Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

ယာမောက် ဒုက္ခသည် စခန်းထဲ IS တွေ ဝင်ရောက်လာ

$
0
0
ယာမောက် စခန်းထဲမှာ ပါလက်စတိုင်း ဒုက္ခသည် တစ်သောင်း ရှစ်ထောင်လောက် ပိတ်မိနေဟုဆို။
ဆီးရီးယား နိုင်ငံ၊ ဒမာ့စကတ် မြို့တော်မှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည် စခန်း Yarmouk ထဲကို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS စစ်သွေးကြွတွေ ကျူးကျော် ဝင်ရောက် လာတယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ယာမောက် ဒုက္ခသည် စခန်းထဲက အဖွဲ့အချို့နဲ့ စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှု အချို့ ဖြစ်ပွား ခဲ့ပြီး၊ အခုတော့ စခန်းရဲ့ဧရိယာ အများစုကို IS စစ်သွေးကြွတွေက ထိန်းချုပ် လိုက်ပြီလို့ သတင်းတွေက ဆိုပါတယ်။

အဲဒီ ယာမောက် စခန်း ထဲမှာ ပါလက်စတိုင်း ဒုက္ခသည် တစ်သောင်း ရှစ်ထောင်လောက် ရှိတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

IS စစ်သွေးကြွ တွေဟာ ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသ တလျှောက်က နယ်မြေ အတော်များများကို သိမ်းပိုက် ထားဆဲ ဖြစ်ပါတယ်။

အခုလို မြို့တော် ဒမာ့စကတ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းထဲ အထိ IS အဖွဲ့က ဝင်ရောက် လာနိုင်တာဟာ ဆီးရီးယား သမ္မတ အာဆတ် လက်ထက် အတွင်း အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့ရဲ့ အဆိုးဆုံး ထိုးဖောက် ဝင်ရောက်မှု ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
↧

နယ်သာလန်မိဖုရားရဲ့ မြန်မာခရီး

$
0
0
(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်း သတင်းထောက်)
ငွေရေးကြေးရေးဆိုင်ရာ အကြံဥာဏ်တွေပေးနိုင်ဖို့နဲ့ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးလမ်းပြမြေပုံ လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကို မတ်လ ၃၀ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ နယ်သာလန်မိဖုရား မက်ဆီမာဟာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံ့ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ်နဲ့ အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ရေရှည်တည်တံ့အောင် ထိန်းထားနိုင်ဖို့ အကြောင်းအရာတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ မိဖုရား မက်ဆီမာက ဗွီအိုအေကို ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နယ်သာလန်မိဖုရား မက်ဆီမာရဲ့ ခရီးစဉ်အကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်း က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် နယ်သာလန်မိဖုရား မက်ဆီမာဟာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ နေပြည်တော်က သမ္မတအိမ်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နယ်သာလန်မိဖုရားအနေနဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံတဲ့အခါ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ဘယ်လို ထိန်းသိမ်းသွားမလဲ ဆိုတာကို အဖြေရှာဖို့ ဆွေးနွေးသွားမယ်လို့ ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။

“ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့က အဓိက ဖြစ်ပါတယ်။ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆိုတာ ဘဏ္ဍာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်နေတာကြောင့် ကျမအနေနဲ့ ဒီကဏ္ဍတခုတည်းကိုပဲ ကွက်ပြီး မကြည့်စေချင်ပါဘူး။ အသေးစား ငွေချေးလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အခြားစီးပွားရေးလုပ်ငန်းတွေဆီက အရင်းအနှီးတွေ ရယူရမှာဖြစ်ပြီး ဒီစီးပွားရေးလုပ်ငန်းတွေကလည်း ရေရှည်စီးပွားဖြစ် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း မြန်မာပြည်သူတွေအတွက် အဓိက စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။ သက်တမ်း ၂ နှစ်လောက်ပဲ ခံမယ် ငွေချေးလုပ်ငန်းဟာ အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တခုလုံးအတွက် အဖြေတရပ် မဟုတ်ပါဘူး။ အသေးစား ငွေချေးလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အဖြေရှာရပါမယ်။ ဒီအကြောင်းအရာကိုပဲ ကျမတို့ မနက်ဖြန် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာပါ။ မနေ့ကလည်း ဒီအကြောင်းပဲ ဆွေးနွေးတယ်၊ ဒီနေ့ မနက်လည်း ဒီအကြောင်းပဲ ဆွေးနွေးခဲ့ပါတယ်။ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေအတွက်သာမက အခြားဘဏ်လုပ်ငန်းတွေအတွက် ဘယ်လို အရင်းအနှီးတွေ ရယူမလဲဆိုတာလည်း ဆွေးနွေးကြပါမယ်။  အဆုံးမှာတော့ မြန်မာနိုင်ငံသားတွေရဲ့ စုငွေတွေကနေပဲ ပြန်လည်လှည့်ပတ်ပြီး အများပါဝင်ခွင့်ရတဲ့ ငွေစုငွေချေးစနစ် ဖြစ်သွားမှာပါ။”

မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတုန်းက မှော်ဘီမြို့နယ် မြောင်းတကာမှာရှိတဲ့ World Vision ရဲ့ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေတွေကို လေ့လာရင်း ပြောဆိုသွားတာဖြစ်ပါတယ်။ မိဖုရား မက်ဆီမာက မြောင်းတကာ ဈေးအတွင်း လှည့်လည်ကြည့်ရှုပြီး အနီးတဝိုက်က တနိုင်တပိုင် ဈေးဝယ်ရောင်းချနေကြတဲ့ ဒေသခံတွေနဲ့လည်း စကားပြောဆိုခဲ့ပါတယ်။

မှော်ဘီမြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌကလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးအတွက် နယ်သာလန်မိဖုရားဆီက အကြံဥာဏ်တွေ တောင်းခံသွားမယ်လို့ ဆိုပါတယ်။

“အမျိုးသမီးများကို အကြမ်းဖက်ရင်နော် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာရှိတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာရှိတယ်။ အားလုံးအကြမ်းဖက်မှုတွေ အဲ့လိုအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်ဖို့ ကျမတို့ ပညာပေးတယ်ဆိုတာ အမျိုးသားတွေကို ပညာပေးရတာပေါ့နော်။ အဲ့လိုအကြမ်းဖက်တဲ့ အဲ့ဒီလိုမျိုး ပညာပေးတဲ့အခါမှာ ပိုပြီးတော့ ထိရောက်စွာ ပညာပေးနိုင်ဖို့ပေါ့ ပိုပြီးတော့ ထိရောက်စွာ ပညာပေးနိုင်ဖို့ ဘုရင်မကြီးဆီက အကြံဥာဏ်တွေပေါ့ တကယ်လို့များ အခွင့်အရေးရမယ်ဆိုရင် အကြံဥာဏ်တွေ တောင်းချင်ပါတယ်။”

နယ်သာလန်မိဖုရား မက်ဆီမာဟာ မနေ့က မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရောက်ရှိလာတဲ့ နယ်သာလန်မိဖုရားအနေနဲ့ မြန်မာ့ဘဏ်လုပ်ငန်းတွေကို နယ်မြို့တွေအထိ တိုးချဲ့သွားနိုင်ဖို့ အကြံဥာဏ်ကောင်းတွေ ပေးစေလိုတယ်လို့ မိန့်ခွန်းကို လာရောက်နားထောင်တဲ့ ရန်ကုန်တက္ကသိုလ်က ဘဏ်လုပ်ငန်းအထူးပြု မဟာတန်း ကျောင်းသားတဦးက အခုလို ပြောပါတယ်။

“လက်ရှိမှာ နိုင်ငံတကာမှာလိုပဲ ဘဏ်တွေ၊ အဖွဲ့အစည်းတွေကကျတော့ ကျနော်တို့က တောက်လျှောက် အများကြီး နယ်တကာမှာ မရှိသေးတဲ့အခါကျတော့ များများစားစား လုပ်ပေးနိုင်လို့ရှိရင် ဥပမာပေါ့ ဒီတခြား ဘဏ်တွေမရှိတဲ့ နေရာမျိုးတွေမှာ financial institution တွေ များများလုပ်ပေးမယ်။ အဲ့ဒါမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ အထောက်အပံ့တွေ အများကြီး ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘုရင်မကြီးအနေနဲ့လည်း ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အကြံပေးအနေနဲ့ ကျနော်တို့က မြန်မာနိုင်ငံကို လာရောက်တဲ့အခါကျတော့ သူ့မှာလည်း ဒီထက်ကောင်းတဲ့ အကြံဥာဏ်တွေ အများကြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် အကြံဥာဏ်တွေလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒါမျိုးလေးတွေ လုပ်ပေးနိုင်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးစနစ် တဟုန်ထိုး တိုးတက်လာတာကြောင့် ငွေကြေးလွှဲပြောင်းယူမှုနဲ့ အခြားဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်တွေနဲ့ လုပ်ကိုင်သွားမယ်ဆိုရင် ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေ သက်သာသွားမှာ ဖြစ်တယ်လို့ မိဖုရား မက်ဆီမာက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်လောက် အရောက်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၉၀ %လောက်ဟာ မိမိတို့ရဲ့ ဘဏ်ငွေစာရင်း၊ ငွေကြေးလွှဲပြောင်းမှု စတဲ့ ဝန်ဆောင်မှုတွေကို မိုဘိုင်းဖုန်းနဲ့ပဲ လုပ်ကိုင်နိုင်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့ထိ ၃ ရက်တာကြာမြင့်တဲ့ ခရီးစဉ်မှာ မိဖုရားမက်ဆီမာအနေနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို ဘဏ်လုပ်ငန်းရှင်တွေ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆက်သွယ်ရေးလုပ်ငန်းရှင်တွေအပြင် အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာခဲ့ပါတယ်။

နယ်သာလန်မိဖုရား မက်ဆီမာဟာ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

သီဂီင်္လင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧
↧

ဖမ်းဆီးခံကျောင်းသားတွေကို တရားရုံးပြောင်းရွှေ့ စစ်ဆေးမည်

$
0
0
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီမြို့နယ် တရားရုံးမှာ ရွှေ့ပြောင်းပြီး ရုံးထုတ်စစ်ဆေးမှာဖြစ်ကြောင်း ဖမ်းဆီးခံထားရသူတွေ ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် မဖြိုးဖြိုးအောင်ကို မိသားစုဝင်တွေက ဒီနေ့ သွားရောက်တွေ့ဆုံရာမှာ မဖြိုးဖြိုးအောင်က ပြောလိုက်တာဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဦးနေ၀င်းက ပြောပါတယ်။

"ထူးခြားတာတစ်ခုက ပြီးခဲ့တဲ့ရက်ပိုင်းကလေ သမီးတို့ဆီသွားတော့ လက်မှတ်ထိုးခိုင်းတယ်၊ ဘာထိုးခိုင်းလဲ ဆိုတော့ လက်ပံတန်း တရားရုံးကနေ သာယာဝတီ တရားရုံးကိုပြောင်းလိုက်ပြီတဲ့၊ သူတို့သာယာဝတီမှာဘဲ စစ်တော့မယ်၊ အဲ့ဒီကိစ္စကို လက်မှတ်လာထိုးခိုင်းတယ်၊ သာယာဝတီ ရိုးရိုး တရားရုံးလား၊ အထူးရုံး လားတော့ မသိဘူး၊ သူတို့ဖွင့်တဲ့အမှုကို ဖတ်ကြည့်တော့ ကျောင်းသားတွေက ရန်ကုန်ကို ချီတက်တာကို သက်ဆိုင်ရာက တားမြစ်တယ်၊ တားမြစ်တာကိုခဲနဲ့ပေါက်တယ်၊ ရိုက်တယ်၊ မလွှဲသာလို့ပြန်ရိုက်ရတယ်၊ ရဲတွေ ၁၆ ယောက်ဒဏ်ရာရတယ်၊ မတရားရေးထားတာပေါ့ဗျာ"

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူတွေအတွက် ခြင်ထောင်ပေးခွင့် မရတာကြောင့် ညအိပ်ရာမှာ အခက် အခဲရှိပြီး ဖျားနာတာတွေရှိတယ်လို့ သိရပါတယ်။

ဒီနေ့ ထောင်ဝင်စာတွေ့ရာမှာ ကျောင်းသား ကျောင်းသူတွေနဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုမှုတွေကို ထောင်ဝန်ထမ်းတွေ က လိုက်လံမှတ်သားမှုတွေရှိတယ် လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့မှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးထားတာ ဖြစ်ပါတယ်

RFA
↧

နယ်သာလန်နိုင်ငံ ဘုရင်မ( Queen Maxima ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားလာရောက်တွေ့ဆုံ

$
0
0
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁ ရက် နေ့ မွန်းလဲ ၄ နာရီ ၄၅ မိနစ်က နယ်သာလန်နိုင်ငံ ဘုရင်မ( Queen Maxima ) အဖွဲ့သည် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် I-12 တွင် လာရောက်တွေ့ဆုံရာ ဥက္ကဋ္ဌ မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲသို့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်၊ဒေါ်ခင်ဆန်းလှိုင်၊ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယာသော်တို့လည်းတက်ရောက်ခဲ့ကြသည်။
သတင်းဓါတ်ပုံ-NLD Chairperson.

