငံ တွင်းမှာပဲ ဆက်နေခိုင်း မယ်ဆိုရင် ပြင်မရတဲ့ ထိခိုက်နစ်နာ မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောဆို ထားပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ တုန်းက သမ္မတ Trump က မူဆလင်အများစုနေထိုင်ရာ နိုင်ငံ ၇ နိုင်ငံ ဖြစ်တဲ့ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား နဲ့ ယီမင် နိုင်ငံ သားတွေကို အမေရိကန်ကို ပြည်ဝင်ခွင့် ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၀ါရှင်တန်ပြည်နယ်က စတင်ပြီး၊ နိုင်ငံအနှံ့ ပြည်ထောင်စု တရားရုံးတွေက သမ္မတ အမိန့်ကို တားဆီးခဲ့တာပါ။ အသစ်ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ အမိန့်မှာတော့ အပြောင်းအလဲ တချို့နဲ့အတူ အီရတ်နိုင်ငံကို စာရင်းကဖယ်ရှားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဦးဝီရသူ တရားဟောခွင့် ပိတ်ပင်ခံရမှုအပေါ် အမြင်များ

$
0
0

ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ဘာသာတခုနဲ့တခုကြား အမုန်းတရားကြီးထွားစေတဲ့ ဟောပြောလှုံ့ဆော်မှုတွေ လုပ်နေတဲ့အတွက်ဆိုပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို တချို့ကျတော့လည်း အမုန်းတရားမပြန့်ပွားရေးအတွက် လုပ်သင့်တယ်လို့ ထောက်ခံတာတွေလည်းရှိပါတယ်။ နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်ကို မတ်လ ၁၀ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တာဖြစ်ပြီး ဦးဝီရသူအနေနဲ့ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ မတ်လ (၉)ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ အထူးအစည်းအဝေးကနေ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ နိုင်ငံတော် သံဃနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ အမုန်းတရားမပြန့်ပွားရေး ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး မြန်မာနိုင်ငံတွင်း တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဦးဝီရသူဟာ ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရားကြီးထွားအောင် လှုံ့ဆော်ဟောပြောမှုတွေ နောက် တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုတွေနဲ့ နိုင်ငံရေးပါတီများကြား ဘက်လိုက်ဝေဖန်ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတဲ့အတွက် အခုလို တရားဟောပြောခွင့် တနှစ်ပိတ်ပင်တာဖြစ်တယ်လို့လည်း တိုင်းဒေသကြီး ပြည်နယ် သံဃနာယကအဖွဲ့များအားလုံး (ဂိုဏ်းစုံ) ကို သံဃမဟာနာယကအဖွဲ့ ကအကြောင်းကြားစာ ပေးပို့လိုက်တာဖြစ်ပါတယ်။

သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို ဦးဝီရသူအနေနဲ့ လိုက်နာဖို့ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဦးဝီရသူကို ခေါ်ယူ သတိပေး ရမှာဖြစ်ပြီးလိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

ဒီလိုတရားဟောခွင့် ပိတ်ပင်လိုက်တဲ့အပေါ် ရန်ကုန်တိုင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဆရာတော် ဦးကေတုမာလာကတော့ ဦ်းဝီရသူကို ဓမ္မကထိက အင်္ဂါရပ်နဲ့မညီလို့ တရားဟောခွင့် ပိတ်တာမျိုး မဟုတ်ပဲ တစုံတရာ ဖိအားကြောင့် သပ်သပ်သာ ပိတ်လိုက်တာဖြစ်တယ်လို့ ဝေဖန်မိန့်ကြားလိုက်ပါတယ်။

"ခါတိုင်းပိတ်တာကတော့ တရားဟော ဓမ္မကထိက အင်္ဂါရပ် (၉)ချက်နဲ့မညီညွတ်တဲ့ ဘုန်းကြီးတွေလောက်ပဲ ပိတ်ခဲ့တာပေါ့နော်။ ဒီဆရာတော်ကျတော့ သူတို့ပြောတဲ့ အင်္ဂါ(၉)ချက်နဲ့ လည်း မငြိစွန်းဘူးပေါ့နော်။ အလွတ်ကြီးရယ်။ အဲ့တာကို သပ်သပ်မဲ့ ဟိုဟာပြောမယ်ဆိုရင် ဖိအားတခုကြောင့်ပဲ ပိတ်တယ်လို့ပဲ ထင်တာပါပဲ ဦးဇင်းတို့ရဲ့သဘောထားကတော့။ ဒါ တဘတ်သတ်စွပ်စွဲတယ်ပေါ့နော်။ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပဲ ဒဲ့ဟောတာကို တဖက်က စွပ်စွဲထားတာက ဒီ့ပြင်ပါတီတွေဘက်က လိုက်ပြီးတော့ သူတို့ရဲ့မကောင်းကြောင်းကို သူတို့ဘက်ကို ဘက်လိုက်ပြီး ပြောတယ်ဆိုတဲ့ စွပ်စွဲချက်ကြီးက ဒါက ပြောမယ်ဆိုရင် တဘက်ကို ဇောင်းပေးပြီးတော့ ပြောသလို ဖြစ်နေတာပေါ့နော် အဲ့သလို စွပ်စွဲထားတဲ့စွပ်စွဲချက်ကြီးက။ မျက်လုံးပိတ်နေတဲ့သူတွေအားလုံးကို မျက်လုံးပွင့်အောင် လိုက်ဟောပြောနိုင်တဲ့ ဘုန်းကြီးပေါ့နော် အိပ်ပျော်နေတဲ့သူတွေကိုလည်း နိုးထလာအောင်နှိုးပေးနိုင်စွမ်းဖြစ်တဲ့ ဆရာတော်ဖြစ်တဲ့အတွက် ပြီးတော့ သူ့ရဲ့ဟောပြောပွဲက ရရှိလာတဲ့ ဓမ္မပူဇ အားလုံးသည်လည်း လူဆင်းရဲသားတွေရဲ့ ပရဟိတလုပ်ငန်းအားလုံးမှာပဲ ပြန်ပြီးတော့ သုံးစွဲတဲ့အတွက် ပြောမယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေကတော့ အများကြီးပေါ့နော် နစ်နာမှုတွေက။"

အခုလို မန္တလေးမစိုးရိမ်တိုက်သစ်က ဦးဝီရသူကို မတူကွဲပြားတဲ့ ဘာသာတရားတွေကြား အမုန်းတရားပွားများစေတဲ့ ဟောပြောမှုတွေကြောင့် တရားဟော ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသခံလည်းဖြစ် အထက်မြန်မာပြည်က မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေကြီး ဦးသိန်းသန်းဦးကတော့ သူ့အမြင် အခုလိုပြောပါတယ်။