နယ်သာလန်နိုင်ငံ ဘုရင်မ( Queen Maxima ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားလာရောက်တွေ့ဆုံ********************************************************************************တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁ ရက် နေ့ မွန်းလဲ ၄ နာရီ ၄၅ မိနစ်က နယ်သာလန်နိုင်ငံ ဘုရင်မ( Queen Maxima ) အဖွဲ့သည် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် I-12 တွင် လာရောက်တွေ့ဆုံရာ ဥက္ကဋ္ဌ မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲသို့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်၊ဒေါ်ခင်ဆန်းလှိုင်၊ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယာသော်တို့လည်းတက်ရောက်ခဲ့ကြသည်။

Posted by NLD Chairperson on Wednesday, April 1, 2015
↧

ဖမ်းဆီးထားသည့် ကျောင်းသားများကို လွှတ်ပေးရန် အမေရိကန် တောင်းဆိုချက် မြန်မာအစိုးရ ပယ်ချ

$
0
0
မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်ကို မတ်လ ၂၅ ရက်နေ့က လက်ပံတန်းတရားရုံးသို့ အမှုရင်ဆိုင်ရန် ခေါ်ဆောင်လာစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)
ကျောင်းသားသပိတ်ဆန္ဒပြသူများကို မြန်မာအစိုးရက ရာဇ၀တ်ပြစ်မှုများဖြင့် အရေးယူနေမှုအပေါ်
စိုးရိမ်မိကြောင်းနှင့် ဖမ်းဆီးထားသူများ အမြန်ဆုံးလွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့၌ တိုက်တွန်းခဲ့ရာ မြန်မာအစိုးရက ပယ်ချလိုက်သည်။

အမေရိကန်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စမာရီယံဟက်ဖ်က အမျိုးသားပညာရေး ဥပဒေ
ပြင်ဆင်ရေးအပေါ် ငြိမ်းချမ်းစွာ တောင်းဆိုလှုပ်ရှားခဲ့ကြသူများကို အစိုးရက ရာဇ၀တ်ပြစ်မှုပုဒ်မများ
တပ်ပြီး ဖမ်းဆီးထားခြင်းကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က
အမေရိကန်အစိုးရ၏ ကျောင်းသားသပိတ်နှင့် ပတ်သက်ပြီး တိုက်တွန်းချက်များ၊
တောင်းဆိုချက်များကို စဉ်းစားပေးရန် အကြောင်းမရှိသလို တုံ့ပြန်မည်လည်း မဟုတ်ကြောင်း
ပြောသည်။

"သူတို့ ထုတ်နေတဲ့ ကြေညာချက်တွေထက် ဒီကနေ့ လုပ်ရမယ့် အလုပ်က ပြည်သူတွေအတွက်
တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မယ့် အပစ်ရပ် သဘောတူညီချက်
ကိစ္စဟာ ကျွန်တော်တို့ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စပဲ၊ ပြီးခဲ့တဲ့ဟာတွေအတွက် သူတို့ပြောတဲ့
ကိစ္စကို ဘာမှ စဉ်းစားစရာလည်း မရှိဘူး။ တုံ့ပြန်ပြောစရာလည်း မရှိဘူး"ဟု ၎င်းကပြောသည်။

လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် သမာသမတ်ကျသော
စုံစမ်းစစ်ဆေးရေးပြုလုပ်ရန် နိုင်ငံတကာ၏ တိုက်တွန်းမှုများမှာ အချည်းနှီးသာဖြစ်ကြောင်း
ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်၏ မိခင်ဖြစ်သူ
ဒေါ်သန္တာ ကပြောသည်။

"အစိုးရက ဖွဲ့လိုက်တဲ့ ဘယ်ကော်မရှင်ကများ ပြည်သူတွေကျေနပ်တဲ့ ရလဒ်မျိုး ဖော်ဆောင်နိုင်ခဲ့
လို့လဲ။ ကိုပါကြီးကိစ္စ၊ လက်ပံတောင်းကိစ္စတွေအပြင် ဒီနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေကို
ပြန်ကြည့်လို့ ရတယ်။ ပြောချင်တာက အစိုးရကို အယုံအကြည် မရှိဘူး"ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံထားရသူများ၏ ကျန်းမာရေး၊ အာဟာရနှင့် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် စသည်တို့မှာ
ခက်ခဲသည့် အခြေအနေတွင် ရှိနေကြောင်း ထောင်ဝင်စာတွေ့ဆုံခွင့် ရရှိရန် ကြိုးပမ်းနေကြသော
မိသားစုဝင်များက ဆိုသည်။

"ကျွန်တော်တို့ သားသမီးတွေနဲ့ တွေ့ခွင့်ရဖို့ အတော်ကို လုပ်ရတယ်။ ပို့လိုက်တဲ့ အထုပ်တွေ
ရောက်မရောက်ဆိုတာလည်း မသိရဘူး။ ခြင်ထောင်လည်းပို့လို့ မရ၊ အစားအသောက်ကလည်း
အတော်ကို ဆိုးဝါးတဲ့ အကြောင်းပြောကြတယ်"ဟု ထောင်ဝင်စာ တွေ့ဆုံခဲ့သူ မဖြိုးဖြိုးအောင်၏
ဖခင် ဒေါက်တာနေ၀င်းက ပြောသည်။

http://myanmar.mmtimes.com/index.php/national-news/14000-2015-03-31-19-39-03.html
↧
↧

ရွှေညဝါဆရာတော် ဦးပညာသီဟကို တရားဟောခွင့် ပိတ်ပင်လိုက်တဲ့အတွက်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့

$
0
0
ရွှေညဝါဆရာတော် ဦးပညာသီဟကို တရားဟောခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဆရာတော်က ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

ရွှေညဝါဆရာတော် ဦးပညာသီဟကို တရားဟောခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဆရာတော်က ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

Posted by RFA Burmese on Wednesday, April 1, 2015


RFA
↧

ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ

$
0
0
နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့က ရွှေညဝါ ဆရာတော် ဦးပညာသီဟကို ဆိုဆုံးမမှုကို မနာခံတဲ့ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ပြီး နိုင်ငံအနှံ့ တရားဟောခွင့် ပိတ်ပင်လိုက်တယ်လို့ ရွှေညဝါ ဆရာတော်က မိန့်ကြားပါတယ်။

ဗုဒ္ဓဟူးနေ့ မှော်ဘီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆရာတော်က မိန့်ကြားလိုက်တာ ဖြစ်ပြီး၊ အခုလို သူ့ကို ဒုဗ္ဗစ အဖြစ် သတ်မှတ်တာဟာ ဗုဒ္ဓ တရားဟောနဲ့လည်း မကိုက်ညီသလို၊ လက်ရှိ အခြေခံ ဥပဒေနဲ့လည်း မကိုက်ညီဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ဗုဒ္ဓဘာသာနဲ့ မကိုက်ညီတာတွေကို ဟောတယ်လို့ ပြောတာဟာလည်း၊ ဆရာတော် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း တရားဟောတာတွေကို ပြောတာ ဖြစ်မယ်လို့ မိန့်ပါတယ်။

ဆရာတော် အနေနဲ့ နိုင်ငံရေး တရားဟောရတယ် ဆိုတာကလည်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ အကြောက်တရားတွေ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ မိန့်ပါတယ်။

အခုလို တရားဟော အပိတ်ခံထားရပေမယ့်လည်း စာရေးသား ဖော်ထုတ်မှာ ဖြစ်ပြီး မီဒီယာကနေလည်း ဆက်သွယ် ပြောကြားသွားမယ်လို့ ဆရာတော်က မိန့်ပါတယ်။

BBC
↧

Visa Card ရဲ့ မြန်မာပြည်ဆိုင်ရာရုံး ပထမဆုံး စတင်ဖွင့်လှစ်

$
0
0

ကမ္ဘာ့ထိပ်တန်း ငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Visa က မြန်မာနိုင်ငံမှာ ပထမဆုံး ရုံးခွဲဖွင့်လှစ်တာနဲ့ Visa Myanmar ရဲ့ Country Manager ခန့်အပ်တဲ့ အခမ်းအနားကို ဧပြီ ၁ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုလိုက်ပါတယ်။

ငွေသားအဓိကအသုံးပြု လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ကတ်ပြားအစားထိုး သုံးစွဲဖို့ အချိန်တော်တော်လေး ယူရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း Visa Cardကိုင်သူတွေ ငွေသားကိုကိုင်စရာမလိုဘဲ ငွေပေးချေနိုင်တော့မှာကြောင့် ဘေးကင်းမှု၊ တစ်ကမ္ဘာလုံးကို ငွေပေးချေမှုတွေလုပ်နိုင်မှာဖြစ်တယ်လို့ မြန်မာပြည်ရဲ့ Visa Country Manager က ပြောပါတယ်။

Visa Card ဟာ ဘယ်နေရာမဆို လူတိုင်းသုံးစွဲနိုင်ဖို့ဆိုတာကို ဦးတည်ပြီး အချိန်ယူဆောင်ရွက်ရမှာဖြစ်သလို မြန်မာပြည် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မှီခိုပြီးလုပ်ရာမှာ ဒီလိုကိစ္စမျိုးတွေက သူတို့ထိန်းချုပ်မှုရဲ့ အပြင်ဖက်မှာရှိနေလို့ အခက်အခဲတွေ ရှိနေပေမယ့် တဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

Visa Card ဟာ မြန်မာပြည်ကို ၂ဝ၁၂မှာ စတင်ဝင်ရောက်ခဲ့ပြီး ငွေပေးချေရေးဝန်ဆောင်မှုဈေးကွက်ရဲ့ အလားအလာတွေကိုမြင်ခဲ့သလို အီလက်ထရောနစ်စနစ်အခြေခံ ငွေထုတ်ယူ၊ ငွေပေးသွင်းတဲ့ ပမာဏနဲ့ အသုံးပြုတဲ့ ကတ်အရေအတွက် ၃ဆမြင့်တက်ခဲ့တာကြောင့် နိုင်ငံတကာဈေးကွက်ထဲမှာ ကာလတိုအတွင်း အမြင့်မားဆုံး တိုးတက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Visa Card ကိုလက်ခံတဲ့ လက်လီဆိုင်ပေါင်း ၁၈ဝဝကျော်၊ATM စက်ပေါင်း ၁၁၅ဝ ရှိနေပြီး နိုင်ငံခြားသားတွေ Visa Card ကနေ ငွေပေးချေတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းက လိုင်စင်ရဘဏ် ၈ခုထဲက ၅ခုမှာ Visa ကတ်ရဲ့ နိုင်ငံတကာခရီးသွားငွေပေးချေမှု ဝန်ဆောင်မှုကို စတင်နေပြီလို့ ဆိုပါတယ်။

Kamayut media
↧

တီကရစ်မြို့ ကိုပြန်လည်သိမ်းပိုက်နိုင်ပြီ

$
0
0
အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ
အီရတ် နိုင်ငံက တီကရစ်မြို့ကို အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက်က ပြန်လည်သိမ်းပိုက် နိုင်အောင် တလကြာ စစ်ဆင်ရေး ဆင်နွှဲခဲ့ရာမှ အခုတော့ အောင်ပွဲရခဲ့တဲ့အကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ကိုယ်တိုင် စစ်သားတွေ ဝန်းရံယင်း အီရတ်အလံ လွှင့်ထူပြီး မြို့ထဲ ဝင်လာခဲ့ပါတယ်။

အစိုးရအနေနဲ့ အရင်ဆုံး လုပ်ရမဲ့အလုပ်တွေက မြို့တွင်းက မြေမြုပ်မိုင်းတွေ ၊ ကားဗုံးတွေကို ရှာဖွေ ရှင်းလင်းပစ်ရမှာပါ။ ပြီးမှ မြို့ကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်း စတင်ရမှာပါ။ နောက်ပြီး မြို့နယ် ရဲအဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးကို ပြန်လည် တာဝန်ယူဖို့လည်း အမိန့်ထုတ်လိုက်ပါပြီ။ ဒါမှပဲ နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့ လူတွေ ပြန်လာနိုင်ကြမှာပါလို့ ဝန်ကြီးချုပ်က ပြောသွားတာပါ။

အီရတ် အစိုးရ အနေနဲ့ အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက်က တီကရစ်ကို ပြန်လည် သိမ်းပိုက်နိုင်တဲ့ စစ်ဆင်ရေးဟာ အိုင်အက်စ် ခုခံရေး အပိုင်းမှာ အရေးပါဆုံးဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲကို တပ်ဖွဲ့ဝင်ပေါင်း သုံးသောင်း ပါဝင်တဲ့အနက် အီရန်က တော်လှန်ရေး အစောင့်တပ်ကူတွေလည်း ပါဝင်ခဲ့ပါတယ်။ ပထမ သီတင်းနှစ်ပတ်မှာတော့ ဒီတပ်ဖွဲ့တွေဟာ အိုင်အက်စ်တွေကို တွန်းလှန်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရှေ့မတိုးနိုင်တော့ပါဘူး။ ဒီအခါမှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း စစ်ဆင်ရေးနဲ့ စစ်ကူတဲ့အခါကျမှာ အိုင်အက်စ်တွေ မြို့တွင်းက ဆုတ်ခွာခဲ့တာပါ။

အီရတ်ပြည်ထဲရေး ဝန်ကြီး မိုဟာမက် အယ်လ်ဂါဘန်ကလည်း လာမယ့် နာရီပိုင်းအတွင်းမှာ မြို့တခုလုံးကို လက်ဝယ်သိမ်းပိုက်နိုင်ပါပြီလို့ ဆိုပါတယ်။

အခု ပစ်ခတ်သံတွေ ကြိုကြား ထွက်ပေါ်နေတာကတော့ ဆင်ခြေဖုံးအရပ်တွေမှာ ဖြစ်တဲ့အတွက် မကြာခင် ရှင်းထုတ်နိုင်မယ့် အကြောင်း၊ ရန်သူဘက်ကတော့ လုံးဝ အရေးရှုံးနိမ့်သွားပြီး စိတ်ဓါတ်အရရော စစ်ရေးအရပါ အရှုံးပေးလိုက်ရပါပြီလို့ ပြောသွားတာပါ။

တီကရစ်မြို့ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လက အိုင်အက်စ်တို့ လက်အောက်ကျခဲ့တာပါ။ ဒါကြောင့်မို့ အီရတ် အစိုးရ အနေနဲ့ အိုင်အက်စ်တို့ လက်ထဲက ဒုတိယ မြို့တော် မူဆူးလ်ကို ပြန်လည် သိမ်းပိုက်နိုင်အောင် လုပ်ပြီးမှသာ အိုင်အက်စ်တွေကို အီရတ်က အပြီးတိုင် တိုက်ထုတ်နိုင်ပြီလို့ ပြောနိုင်မယ့်အကြောင်း ဘီဘီစီ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းထောက်က သတင်းပေးပို့လိုက်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
↧
↧

ရွေးကောက်ပွဲကော်မရှင် ကြားနေမှုအလားအလာ Carter Center စိုးရိမ်

$
0
0

မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တချို့ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတဲ့ အတွက် ကော်မရှင်ရဲ့ ကြားနေမှု၊ ဘက်မလိုက်မှု အလားအလာဟာ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ Carter Center က ထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ရလေအောင် ကြိုတင်ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သင့် တယ်လို့လည်း ဆိုပါတယ်။ Carter Center ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး Carter Center တွဲဘက်ညွှန်ကြားရေးမှူး Jonathan Stonestreet ကို မေးမြန်းပြီး ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

Carter Center ဟာ ၂၀၁၄ ဒီဇင်ဘာကနေ ၂၀၁၅ ဖေဖော်ဝါရီအထိ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ ဧရာဝတီ၊ မန္တလေး စတဲ့ ဒေသကြီးတွေကို ကွင်းဆင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အပါအ၀င် နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေကို ဖိတ်ဖို့ ကတိပြုတာဟာ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေထက် သိသိသာသာ ကွဲပြားခြားနားလာတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ သူတို့ ထောက်ခံကြိုဆိုထားပါတယ်။ ဒါပေမဲ့ ကြိုတင် မဲပေးခိုင်းတဲ့ကိစ္စမျိုးတွေဟာ နိုင်ငံတကာစံနဲ့စာရင် အလွန်ပဲ အားနည်းနေတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် အဓိကထောက်ပြတဲ့ကိစ္စကတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေဟာ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေအပေါ်မှာ မှီခိုနေရတဲ့အတွက် ဘက်မလိုက်ရေးမူအပေါ် ထိခိုက်စရာရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်မှာလည်း အဖွဲ့ဝင်တချို့ဟာ ယခင်စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတဲ့အတွက် ဒါဟာ စိုးရိမ်စရာ အချက်တစ်ခုဖြစ်တယ်လို့ Carter Center ရဲ့ တွဲဘက်ညွှန်ကြားရေးမှူး Jonathan Stonestreet က အခုလို ပြောပါတယ်။

“ကျနော်တို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ထဲက အဖွဲ့ဝင်တချို့ဟာ ယခင်စစ်အရာရှိကြီးတွေ ဖြစ်နေတဲ့အတွက် ကော်မရှင်ရဲ့ ဘက်မလိုက်မှု၊ လွတ်လပ်မှု၊ ကြားနေမှု စတာတွေ ရှိပါ့မလားဆိုတာ မေးခွန်းထုတ်ထားပါတယ်။ ဒါဟာ တကယ် စိုးရိမ်စရာကောင်းတဲ့ အချက်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ဟာ လုံးဝ ဘက်လိုက်မှုမရှိဘူး။ လုံးဝ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အပြည့်အ၀ ပြသနိုင်ရေးဟာ ကျနော်တို့ အထူး ထောက်ပြလိုတဲ့အချက် ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ တစိတ်တဒေသ တွေ့ရပေမဲ့ သူတို့ဟာ လုံးဝ ဘက်မလိုက်ဘူးဆိုတာ ပိုမို ပြသဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် white card လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ဒီလက်မှတ်ကိုင်ဆောင်ခဲ့သူတွေ မဲပေးခွင့် ဆုံးရှုံးရမယ့်ကိစ္စကိုလည်း စိုးရိမ်မကင်းဖြစ်တယ်လို့ ဆိုပါတယ်။

Carter Center ရောက်ရှိခဲ့တဲ့နေရာတွေမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှု စိုးရိမ်ဖွယ် ထူးထူးခြားခြား မတွေ့ခဲ့ရပေမဲ့ မူဆလင်ဆန့်ကျင်ရေး ရေးသားပြောဆိုမှုတွေ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူမျိုးရေးတင်းမာမှုတွေ ပိုမို မဆိုးရွားနိုင်အောင် အားထုတ်သင့်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ရောက်ခဲ့တဲ့နေရာတွေက လူမှုအသိုင်းအ၀ိုင်းအဆင့်မှာ ဘာသာပေါင်းစုံ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးကြတာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ အစိုးရအဆင့်ရော၊ နိုင်ငံတကာကပါ လူမှုအသိုင်းအ၀ိုင်းတွေကြား ပဋိပက္ခမဖြစ်ပွားအောင် ကူညီဆောင်ရွက်ကြဖို့ ထောက်ခံတင်ပြထားပါတယ်။ ပဋိပက္ခတွေ တကယ်ဖြစ်လာနိုင်တယ်လို့ကတော့ ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး။ မူဆလင်ဆန့်ကျင်စိတ်ဓာတ်တွေ အမုန်းစကားတွေ ရှိနေကြလေတော့ ပဋိပက္ခဖြစ်လာနိုင်တဲ့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ နီးကပ်မလာခင် အခုကတည်းက ကြိုပြီးတော့ ကိုင်တွယ်ထားရမယ့်ကိစ္စ ဖြစ်ပါတယ်။”

သူတို့အဖွဲ့ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာဖြစ်တယ်။ တခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် ဖိတ်ကြားထားတဲ့အဖွဲ့ ဖြစ်တဲ့အတွက် သူတို့အဖွဲ့ရဲ့ ထောက်ခံတင်ပြချက်တွေကို မြန်မာအာဏာပိုင်တွေက လက်ခံစဉ်းစားဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။

“သူတို့လက်ခံစဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ အဲ့ဒီကို သွားရောက်လေ့လာပြီး ထောက်ခံတင်ပြနေတာပါ။ ကျနော်တို့ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာပါ။ အခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ဖိတ်စာကို လက်ခံရရှိပါပြီ။ သူတို့က Carter Center ကို စိတ်ဝင်စားပုံရတာကို ထောက်ရင် Carter Center ရဲ့ ထောက်ခံတင်ပြချက်ကိုလည်း လက်ခံစဉ်းစားမယ်လို့ ယူဆပါတယ်။ ကျနော်တို့ဟာ ရွေးကောက်ပွဲကို ဘယ်လိုလုပ်ရမယ်ဆိုပြီး ညွှန်ကြားနေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပွင့်လင်းမြင်သာမှုရှိပြီး၊ လူအများလက်ခံယုံကြည်လာနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ထောက်ခံတင်ပြခြင်းသာ ဖြစ်ပါတယ်။”

ဒါ့အပြင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စုဝေးဖော်ထုတ်ခွင့်ဟာ အလွန်အရေးကြီးတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဒီအခွင့်အရေးတွေကို အပြည့်အ၀ ခွင့်ပြုဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။ Carter Center ဟာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးစီးတည်ထောင်ထားတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတရပ် ဖြစ်ပါ တယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