"ဒီဟာကတော့ သင့်တော်ပါတယ်။ မဟနက လုပ်လိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကြာပြီ တောက်လျောက်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူက သာမာန် သာသနာ့အဖွဲ့အစည်း ဘာညာ မဟုတ်တော့ဘူးနော်။ ဟိုနိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်ဒုတ်အဖြစ်နဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ လူထုခေါင်းဆောင်တွေကို စော်ကားမော်ကား လုပ်တဲ့အနေအထားတွေက တောက်လျောက်ရှိလာတာလေ။ တောက်လျောက်ရှိလာဆိုတော့ သဘောရိုးနဲ့ဆိုတာ ပြောလို့မရဘူး အဲ့မှာ တကယ့်ကိုပဲ အမျိုးဘာသာ၊သာသနာ စောင့်ရှောက်တယ်ဆိုတဲ့ သဘောရိုးနဲ့ ဆရာတော်တွေလည်း ကျနော်တို့ တွေ့ပါတယ်။ မန္တလေးမှာဆို ဆရာတော်ဦးတိက္ခတို့ပါတာပဲ သူတို့ဆို ဘယ်သူ့ရဲ့လက်ကိုင်ဒုတ်မှ မဟုတ်ဘူး။ ရိုးရိုးသားသား သူတို့ရဲ့ယုံကြည်ချက်အတိုင်း သွားတာ။ သူကတော့ ဒီသဘောရိုးနဲ့မဟုတ်တော့ဘူးထင်တယ်လေ။ သူက ပြောမယ်ဆိုရင် ပြောင်ပြောင်တင်းတင်းကြီးကို။ ကျနော်တို့ သံသယဖြစ်စရာတွေ ရှိပါတယ်။ ဟ ဒီလောက်ကြီး ဗြောင်ကျကျ ဗုဒ္ဓဘာသာ ရဟန်းတော်တပါး စာတတ်ပေတတ် ရဟန်းတော်တပါး လူတယောက်အသတ်ခံရတာကို ခွေးရူးနဲ့ နှိုင်းတာတို့ ဝမ်းသာတယ်တို့ လူသတ်သမားက ဘုရားခိုး ကိုယ်က ဘုန်းကြီး။ လုပ်တဲ့သူ ကျူးလွန်တဲ့သူက ဘုရားခိုး။ အဝီစိ ဂျိုးကပ်မယ့်သူ ကျနော်တို့ ဘာသာတရားအရဆို။ အဲ့လိုလူမျိုးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်တာဟာ အသိညဏ်ပညာနဲ့ပြည့်စုံတဲ့လူတယောက်အနေနဲ့တောင် မပြောသင့်တဲ့ကိစ္စလေ။ အင်မတန်ကြီးမြတ်တဲ့ ဗုဒ္ဓဘာသာရဲ့ ရဟန်းတပါးက မဖြစ်သင့်ဘူး။ အဲ့ဒီ့တော့ ဒီလောက်ကတော့ တားဆီးဖို့အတွက် လိုအပ်တယ်လို့ ကျနော်ထင်တယ်။"

ပြီးခဲ့တဲ့ လက တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူတွေဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက မိန့်ကြားခဲ့ပြီးတဲ့နောက် ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး ပိုပြီးတော့မှ ဝေဖန်မှုတွေရှိလာတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဦးကိုနီနဲ့ တာဝန်သိအဌားယာဉ်မောင်း ကိုနေဝင်းတို့ သေဆုံးတဲ့ ရက်(၄၀)ပြည့် ဘာသာပေါင်းစုံ အောက်မေ့ဖွယ် မေတ္တာပို့ဆုတောင်းပွဲကိုတော့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ သခင်မြပန်းခြံမှာ စုပေါင်းကျင်းပခဲ့ကြပါတယ်။
VOA Burmese News

တူရကီ ၀န်ကြီး နယ်သာလန် ၀င်ခွင့်မရ

$
0
0


တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ။ (မတ် ၁၁၊ ၂၀၁၇)
EU ဥရောပ သမဂ္ဂ နိုင်ငံတွေကြား တူရကီကို ဆန့်ကျင်မှုတွေ တိုးလာနေချိန်မှာပဲ စနေနေ့က တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ဟာ Netherlands ကို ဝင်ခွင့် အပိတ်ပင်ခံခဲ့ရပါတယ်။ အခုလို တားမြစ်ပိတ်ပင်မှုအတွက် တူရကီသမ္မတ Recep Tayyip Erdogan က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။ ဒါ့အပြင် တူရကီရဲ့ နေတိုး မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ Netherlands နိုင်ငံကို နာဇီတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ သူ့ရဲ့ ဒီသီတင်းပတ်ထဲ ပြောဆိုချက်အတိုင်း နာဇီလက်ကျန် နိုင်ငံတနိုင်ငံလို့ ဒုတိယအကြိမ် အဖြစ် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အခုလို မှတ်ချက်ပေး ပြောကြားမှုဟာ မိုက်မဲတဲ့ ပြောဆိုချက်တခု ဖြစ်တယ်လို့ Netherlands ဝန်ကြီးချုပ် Mark Rutte က စနေနေ့မှာပဲ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူတို့ ဒေါသထွက်နေတာမို့ ပြောဆိုတယ် ဆိုတာကို သိပေမယ့် ဒီလို ပြောဆိုချက်ကတော့ ဘောင်လွတ်နေတယ်လို့ ပြောပါတယ်။