ထောင်ကျနှစ်စေ့တဲ့ လယ်သမား ၅ ဦးပြန်လွတ်

$
0
0
သိမ်းဆည်းခံလယ်မြေတွေ ပြန်လည်ရရှိရေးနဲ့ အကျဉ်းကျ ခံတောင်သူတွေ ပြန်လွှတ်ပေးဖို့ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ရွှေဘိုခရိုင်အတွင်းမှာ ရှိတဲ့ တောင်သူလယ်သမား တစ်ထောင်ကျော် ဆန္ဒပြစဉ် ။ Photo: Hset Paing Toe/RFA
မြန်မာနိုင်ငံအနှံမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရဖို့ တောင်းဆိုတိုက်ပွဲဝင်တဲ့အတွက် ထောင်ကျခဲ့ရတဲ့ လယ်သမားတွေထဲက (၅) ဦး မနေ့က လွတ်ရက်စေ့ပြီး အကျဉ်းထောင် အသီးသီးကနေပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာမှာ ထွန်တုံးတိုက်ပွဲဝင်လို့ ထောင် (၁) နှစ်ချ မှတ်ခံရတဲ့ ဦးမောင်ပု ဟာ မိတ္ထီလာထောင်ကနေ ပြန်လွတ်လာတယ်လို့ မိတ္ထီလာပြည်သူ့အကျိုး ဆောင်ကွန်ရက်အဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်အေးက RFA ကိုပြောပါတယ်။

"ဒီနေ့ ဦးမောင်ပုဆိုတာလွတ်တယ်၊ မိတ္ထီလာထောင်ကနေပြီးတော့ တစ်နှစ်ကျတာ ကန့်ဘလူလယ်သမားနှစ်ယောက် ကိုမြင့်ထူးရယ် ဦးမောင်ပုရယ်၊ ကိုမြင့်ထူးက ၉ လကျတာဆိုတော့ ဖေဖော်ဝါရီလက လွတ်သွားပြီ၊ ဒီနေ့မနက်ကတော့ ဦးမောင်ပုလွတ်တယ်၊ ငှက်ပျောတိုင် ကန့်ဘလူမြို့နယ်ကပါ"

ဒါ့အပြင် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အောင်ကုန်းရွာမှာ စစ်တပ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် ဦးထိုင်ထိုင်တို့ သိမ်းထားတဲ့ မြေတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့်တောင်းဆိုမှုနဲ့ ထောင်ချခံခဲ့ရတဲ့ ဒေါ်ညို၊ ဒေါ်မုန်း၊ ဒေါ်ခင်မာအေးတို့က ပေါင်းတည်ထောင်ကနေ ပြန်လွတ်ခဲ့ကြပြီး စစ်ကိုင်းတိုင်း မတ္တရာမြို့နယ် တံငါမြောက်ရွာက လယ်သမား ဦးနေဝင်းကတော့ မန္တလေးအိုဘိုထောင်ကနေ ပြန်လွတ်ခဲ့တယ်လို့သိရပါတယ်။

မြန်မာပြည်မှာ သိမ်းဆည်းခံလယ်ယာမြေတွေပြန်ရဖို့ နည်းမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်လို့ ထောင်ချခံထားရတဲ့ လယ်သမားပေါင်း တစ်ရာကျော်ရှိနေပြီး၊ တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲ လယ်သမားကလည်း တစ်ရာခန့်ရှိနေပါတယ်။ အဲဒီလယ်သမားအကျဉ်းသားတွေဟာ အစိုးရနဲ့ နိုင်ငံရေးစနစ်ကြောင့် တရားစွဲထောင်ချခံရတာဖြစ်တဲ့အတွက်  နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်းနဲ့ နိုင်ငံရေးအကျဉ်သားဟောင်းများအဖွဲ့တို့က ယုံကြည်ချက်အကျဉ်းသားတွေအဖြစ်အသိအမှတ် ပြုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

ပိတ်ပင်ခံရသော်လည်း တရားဆက်ဟောမည်ဟု ရွှေည၀ါဆရာတော် မိန့်ကြား

$
0
0

တရားဟောပြောခွင့် ပိတ်ပင်ခံခဲ့ရပေမယ့် ဘယ်သူ့ဆီကိုမှ ခွင့်ပြုချက်မတင်ဘဲ ဆက်လက်တရားဟော သွားမယ်လို့ ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်ပါတယ်။

တရားဟောခွင့်မရလည်း တရားနာလိုတဲ့ ပရိသတ်ရှိရင် ဘယ်သူ့ဆီကမှ ခွင့်ပြုမိန့် မတောင်းခံပဲ ဆက်လက်တရားဟောပြောသွားမယ်လို့ ဧပြီ ၁ ရက်နေ့က မှော်ဘီမြို့နယ် ရွှေည၀ါတောရ ကျောင်းတိုက် သတင်းစာရှင်းလင်းပွဲမှာ ရွှေည၀ါဆရာတော်က မိန့်ကြားခဲ့တာပါ။

တရားပွဲမှာ နိုင်ငံဆူပူမှုကို လံှု့ဆော်သွေးထိုးတဲ့ တရားဟောပြောခဲ့ရင် တရားပွဲပြီးရင် လာရောက် ဖမ်းဆီိးနိုင်ကြောင်း၊ ဒါပေမယ့် တရားဟောခွင့်ကို လာရောက်ပိတ်ပင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ အရ ပြန်လည်တရားစွဲ ဆိုနိုင်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ဗုဒ္ဓဘာသာ တရားတော်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ဟောပြောတယ်ဆိုပြီး ရွှေည၀ါ ဆရာတော်ကို တရားဟောခြင်း လုံးဝခွင့်မပြုဖို့   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ  စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်ကတော့  လာမယ့် ဧပြီ ၁၂ ရက်နေ့ ရွှေပြည်သာမြို့နယ်မှာ ကျင်းပမယ့် တရားပွဲကို သွားရောက်ဟောပြောသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – ခိုင်ပန်းနု
By ဒီဗွီဘီ
http://burmese.dvb.no

↧

ဒေါ်အောင်ဆန်းစုကြည်နဲ့ နန်စီ ပလိုစီ တွေ့ဆုံ

$
0
0
ဓါတ်ပုံ - NLD Chairperson
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော် အမတ် Nancy Pelosi နန်စီ ပလိုစီ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော်အဆောက်အဦးမှာ မနေ့ ညနေ ၄ နာရီက သွားရောက်တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD လွှတ်တော်ကိုယ်စားလှယ် ငါးဦး တက်ရောက်ခဲ့ပြီး အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာတော့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် ငါးဦးနဲ့ ရီပတ်ပလစ်ကန်ပါတီက အမတ် တစ်ဦးပါဝင်ပါတယ်။ အဲဒီ တွေ့ဆုံပွဲက ဆွေးနွေးပြောဆိုချက်တွေကို အသေးစိပ်မသိရသေးပါဘူး။

အမေရိကန် လွှတ်တော်အမတ် Nancy Pelosi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေကို ခရီးထွက်လာတာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် အမျိုးသမီးရေး၊ အလုပ်သမားရေးနဲ့ ဘာသာရေး အစရှိတဲ့ လူ့အခွင့်အရးဆိုင်ရာပြဿနာတွေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ မစ္စစ်နန်စီ ပလိုစီ က ပြောဆိုထားပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း မနေ့က မွန်းလွဲ ၂ နာရီမှာတွေ့ဆုံ ခဲ့ပါတယ်။ သမ္မတနဲ့တွေ့ဆုံရာမှာ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့  ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧
↧

ရုရှားသင်္ဘော နစ်မြုပ်၊ မြန်မာသင်္ဘောသားများ သေဆုံး

$
0
0

ရုရှားပင်လယ်ကူး ငါးဖမ်းသင်္ဘော နစ်မြုပ်မှုမှာ  မြန်မာသင်္ဘောသားတွေ အပါအ၀င် အနည်းဆုံး  ၅၄ ဦးသေဆုံးပြီး ၁၅ ဦးပျောက်ဆုံးနေတယ်လို့  အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံတကာက သင်္ဘောသား ၁၃၂ ယောက်လိုက်ပါလာတဲ့   ရုရှား ငါးဖမ်းသင်္ဘော  ဒဲလ်နီ ဗော့စ်တော့   “Dalniy Vostok” ဟာ ဧပြီ ၁ ရက်နေ့က  ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk အိုခေါ့ရှ်ပင်လယ် ၊    Kamchatka  ကမ်ချတ်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွားခဲ့တာပါ။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး သုညဒီဂရီလောက် အေးခဲနေတဲ့ ရေထဲကနေ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၄ ဦးရဲ့ အလောင်းတွေ ပြန်တွေ့တယ်လို့ ရုရှား တီအေအက်စ်အက်စ်သတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောပေါ်မှာ ရုရှားသင်္ဘောသား ၇၈ ဦးပါသွားပြီး  မြန်မာ၊ ယူကရိန်း၊ လစ်သူရေးနီးယားနဲ့ ဗာနူအာတူက  သင်္ဘောသား ၅၄ ဦး ပါတယ်လို့ ဆိုပါတယ်။

ဘီဘီစီကမ္ဘာ့သတင်းမှာတော့ မြန်မာသင်္ဘောသား ၄၂ ဦး သင်္ဘောပေါ်ပါသွားတယ်လို့ ရေးပေမယ့် သေဆုံးပျောက်ဆုံးသူတွေထဲမှာ မြန်မာ သင်္ဘောသားဘယ်နှစ်ယောက် ပါဝင်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

ရုရှား  Magellan LLC,ကုမ္ပကီပိုင် သင်္ဘောဟာ အင်ဂျင်စက်ခန်း ရေမြုပ်ပြီး ၁၅ မိနစ်လောက် အကြာမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

လတ်တလော ရေအေးခဲနေပြီး ရေလှိုင်းအမြင့် ၁ မီတာခွဲလောက်ရှိနေတဲ့ သင်္ဘော နစ်မြုပ်ရာနေရာမှာ   သင်္ဘော ၂၆ စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
↧

တရုတ်နယ်စပ် ဗုံးကြဲတိုက်ခိုက်မှုအတွက် မြန်မာအစိုးရ တောင်းပန်

$
0
0

မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့ ဗုံးဒဏ်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် မြန်မာအစိုးရက ဒီကနေ့ပဲ တောင်းပန်လိုက်ပါတယ်။

မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ကိုယ်စား တရုတ်နိုင်ငံကို တရားဝင် တောင်းပန်လိုကြောင်းနဲ့ ထိခိုက်သေဆုံးခဲ့တဲ့ မိသားစုတွေအတွက် အထူးစိတ်မကောင်း ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းက ကြံခင်းတခုထဲမှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံကို ရောက်နေတာလို့လည်း သတင်းက ဖော်ပြပါတယ်။ တရုတ်အစိုးရကတော့ အစောပိုင်းမှာ ကတည်းက မြန်မာလေတပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပေမဲ့ ၂ နိုင်ငံ ပူးတွဲစုံစမ်းမှုတွေလည်း လုပ်ခဲ့တာပါ။

အခုနောက်ဆုံး စုံစမ်းတွေ့ရှိချက်အရ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဆုံးရှုံးခဲ့သူတွေအတွက် နစ်နာကြေးပေးဖို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ကမ်းလှမ်းခဲ့သလို၊ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူသွားဖို့နဲ့ နောက်နောင်အလားတူ မဖြစ်အောင် ထိန်းသိမ်းဖို့ ကတိပြုခဲ့တယ်လို့လည်း ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

မြန်မာသင်္ဘောသား ၄၂ဦးပါတဲ့ ရုရှားငါးဖမ်း သင်္ဘော နစ်မြုပ်

$
0
0
နှစ်မြုပ် ရုရှားငါးဖမ်းသင်္ဘော ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (ဧပြီ ၂၊ ၂၀၁၅)
ရုရှားနိုင်ငံ အရှေ့ဖျားဒေသက Okhotsk ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသား အများအပြား လိုက်ပါသွားတဲ့ ရုရှား ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ်ခဲ့တဲ့အတွက် လူ ၅၄ ယောက် သေဆုံးသွားပါတယ်။ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ၄၂ ယောက် လိုက်ပါသွားပေမဲ့ ထိခိုက်သေဆုံးမှု အတိအကျကိုတော့ မသိရသေးပါဘူး။ ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်အနီးက အေးခဲနေတဲ့ ပင်လယ်ပြင်မှာ Dalniy Vostok လို့အမည်ပေးထားတဲ့ ငါးဖမ်းသင်္ဘောပေါ်က လူပေါင်း ၁၃၂ ယောက်အနက် ၆၃ ယောက်ကို ကယ်ဆယ် နိုင်ခဲ့တဲ့အကြောင်း အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။

လူ၁၅ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရေခဲမှတ်နီးပါး အထိ အေးခဲနေတဲ့ ပင်လယ်ပြင်မှာ ၁၅ မိနစ်လောက်အတွင်း သင်္ဘော နစ်မြုပ်ခဲ့တာပါ။ အပြင်းအထန် ဒဏ်ရာရသူတွေကိုတော့ သင်္ဘောနစ်မြုပ်ရာ နေရာကနေမြောက်ဖက် ၁၅၅ မိုင်လောက် အကွာမှာရှိတဲ့ Magadan မြို့ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ရပါတယ်။ အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာတော့ ဒေသခံ ငါးဖမ်းသင်္ဘော ၁၄ စင်း ပါဝင်ကူညီနေကြတာပါ။

နစ်မြုပ်သွားတဲ့ ငါးဖမ်းသင်္ဘောမှာတော့ ရုရှားနိုင်ငံသား ၇၈၊ မြန်မာနိုင်ငံသား ၄၂ ယောက်အပြင် ယူကရိန်း၊ Latvia နဲ့ Vanuatu နိုင်ငံသားတွေ အပါအ၀င် နိုင်ငံခြားသား ၅၄ ယောက်လည်း ပါဝင်တယ်လို့ ရုရှားတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ သင်္ဘောဟာ ရေအောက်က အရာတခုခုကို တိုက်မိပုံ ရတယ်လို့ ခန့်မှန်းနေကြပေမဲ့ နစ်မြုပ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

၂၀၁၁ ခုနှစ်မှာတုန်းက ရုရှားနိုင်ငံ Volga မြစ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်း နစ်မြုပ်ခဲ့ရာက လူပေါင်း ၁၃၀ နီးပါး သေဆုံးခဲ့တဲ့အတွက် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက် အဆိုးရွားဆုံး မတော်တဆမှုတခုဖြစ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

ထိုင်း မာရှယ်လော အစားထိုးမှု ကုလ စိုးရိမ်

$
0
0
အစားထိုးတဲ့ ဥပဒေသစ်မှာ ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့်တွေ ပိုမို ပေးထား။
ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေ မာရှယ်လောကို ရုပ်သိမ်း လိုက်ပေမယ့် ပိုမို တင်းကျပ်တဲ့ အရေးပေါ် စီမံချက်တွေနဲ့ အစားထိုး အုပ်ချုပ်ဖို့ ထိုင်း စစ်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ် စိုးရိမ် မကင်း ဖြစ်မိကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein က ပြောလိုက်ပါတယ်။

ထိုင်း စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ပြီးခဲ့တဲ့ နှစ် မေလက အာဏာသိမ်းပြီး နောက်ပိုင်း ကတိပေး ထားခဲ့တဲ့ အတိုင်း အရပ်ဖက် အုပ်ချုပ်ရေးကို ပြန်လည် ထူထောင် ကြဖို့လည်း သူက တိုက်တွန်း လိုက်ပါတယ်။

ထိုင်း စစ်အစိုးရက ၁၀ လတာ ကျင့်သုံးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းကြောင်း ဧပြီ ၁ ရက်နေ့က ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်အရ အစားထိုး ကျင့်သုံးမယ့် လုံခြုံရေး ဥပဒေသစ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယု ချန်အိုချာ ရယူထားတဲ့ ဝန်ကြီးချုပ် နေရာကို လုပ်ပိုင်ခွင့်တွေ အကန့်အသတ်မဲ့ ပေးထား ပါတယ်။

ဒီ လုံခြုံရေး ဥပဒေသစ်မှာ လူ ၅ ဦး အထက် စုဝေးရင် ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မ ဆက်လက် ပါဝင်နေတဲ့ အတွက် လွတ်လပ်စွာ စုရုံး လှည့်လည်ခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ် ထားဦးမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
↧
↧

ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားများကို တရားရုံးပြောင်းစစ်မည်

$
0
0

သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို တရားရုံးပြောင်းစစ်မယ်လို့ ရှေနေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

နေရာအခက်အခဲနဲ့ လုံခြုံရေးအခြေအနေအရ လက်ပံတန်းတရားရုံးကနေ သာယာဝတီ တရားရုံးကို ပြောင်းရွှေစစ်ဆေးဖို့ စီစဉ်တာဖြစ်တဲ့အကြောင်း မြို့ခံရှေ့နေ တဦးက “ဟိုဘက်မှာ စစ်ဆေးရတာ နေရာအခက်အခဲရှိလို့ နောက် လုံခြုံရေး အခက်အခဲ ရှိတာတွေကြောင့် သာယာဝတီတရားရုံးကို ပြန်ပြောင်းပြီး စစ်မှာ။ မနက်ဖြန်ကျရင် သူတို့က ရုံးပြောင်းလျှောက်လဲချက်ပေးမယ်။ အခု လောလောဆယ်တော့ လက်ပံတန်းက သံဆူးကြိုးတွေ သာယာဝတီပြန်သယ်သွားတာ တွေ့တယ်။”လို့ ပြောပါတယ်။

ဧပြီလ ၁ ရက်က သာယာဝတီထောင်မှာ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့မိခင်ဖြစ်သူ ဒေါ်သန္တာကလည်း တရားရုံးပြောင်းမယ့်ကိစ္စ မဖြိုးဖြိုးအောင်တို့ကို လက်မှတ်ထိုးခိုင်းတဲ့အကြောင်း ပြောပြတယ်လို့ သိရပါတယ်။

မဖြိုးဖြိုးအောင်က သူတို့ကို တရားရုံးထုတ်တဲ့အခါ လွတ်လပ်ပွင့်လင်းတဲ့ တရားခွင်ဖြစ်ဖို့ တောင်းဆိုမယ်လို့ ပြောတဲ့အကြောင်း ဒေါ်သန္တာက ပြန်ပြောပြပါတယ်။

“သမီးက ကျမကို ဘာပြောလဲဆိုရင် သူတို့ကို တရားရုံးမှာ စစ်တဲ့အခါ မိဘတွေ နားထောင်တဲ့ ပြည်သူလူထုတွေ ရှိရမယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေ ရှိရမယ်။ နောက် ရှေ့နေတွေလည်း ရှိရမယ်။ အဲ့ဒီလို မြင်သာထင်သာ ပွင့်ပွင့်လင်းလင်းရှိမယ့် တရားရုံးမျိုး ဖြစ်ရမယ်လို့ သူက ပြောပါတယ်။”

ထောင်ဝင်စာတွေ့တဲ့အခါ ထောင်အာဏာပိုင်တွေက အနီးကပ် နေရာယူထားပြီး ပြောသမျှ အားလုံး လိုက်ရေးမှတ်တယ်ကာ  သံဇကာနှစ်ထပ်၊ မှန်တထပ် ကာရံထားတဲ့အတွက် စကားအော်ပြောပြီး တွေ့ဆုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၇၀ နီးပါးကို  ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားပြီး  ရုံးချိန်ကို နှစ်ပတ်တခါ ချိန်းဆိုနေရာမှာ  လာမယ့် ဧပြီ ၇ရက်မှာ တခေါက်  ရုံးထုတ် အမှုစစ်ဆေးဖို့ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
↧

ဦးထင်လင်းဦး ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း တရားရုံးတွင် ထုခြေ

$
0
0

သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာ ထင်လင်းဦးကို ဒီကနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး သူ့ကို စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ ထုခြေတယ်လို့ သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိက အားဖြင့် အချက် ၃ ချက်ပေါ့နော်။ ပထမအချက်ကတော့ ကိုထင်လင်းဦးပြောပြတဲ့အချက်တွေက ဟောပြောချက်တွေကို အခြေပြုခဲ့တာက  ကျီးသဲလေး ထပ်ဆရာတော်ဘုရားကြီးရဲ့ ဇိနတ္ထပကာသနီ ဗုဒ္ဓ၀င်ကိုအခြေပြုတယ်။ နောက်တခါ ဂန္ဓာရုံဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာကျမ်းကို အခြေပြုပြီးတော့ မြတ်စွာဘုရားရဲ့ မေတ္တာသုတ်တို့ကို အခြေပြုပြီးပြောတယ်ဆိုတာကို ကျနော်တို့ ထုချေတယ်။ နောက် ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်လပ်စွာပြောကြားခွင့်ရှိတယ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အရလည်း မိမိသဘောထားတွေကို လွတ်လပ်စွာ ပြောကြားခွင့်ရှိတဲ့အတွက် ဒီအချက် ၃ ချက်အရ ကျနော်တို့မှာ အပြစ်မရှိဘူးလို့ ထုချေတယ်။”

ဒီနေ့ရုံးချိန်ဟာ ၁၃ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး လာမယ့်ဧပြီလ ၈ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဆရာထင်လင်းဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ် စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ တရားစွဲဆိုခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုကိုအာမခံလျှောက်ခဲ့ပေမယ့် ပယ်ချခြင်းခံရပါတယ်။

ဇန်န၀ါရီလ ၁၅ ရက်နေ့ သူရဲ့ရုံးချိန်းတုန်းကလည်း  ချောင်းဦးမြို့မှာရှိတဲ့ သံဃာတော် အပါ ၃၀ လောက်ကို ပင့်ဖိတ်ပြီး သံဃာတော်တွေကို တောင်းပန်ခဲ့သလို  သံဃာတော်တွေကလည်း ကျေနပ်အသိအမှတ်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
↧

ကော်မရှင်ဥက္ကဋ္ဌကြီးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့အမာခံပုဂ္ဂိုလ်ကြီးဖြစ်နေတယ် – ရှေ့နေဦးကိုနီ