အခုလို ပြောကြားချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အခု ဂျာမဏီကို ရောက်နေတဲ့ တူရကီနိုင်ငံရဲ့ မိသားစုဝန်ကြီး Fatma Betul Sayan Kaya ဟာ Netherlands ကို ကုန်းလမ်းကနေ သွားရောက်မယ်လို့ တူရကီအစိုးရ သတင်းဌာန ဖြစ်တဲ့ Anadolu က ကြေညာပါတယ်။ Netherlands သူမရဲ့ ဟောပြောပွဲကျင်းပဖို့ နဂိုက စီစဉ်ထားတာကို ဖျက်သိမ်းထားတဲ့ ကြားကနေ အခုလို သွားရောက်ဖို့ ကြေညာတာ လည်းဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ သမ္မတ Erdogan ၂၀၂၉ ခုနှစ်အထိ အုပ်ချုပ်နိုင်ပြီး အာဏာပိုရလာစေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ မတိုင်ခင် စည်းရုံးရေး လုပ်နေတဲ့ တူရကီ ဝန်ကြီးတွေရဲ့ လာရောက်မှုတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လက်မခံငြင်းဆိုနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး မွေးနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု

$
0
0

ရန်ကုန်၊ မတ် ၁၂ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး၏ အသက် ၉၀ နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြုကာ မွေးနေ့ လက်ဆောင်ပေးအပ် ခဲ့ကြောင်း NLD ပါတီ မှ ကိုဗညားက ပြောသည်။


မွေးနေ့ပွဲအခမ်းအနားကို ယနေ့ ( မတ်လ ၁၂ ရက်) နံနက် ၈း၃၀ တွင် ရန်ကုန်မြို့ရှိသူရဦးတင်ဦးနေအိမ်တွင် ကျင်းပပြုလုပ်ခဲု့ခြင်းဖြစ်ကြောင်း လည်း ၄င်းကပြောသည်။

" အမေစုက ဘဘဦးတင်ဦးကို ကန်တော့ပြီး၊ ဘဘရဲ့ ကျန်းမာရေးအခြေအနေကိုမေးမြန်းပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေကိုလည်း ဘဘ ရဲ့ ကျန်းမာရေးကို ၀ိုင်းဝန်းဂရုစိုက်ကြဖို့ မှာကြားပါတယ် "ဟု ကိုဗညားကပြောသည်။

ရဲထက်ကျော်
PHOTO- AHN
The Asia Heart News

သူရဦးတင်ဦး အသက် ၉၀ ပြည့် မွေးနေ့

$
0
0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ အသက် နှစ် ၉၀ ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြုခဲ့ပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။

မွေးနေ့ပွဲကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူတွေကို ထမင်းကျွေးမွေးပြီး အလှူဒါနပြုခဲ့ပါတယ်။
သူရဦးတင်ဦးဟာ ၁၉၄၃ ခုနှစ်က အသက် ၁၆ နှစ် ပြည့်အပြီးမှာ စစ်ထဲဝင်ဖို့အတွက် ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဗမာ့ကာကွယ်ရေး တပ်မတော် BDA မှာ တပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်မှာ စစ်မြေပြင် တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။

၁၉၅၄- ၁၉၅၅ ခုနှစ်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်ဖြူ (ကူမင်တန်) တပ်တွေကို တိုက်ထုတ်နိုင်ခဲ့တာကြောင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ဦးတင်ဦးကို သီဟသူရဘွဲ့ ပေးအပ်ဖို့ ထောက်ခံအဆိုပြုခဲ့ပေမယ့် သူရဘွဲ့သာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ထိပ်ပိုင်းအကြီးဆုံး ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။

Photo : Thiha Tun/RFA

(မတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သူရဦးတင်ဦး အသက် ၉၀ ပြည့် မွေးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်)
RFA
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>