$
0
0
သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ကော်မရှင်ဦးရေ ၈ ဦး (လက်ရှိ ၇ ဦးအပြင်) ထပ်တိုးမယ်လို့ ပြည်ထောင်စုလွှတ်တော်ထံ မတ် ၃၀ ရက်နေ့က သ၀ဏ်လွှာပေးပို့ပါတယ်။ ဒီသ၀ဏ်လွှာအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်သန့်ရှင်း တရားမျှတနိုင်ဖွယ်ရှိ မရှိတွေနဲ့ပတ်သက်လို့  တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို နောက်ထပ် ၈ ဦးတိုးဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ကနဦးအနေနဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနဲ့အညီ ဖွဲ့စည်းထားမှုရှိ၊ မရှိနဲ့  ကော်မရှင်အဖွဲ့ဝင် ထပ်တိုးမယ့်အပေါ် ခြုံငုံသုံးသပ်ပြပါ။
“လက်ရှိရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ ညီ၊ မညီက စပြောရရင် လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားတာ။ အဲဒီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၂ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ဖျက်လိုက်ပြီ။ အဲဒါက ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ဖျက်လိုက်တာ။ ဒါပေမယ့် ဒီကော်မရှင်က ဆက်ပြီးတော့ ကျန်နေတယ်။ ဆိုလိုတာက လက်ရှိ ဦးတင်အေး ဥက္ကဋ္ဌကြီးအဖြစ် တာဝန်ယူထားတဲ့ ကော်မရှင်သည် ၂၀၁၀ ဥပဒေနဲ့ဖွဲ့တာ။ ၂၀၁၀ ဥပဒေအရဆိုရင် သမ္မတ ကြိုက်တဲ့သူနဲ့ ဖွဲ့ပေးလို့ရတယ်။ ဒါပေမယ့် ၂၀၁၂ ဥပဒေကျတော့ သမ္မတကြိုက်တဲ့သူနဲ့ ဖွဲ့ရမယ့်နေရာမှာ ကန့်သတ်ချက်တွေရှိလာတယ်။ ဆိုလိုတာက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တရားသူကြီးဟောင်းတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး တရားလွှတ်တော်နဲ့ ဥပဒေအရာရှိအဖြစ် အနည်းဆုံးတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဥပဒေပညာရှင်တွေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး နှစ် ၂၀ လုပ်ဖူးတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒါအပြင် အင်မတန် ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ဖွဲ့ရမယ်လို့ သူက ကန့်သတ်ထားတယ်။ အဲဒါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ မှာလည်း ဒီအတိုင်းပဲ ပါတယ်။ အဲဒီတော့ လက်ရှိကော်မရှင်အဖွဲ့ဝင်လူကြီးတွေဟာ အဲဒီအရည်အချင်းတွေနဲ့ ကိုက်ညီရဲ့လား အဲဒီက စစဉ်းစားရမယ်၊ ဒါက ပထမ တချက်။
“ဒုတိယတချက်က ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ အရ ကော်မရှင်ကို အောက်ပါအရည်အချင်းနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် အနည်းဆုံး ၅ ဦးနဲ့ ဖွဲ့စည်းရမယ်ဆိုတော့ အခု ကျနော်တို့ ၇ ဦးနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် အောက်ပါအရည်အချင်းတွေနဲ့ မညီဘူးဖြစ်နေတယ်။ အဲဒီတော့ အောက်ပါအရည်အချင်း ၄ ချက်နဲ့ မညီတဲ့ကော်မရှင်ကို ဥပဒေနဲ့ညီအောင် ပြင်ဆင်ဖွဲ့စည်းရမယ့်အစား ထပ်ပြီးတော့ အဖွဲ့ဝင် ၈ ဦးတိုးတဲ့အချက်ဟာ ဥပဒေမျက်စိနဲ့ကြည့်မယ်ဆို အများကြီး စဉ်းစားစရာ ကောင်းနေတယ်။ နောက်တခု ထပ်တိုးနဲ့တဲ့အခွင့်အာဏာ သမ္မတမှာ ရှိသလား။ ဒီအချက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိုအပ်ရင် ထပ်တိုးနိုင်တယ်လို့ မပါဘူး။ အနည်းဆုံး ၅ ဦးနဲ့ဖွဲ့ရမယ်လို့တော့ပါတယ်။ အခု ၇ ဦးနဲ့ ဖွဲ့ထားတယ်။ မလုံလောက်ရင် ထပ်တိုးနိုင်သလား ထပ်မတိုးနိုင်ဘူးလားဆိုတာလည်း စဉ်းစားစရာ ဥပဒေအချက် တချက်ရှိတယ်။ ဒါ့အပြင် ထပ်တိုးတဲ့ ပုဂ္ဂိုလ် ၈ ဦးကကော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ မှာပါ အဲဒီအရည်အချင်းတွေနဲ့ ကိုက်ရဲ့လား။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၅ မှာ ကန့်သတ်ထားတဲ့ အရည်အချင်းတွေနဲ့ကော ကိုက်ညီရဲ့လား။ အဲဒါတွေ အများကြီး စဉ်းစားစရာရှိနေတယ်။ အဲဒီအချက်အလက်တွေနဲ့ မညီညွတ်ဘူးဆိုလို့ရှိရင် တိုးလို့မရဘူး။ တိုးလို့ရ၊ မရ ပြဿ    နာအပြင် အဲဒီ အရည်အချင်းနဲ့ ညီမညီဆိုတဲ့ ပြဿ      နာပါ ရှိနေပါတယ်။”

ကော်မရှင်အဖွဲ့ဝင် ၈ ဦး ထပ်တိုးဖို့ဆိုတဲ့ကိစ္စဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ဖြစ်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လခန့် အကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရဲ့ ဆောင်ရွက်ချက်ဟာ ဘယ်အခြေခံပေါ်မှာ ဖြစ်လာတာလို့ ကောက်ချက်ဆွဲနိုင်လဲ၊ ဘာကြောင့်လဲ။
“အမှန်တော့ ကျနော်တို့ နားလည်ရ ခက်ခဲနေတယ်။ အမှန်ဆိုရင် ဖြစ်သင့်တာက ရွေးကောက်ပွဲမတိုင်မီ တနှစ်လောက်ကတည်းက ကော်မရှင်ကို ပြန်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းသင့်တယ်။ လိုအပ်ရင် ဦးရေတိုးတာလည်း တိုးမယ်။ အရည်အချင်းနဲ့မညီတာတွေကိုလည်း ဖယ်ပြီးမှ အရည်အချင်းနဲ့ ညီတဲ့သူတွေနဲ့ အစားထိုးဖွဲ့စည်းသင့်တယ်။ ဒါပေမယ့် အဲဒီလိုမလုပ်ဘဲနဲ့ အရည်အချင်းနဲ့ မညီတဲ့ ကော်မရှင်အဟောင်းကို ဆက်ထားပြီးတော့ အခုလို ထပ်ပြီး တိုးချဲ့တဲ့အခါကျတော့ ဥပဒေနဲ့မညီတဲ့အဖွဲ့တဖွဲ့ကို ထပ်တိုးလာလို့တော့ ဥပဒေနဲ့ ညီမယ့်အနေအထားမျိုးဖြစ်မလာဘူး။ နောက်တခု ကော်မရှင်ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေနဲ့မညီတဲ့ ကော်မရှင်ကလုပ်ပေးတဲ့ ရွေးကောက်ပွဲကော ဥပဒေအရ တရားဝင်ရဲ့လား၊ ဥပဒေနဲ့ ညီရဲ့လားဆိုတဲ့ နောက်ဆက်တွဲမေးခွန်းတွေ မေးလာစရာရှိတယ်။
“အဲဒီတော့ ကျနော့်သဘောကတော့ သမ္မတကြီးကို ကျနော် အမြဲတမ်းအကြံပေးပါတယ်။ ဒီကော်မရှင်ကို ဥပဒေနဲ့ညီအောင် ပြန်ဖွဲ့ပေးပါ။ သမ္မတမှာ ဒီအခွင့်အာဏာရှိတယ်။ သမ္မတကြီး ကြိုက်တဲ့သူနဲ့ ဖွဲ့စည်းလို့ရတယ်၊ ဒါပေမယ့် ဥပဒေက ပြဋ္ဌာန်းထားတဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့လူမျိုးတော့ ဖြစ်သင့်တယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ လာမယ့်ရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ဒါတွေအားလုံးဟာ ကော်မရှင်ပေါ်မှာ မူတည်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးနိုင်လောက်အောင် အလယ်အလတ်ကျ၊ သမာသမတ်ကျမယ့် ဒိုင်လူကြီးမျိုးပေါ့ဗျာ ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ပြန်ဖွဲ့တာက အခုလို အစားထိုးဖြည့်စွက်တာထက် စာရင် ပိုကောင်းတယ်လို့ ကျနော်တော့ အဲလိုအကြံပေးချင်တာပဲ။”

အခုလက်ရှိမှာ ဗဟိုအဆင့်ကနေ အောက်ခြေအဆင့်ထိ စုဖွဲ့ထားတဲ့ ကော်မရှင်ဖွဲ့စည်းပုံတွေဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဧကန်ဖြစ်ဖို့  ယုံကြည်လောက်စရာရှိသလား။
“မရှိဘူးခင်ဗျ။ အဓိက ကတော့ ကော်မရှင်ထိပ်က ပထမဦးဆုံး ကျနော်တို့ ကြည့်ရမှာက  ကော်မရှင်ဥက္ကဋ္ဌကြီးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့အမာခံပုဂ္ဂိုလ်ကြီးဖြစ်နေတယ်။ တချိန်က ကျနော်တို့ မန္တလေးတိုင်း တံတားဦးမှာ လွှတ်တော်အမတ်အဖြစ်တောင် ပြည်ခို်င်ဖြိုးပါတီကို ကိုယ်စားပြု ပါဝင်ခဲ့တဲ့ ပုဂ္ဂိလ်ဖြစ်နေတယ်။ ဒီအချက်ကိုလည်း နည်းနည်းစဉ်းစားဖို့လိုတယ်။ နောက်တခါ ဥက္ကဋ္ဌကြီးက ပြည်ခိုင်ဖြိုးပါတီကို တည်ထောင်ခဲ့တဲ့ founder တယောက်လည်းဖြစ်နေတယ်။ အဲဒီတော့ အဓိကပြိုင်မှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုး ပြိုင်မယ့်ပွဲမှာ  ပြည်ခိုင်ဖြိုးပါတီ တည်ထောင်သူက ဒိုင်လူကြီးအနေနဲ့ လုပ်ပေးမယ်ဆိုတော့ အမြင်အားဖြင့်ကို ကျနော်တို့က ကြည်ကြည်လင်လင် မြင်လို့မရဘူး၊ ကြည့်လို့မရဘူး အဲလိုဖြစ်နေတယ်။ ဒါကတချက်၊ နောက်တချက် အောက်ခြေကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းတဲ့အခါမှာလည်း အများဆုံး တပ်မတော်အရာရှိကြီးတွေနဲ့ ဖွဲ့ထားတာ တွေ့ရတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးက တပ်မတော်က ထောင်ပေးထားတဲ့ပါတီ၊ ပြည်ခိုင်ဖြိုးပါတီဝင်အများစုဟာလည်း တပ်မတော်အရာရှိကြီးတွေ ဖြစ်နေတယ်။ ဒီအခြေအနေမျိုးမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲ အမှုထမ်းတွေ အားလုံးကလည်း တပ်မတော်က အရာရှိတွေဖြစ်နေတယ်ဆိုတော့ သန့်ရှင်းပြီး တရားမျှတတဲ့ လွပ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလား ဆိုတဲ့ သံသယ လူတော်တော်များများမှာ ၀င်နေတယ်ခင်ဗျ။”

မနေ့က လွှတ်တော်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေနဲ့ တွေ့ဆုံမှုဖြေကြားချက်မှာ ဖွဲ့စည်းပုံ မမျှတရင် ရွေးကောက်ပွဲဟာလည်း မျှတမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲမမျှတရင် ပြည်သူတွေရဲ့ ကိုယ်စားပြုမှုဟာလည်း မစစ်မှန်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လလောက်သာလိုတော့တယ်ဆိုတော့ ဖွဲ့စည်းပုံက ပြင်ဆင်မယ်ဆိုရင်တောင် အချိန်ရှိပါတော့မလား။
“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောနေတဲ့စကားတခုရှိတယ်ဗျ၊။ အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ရင် ဘယ်လောက်ပဲ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ပါစေ၊ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတော့ဖြစ်မှာမဟုတ်ဘူးလို့ သူက ဒီလို ပြောတယ်ခင်ဗျ။ အဲဒီအချက်က အတော်လေး အရေးကြီးပါတယ်။ ဘာကြောင့်တုန်းဆိုတော့ သိတဲ့အတိုင်း အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တပ်မတော်က ၂၅ ရာခိုင်နှုန်းကို သူက ယူထားတယ်ဗျ ရွေးကောက်ပွဲမ၀င်ဘဲ။ အဲဒီ ၂၅ ရာခိုင်နှုန်းဟာ တကယ်တော့ သူက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမဲဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမယ့်အဖွဲ့ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ကြည့်ရင် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်း ရှုံးနေပြီ။ ပြည်ခိုင်ဖြိုးပါတီဘက်ကကြည့်ရင် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့က အနိုင်ရထားပြီးပြီ။ အဲဒီတော့ ဒီလိုရွေးကောက်ပွဲကို ကျနော်တို့က တရားမျှတတဲ့ရွေးကောက်ပွဲလို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပပေးမယ့်ပုဂ္ဂိုလ်ကလည်း ကျနော် စောစောက ပြောခဲ့သလို တဖက်ပါတီကို တည်ထောင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတဲ့အခါကျတော့ လာမယ့်ရွေးကောက်ပွဲဟာ သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောရလောက်အောင် အချက်အလက်အားဖြင့် ခိုင်လုံမှုမရှိဘူးလို့ ကျနော်တော့ အဲဒီလိုသုံးသပ်တယ်ခင်ဗျ။”

လွတ်လပ်တရားမျှတတဲ့ aရွးကောက်ပွဲဖြစ်လာစေဖို့ နိုင်ငံတကာအကြံပြုချက်တွေ၊ ဖိအား စတာတွေကရော ဘယ်လောက်ထိရှိနေလဲ။ ဘယ်လောက်ထိရောက်နိုင်မလဲ။
“ဖိအားကတော့ရှိတယ်ဗျာ။ သူတို့ကလည်း လေ့လာဖို့ အဖွဲ့အစည်းတွေ လာဖို့လည်းရှိပါတယ်။ အဲဒီဘက်ကတော့ အားလုံး ကောင်းတယ်ဗျ။ မကောင်းတာက ဥပဒေပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေက မမျှတအောင် ဖန်တီးထားတာဖြစ်တဲ့အတွက် ဘယ်လောက်ပဲ လွတ်လပ်လွတ်လပ် နိုင်ငံတကာက ကြည့်မှာက ဘယ်လောက်တရားမျှတသလဲ ဒါကိုပဲ ကြည့်မှာ။ ကျနော်တို့က လွတ်လပ်ပေမယ့်လို့ ဥပဒေက မမျှမတ ရေးထားတဲ့အခါကျတော့ တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့အချက်အပေါ်မှာ ကျနော်တို့က အခြေခံတာပေါ့။ လွတ်လပ်ရုံနဲ့ မပြီးသေးဘူး။ တရားမျှတဖို့လည်း လိုသေးတယ်လေ။”

 ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေအဖို့ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးတွေအပေါ် မှီခိုရမှုဟာ သူတို့ရဲ့ ဘက်မလိုက်ရေးမူအပေါ် သက်ရောက်မှုရှိတယ်လို့ မြန်မာပြည်သူအများက  သိမြင်လက်ခံနေကြတဲ့အကြောင်း မနေ့က Carter Center အဖွဲ့ရဲ့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် အကြံပြုချက်ထဲမှာ ဖော်ပြပါတယ်။ ဒီအပေါ် ဆွေးနွေးပေးပါလား။
“အဲဒါ မှန်တယ်ခင်ဗျ။ အစိုးရအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အတော်လေးကို ပတ်သက်နေတယ်။ နောက်ဆုံးဗျာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ အားလုံးဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ တွဲထားတယ်။ အဲဒီတော့ လက်ရှိ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးက လုံးဝ အရပ်သားအောက်မှာ မရှိသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ကြီးကိုကို၊ သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတာ။ တကယ့်တကယ်တမ်းပြောရရင် မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးက တပ်အောက်မှာပဲ ရှိသေးတယ်။ အဲဒီတော့ ရှင်းရှင်းပြောရရင် ဒီရွေးကောက်ပွဲဟာလည်း တပ်ကထောင်ထားတဲ့ပါတီနဲ့ အရပ်ဘက်ပါတီနဲ့ ပြိုင်မှာ။ ဒီအချိန်မှာ အုပ်ချုပ်ရေးနဲ့ ရွေးကောက်ပွဲကော်မရှင် လုံးဝ ကွဲပြားနေရင် ကောင်းတယ်။ အခု အဲဒီလို မကွဲဘူးဆိုလို့ရှိရင်တော့ ဒါ နည်းနည်းလေး ဝေဖန်စရာ၊ ပြောစရာ ရှိလာတာပေါ့ဗျာ။ ဒါလည်းပဲ ဟုတ်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီအောင် ဖွဲ့မယ်ဆိုရင် ဒေသဆိုင်ရာအဆင့်တွေမှာပါ ဘယ်လိုမျိုး ပါဖို့သင့်တယ်ထင်မြင်သလဲ။
“အမှန်တော့ဗျာ ဒီလို အစိုးရ၀န်ထမ်းတွေနဲ့ အဓိကထားဖွဲ့တာဗျ။ အဲဒီအချက်က အမှန်တော့ ကောင်းတယ်ဗျ။ အစိုးရ၀န်ထမ်းတွေက နိုင်ငံတကာအမြင်နဲ့ကျရင်ပြောတာ ကောင်းတယ်လို့ဆိုတာ။ အစိုးရ၀န်ထမ်းတွေဆိုတာက ပါတီတွေကို ဘက်မလိုက်ဘူးလေ။ သူက အစိုးရအလုပ်ပဲလုပ်တယ်ဆိုတော့။ နိုင်ငံရေးပါတီတွေဟာ အတက်အကျရှိမယ်ပေါ့ဗျာ။ အရွေးခံရရင် အစိုးရဖြစ်မယ်။ အရွေးမခံရရင် အတိုက်အခံဖြစ်မယ်။ ဒါပေမယ့် နိုင်ငံ့ဝန်ထမ်းကျတော့ တော်တော်လေးရှင်းတာက ဘယ်အစိုးရတက်တက် သူက အမြဲတမ်း သူ့ဟာသူ ရှိနေမှာ။ နိုင်ငံ့ဝန်ထမ်းက အမြဲတမ်းရှိနေမယ်ဆိုတော့ နိုင်ငံဝန်ထမ်းက ရွေးကောက်ပွဲလုပ်ပေးတယ်ဆိုတာ တကယ်ဆို ဒါက သူများနိုင်ငံတွေမှာတော့ တော်တော်ကောင်းတယ်လို့ ပြောကြမယ်ပေါ့ဗျာ။ သို့သော် ကျနော်တို့ဆီမှာ ပြဿ   နာတခု ရှိနေတာက ရွေးကောက်ပွဲကျင်းပပေးဖို့ နိုင်ငံ့ဝန်ထမ်းကို သုံးဖို့အရေးမှာ ပြဿ နာ ဘာရှိသတုန်းဆိုတော့ ကျနော်တို့ဆီက နိုင်ငံ့ဝန်ထမ်းတွေဟာ တချိန်လုံး အာဏာရှင်အောက်မှာ နေခဲ့ရတဲ့အခါကျတော့ အစိုးရရဲ့ ခိုင်းတာကို လုပ်ရတဲ့လူတွေ ဖြစ်နေတယ်။ အဲဒီအခြေအနေကြီးက ကျနော်တို့ဆီမှာကတော့ တော်တော်လေးကို ခေါက်ရိုးကျိုးနေတယ်။ တနည်းအားဖြင့် ကျနော်တို့ဆီက ၀န်ထမ်းတွေဟာ ငါတို့က ပြည်သူ့ဝန်ထမ်း၊ ဘယ်ပါတီမျက်နှာမှ ကြည့်စရာမလိုဘူး။ ငါတို့ဟာ၊ ငါတို့ရဲ့ ရပ်တည်ချက်ဟာ ပြည်သူ့ဝန်ထမ်းဆိုတဲ့ ပြည်သူ့ဘက်က ရပ်တည်ရမယ်ဆိုတဲ့ ဒီလို အခြေခံ နားလည်မှုမျိုးက ကျနော်တို့ဝန်ထမ်းတွေမှာ မရှိတော့ဘူး။ အစိုးရခိုင်းတာလုပ်ရမယ်၊ အုပ်ချုပ်ရေးဘက်က ခိုင်းတာလုပ်ရမယ်ဆိုတဲ့အမြင်မျိုးကို ဖြစ်နေတယ်။ ဒီအခြေအနေကလည်း တော်တော်လေးပြန်ပြုပြင်ရမယ့်အခြေအနေပေါ့။ ဒီအခြေအနေမျိုးမှာ အုပ်ချုပ်ရေးဘက်က ၀န်ထမ်းတွေနဲ့ ကော်မရှင်ဟာ လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့သဘောမရှိဘူး။ အဲဒီတော့ လွတ်လွတ်လပ်လပ်လုပ်နိုင်မယ့်သူဆိုရင်တော့ ရပ်ကွက်ကနေပြီးတော့မှ အခြေခံကျကျပေါ့လေ မြို့နယ်က သမာသမတ်ကျကျ ရွေးတဲ့ နည်းစနစ်တခုခုကို ဖန်တီးပြီးတော့ အဲဒီနည်းအတိုင်း ရွေးနိုင်မှ ကော်မရှင်တွေဟာ ခုနက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်မယ့် ကော်မရှင်မျိုးလို့ သုံးသပ်လို့ ရနိုင်မယ်၊ ခန့်မှန်းလို့ ရနိုင်မယ်။ အခုလက်ရှိအနေအထားကတော့ ကော်မရှင်ကို အပေါ်ကနေ အောက် အဆင့်ဆင့်ဖွဲ့ပေးသွားတာ ဖြစ်နေတယ်။ ပြည်သူလူထု ယုံကြည်ကိုးစားလောက်တဲ့ပုဂ္ဂိလ်မျိုး သိပ်ပြီးတော့ မတွေ့ရဘူးပေါ့ဗျာ။ ပြည်သူလူထု ယုံကြည်ကိုးစားတဲ့ပုဂိုလ်တွေပါအောင် ဖွဲ့စည်းနိုင်တဲ့ စနစ်မျိုး၊ ဥပဒေပြဋ္ဌာန်းချက်မျိုးကလည်း မရှိဘူးဖြစ်နေတယ်။ ဒါကလည်း အားနည်းချက်တခုပေါ့ဗျာ။ နောက်တော့ ကျနော်တို့ပြင်ယူရမယ့်ဟာတွေပေါ့လေ။”

လာမယ့်ရွေးကောက်ပွဲမှာ တပ်မတော်နဲ့ ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးတာတွေ အပါအ၀င် ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ စောင့်ကြည့်လေ့လာသူတွေ၊ ပါတီကိုယ်စားလှယ်တွေ အပြည့်အ၀ စောင့်ကြည့်လေ့လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ရော ဘာတွေ ပြင်ဆင်ထားကြလဲ။ ဘာတွေ လုပ်ဖို့လိုသလဲ။
“အဲဒါကတော့ ရှိတယ်ခင်ဗျ။ ကြိုတင်မဲနဲ့ မဲမသမာမှုမလုပ်နိုင်အောင်တော့ ကျနော်တို့ ကာကွယ်လို့ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လက်ရှိ ရွေးကောက်ပွဲဥပဒေမှာ ကြိုတင်မဲနဲ့ညစ်ဖို့လမ်းက နည်းပါတယ်။ ဥပဒေက တော်တော်ကောင်းပြီးတော့ လူတွေက ညစ်လို့ဖြစ်တာပါ။ အဲဒီတော့ အဲဒီဥပဒေအတိုင်း အတိအကျလိုက်နာနိုင်အောင် ကျနော်တို့ စောင့်ကြည့်နိုင်ရင် ကြိုတင်မဲနဲ့ ညစ်ဖို့တော့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆို ကြိုတင်မဲက ၂ မျိုးပဲရှိတယ်ဗျာ။ မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့သူတွေ၊ အဝေးရောက်တဲ့လူက မြို့နယ်ကို ပြန်ပေးတဲ့မဲ။ နောက်တခါ မဲရုံပတ်ဝန်းကျင်မှာရှိပြီး နေထိုင်မကောင်းလို့၊ ခရီးသွားစရာရှိလို့ မလာနိုင်တဲ့သူက ကြိုတင်မဲပေးတဲ့မဲမျိုးပေါ့ဗျာ။ ၂ မျိုးပဲရှိတာပါ။ အဲဒီတော့ အဲဒီကြိုတင်မဲ ၂ မျိုးဟာ လူတိုင်းပေးလို့ မရဘူး။ ပထမတမျိုး မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့သူဆိုရင် ၇ မျိုးပဲ ပေးလို့ရတယ်။ မဲရုံပတ်ဝန်းကျင်မှာရှိနေတယ်ဆိုရင် ၈ မျိုးပေါ့ဗျာ။ ခရီးသွားစရာရှိတဲ့သူတို့၊ အသက်ကြီးတဲ့သူတို့၊ နူနာရောဂါရှိတဲ့သူတို့၊ မီးဖွားနေတဲ့အမျိုးသမီး ဒီလိုမျိုးပေါ့ဗျာ သူက သတ်မှတ်ထားပြီးသား။ အဲဒီဘောင်ထဲကို မ၀င်ဘဲနဲ့ ကြိုတင်မဲပေးလို့ရှိရင် အဲဒီ ကြိုတင်မဲအားလုံးက ပျက်တယ်။ ဥပဒေနဲ့မညီဘူး။ အဲဒါက ကျနော်တို့က စောင့်ကြည့်လို့ရတယ်။ ပုံစံ ၁၃ မှာ ကြည့်လိုက်ရင် ကြိုတင်မဲစာရင်းရှိတယ်။ ပုံစံ ၁၅ မှာ ကြိုတင်မဲစာရင်းတွေရှိတယ်။ ကြိုတင်မဲပေးတဲ့သူတွေဟာ ဥပဒေနဲ့မညီဘူးဆိုရင် ဒီမဲတွေအားလုံးက ပျက်တယ်လို့ ကျနော်တို့က တောင်းဆိုနိုင်တယ်။ အရင်တုန်းက ဒါတွေက မသိလို့ ခံခဲ့ရတာပေါ့ဗျာ ၂၀၁၀ တုန်းက။ အခုနောက်ပိုင်းကျတော့ ပြည်သူလူထုက တော်တော်လေး သိလာပြီ။ ကျနော်တို့ကလည်း ဒါတွေကို လိုက်ပြီးတော့ ဟောတယ်၊ ပြောတယ်။ အသိပညာပေးတယ်။ စာအုပ်တွေဘာတွေလည်း ကျနော်တို့က ရေးနေတယ်။ ဆိုတော့ အခုအခါကျတော့ ပြည်သူလူထုက ဒီ ကြိုတင်မဲနဲ့ ခိုးလို့မရအောင် စောင့်ကြည့်နိုင်တဲ့အနေအထားမျိုးရှိတယ်။ ဒါကြောင့်မို့လို့ ၀န်ထမ်းတွေကို ဖိအားပေးပြီး ကြိုတင်မဲနဲ့ အနိုင်ယူဖို့ကတော့ တော်တော်လေးခက်နေပါတယ်။ လုပ်လို့မရနိုင်ပါဘူး။”

၂၀၁၀ ရွေးကောက်ပွဲကာလနဲ့မတူပဲ မီဒီယာတွေ၊ ဆက်သွယ်ရေးတွေ ဖွံ့ဖြိုးလာတဲ့အခြေအနေမှာ တယ်လီဖုန်းသုံးစွဲသူတွေလည်း များလာတယ်ဆိုတော့ မီဒီယာတွေ။ နိုင်ငံရေးပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေ အခန်းကဏ္ဍတွေကရော ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။
“သိပ်အရေးပါပါတယ်ခင်ဗျ။ ရွေးကောက်ပွဲတခု တရားမျှတဖို့၊ လွတ်လပ်ဖို့ သန့်ရှင်းဖို့ဆိုတာဟာ ကော်မရှင်ကို အားကိုးလို့ မရပါဘူး။ ကော်မရှင်လည်း လူသားဆိုတော့ သူ့မှာ ဘက်လိုက်မှု ရှိကောင်းရှိနိုင်တယ်။ အဓိကက နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့ အသိပညာရင့်ကျက်မှုပဲ။ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတရားအောင် သူတို့မှာ လုပ်ပိုင်ခွင့် အများကြီးရှိတယ်။ သူတို့ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ပါတီဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို သင်ကြားပို့ချပေးမယ်။

အဲဒီဥပဒေအတိုင်း ရွေးကောက်ပွဲ ဖြစ်သလား၊ မဖြစ်ဘူးလား စောင့်ကြည့်ခိုင်းမယ်။ အလားတူ မီဒီယာတွေကိုလည်း ကျနော်တို့က ဥပဒေပညာတွေ ပို့ချပေးတယ်။ ဒီကနေ့ပဲ ကျနော် ပဲခူးမှာ ကျနော် သင်တန်းပေးလာခဲ့တယ်။ အဲဒါ MJI က လုပ်တာ။ Myanmar Journalist Institute က သတင်းထောက်ကိုချည်း ကျနော်တို့ သင်တန်းပေးနေတာ ရွေးကောက်ပွဲအကြောင်း၊ အဲသလို ဂျာနယ်လစ်တွေကလည်း ရွေးကောက်ပွဲဥပဒေတွေသဘောပေါက်ပြီး ဥပဒေနဲ့ညီတယ်၊ မညီဘူးဆိုတာ ၀င်ဝေဖန် ထောက်ပြမယ်။ ပြည်သူလူထုကလည်း ဒီအတိုင်းပဲ ရွေးကောက်ပွဲဆိုင်ရာ အခြေခံဗဟုသုတတွေကို သဘောပေါက်နေပြီးတော့ ဥပဒေနဲ့ ညီတယ် မညီဘူး စောင့်ကြည့်နေမယ်ဆိုရင် ရွေးကောက်ပွဲမသမာမှုလုပ်ဖို့ တော်တော်လေးခက်သွားမယ်။ အဲဒါကြောင့်မို့ ရွေးကောက်ပွဲအောင်မြင်ရေး၊ သမာသမတ်ဖြစ်ရေးဆိုတာဟာ ပါတီတွေရော၊ ပြည်သူတွေရော၊ မီဒီယာတွေရော ၀ိုင်းပြီးတော့ စောင့်ကြပ်ကြည့်ရှုပြီးတော့ တည့်မတ်ပေးရလိမ့်မယ်။ ဒါမှ လွတ်လပ်တရားမျှတသန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ သုံးသပ်ပါတယ်။”
ပထမဆုံးမေးခွန်းနဲ့ဆက်စပ်ပြီး ထပ်မေးပါရစေ။ ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လလောက်ပဲလိုတော့တာဆိုတော့ ရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းရေးက ဖြစ်နိုင်ပါတော့မလား။
“အများကြီးနောက်ကျနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ကြိုတင်ပြီးတော့မှ အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်တယ်။ ခုနက တိုင်းရင်းသားတွေလည်း ပါသင့်တာပါစေချင်ပါတယ်။ ဒါပေမယ့် ကျနော်က ဥပဒေနဲ့ညီတဲ့ကော်မရှင်ကို လိုချင်တယ်။ ဥပဒေနဲ့ညီတဲ့ကော်မရှင်ဖြစ်ဖို့ဆို ဘက်မလိုက်တဲ့လူတွေ ဖြစ်ဖို့လိုတယ်။ အဓိကက နိုင်ငံရေးပါတီတခုရဲ့ ပါတီဝင်မဖြစ်ရဘူးဗျ။ ပါတီဝင်မဖြစ်တဲ့သူတွေ၊ ဥပဒေပညာရှင်တွေ ဒီလိုလူမျိုးတွေနဲ့ ခုနလို ၅ ယောက်မက၊ ၁၀ ယောက်၊ ၁၅ ယောက် ဖွဲ့ပါ။ အဲသလိုဖွဲ့ရင် ကောင်းပါတယ်။ အခုလို အစကတည်းက ပါတီဝင်တွေနဲ့ဖွဲ့ထားတဲ့ ကော်မရှင်၊ အရည်အချင်းတွေအားဖြင့်လည်း ဖွဲ့စည်းပုံနဲ့ မညီတဲ့ကော်မရှင်ကို အခုလို ၈ ဦး ထပ်တိုးလို့ကတော့ ဘာမှအကျိုးထူးလာမယ်၊ လာမယ့်ရွေးကောက်ပွဲအတွက် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိလမ့်မယ်လို့ ကျနော်တော့ မထင်ပါဘူး။”

၂၀၁၅ အောက်တိုဘာလကုန်။ နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောစရာမှတ်ချက်စကား ပြောပြပါ။
“၂၀၁၅ ရွေးကောက်ပွဲဟာ လူတော်တော်များများ မျှော်လင့်နေတယ်။ မေးခွန်းတွေ အများကြီးမေးကြတဲ့အထဲ ဖြစ်ပါ့မလားဆိုတဲ့မေးခွန်းက ပထမ။ နံပါတ် ၂ မေးခွန်းက ဖြစ်ရင်ကော တရားသဖြင့် ဖြစ်ပါ့မလားဆိုတဲ့ ဒုတိယမေးခွန်း။ တတိယမေးခွန်းက တရားမျှတသည်ဖြစ်စေ၊ မမျှတသည်ဖြစ်စေ ရွေးကောက်ပွဲပြီးရင် ပေါ်ထွက်လာတဲ့အဖြေအတိုင်း ဆက်ပြီး တပ်မတော်က လုပ်ပေးပါ့မလားဆိုတဲ့ မေးခွန်း။ မေးခွန်းတွေ တော်တော်များများရှိနေတယ်။ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲသည် အင်မတန်စိတ်ဝင်စားစရာကောင်းတယ်လို့ တချက်ပြောချင်တယ်။ ဒုတိယတချက်က လာမယ့်ရွေးကောက်ပွဲဟာ ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရမယ့်အနေအထားမရှိဘူး။ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားသော်လည်းပဲ ပြည်ခိုင်ဖြိုးက ၂၅ ရာခိုင်နှုန်းရပါ့မလားဆိုတာ သိပ် သံသယဖြစ်ဖို့ကောင်းတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပေါင်းလည်း ၅၁ ရာနှုန်းမရနိုင်ဘူး။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲ ၅၁ ရာနှုန်းကို ရဖို့ဆိုတာ ခက်ခက်ခဲခဲပြိုင်ရမယ်။ ဘာကြောင့်တုန်းဆိုတော့ ၂၅ ရာနှုန်းကို တပ်က ယူထားပြီးပြီ။ ၇၅ ရာနှုန်းပဲကျန်တယ်။ ၇၅ ထဲက အန်အယ်လ်ဒီ ၅၁ ရဖို့ဆိုတာ တော်တော်ကြီးကို ကြိုးစားရလိမ့်မယ်။ သိပ်ခက်တယ်။ ဒါ့အပြင် တိုင်းရင်းသားတွေကလည်း ရှိသေးတယ်။ တိုင်းရင်းသားပါတီချည်းပဲ ပါတီ ၃၀ ရှိတယ်။ အဲဒီတော့ ၇ ပြည်နယ်မှာရှိတဲ့ မဲဆန္ဒရှင်တွေဟာ သူတို့တိုင်းရင်းသားပါတီတွေကို ပေးမှာဆိုတော့ တိုင်းရင်းသားရဲ့ အခန်းကဏ္ဍလည်း တော်တော်လေးတက်လာမယ်။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲပြီးရင် တိုင်းရင်းသားအုပ်စုရယ်၊ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးအုပ်စုရယ်၊ အန်အယ်လ်ဒီအုပ်စုဆိုပြီး အုပ်စုကြီး ၃ စု ပေါ်လာနိုင်တယ်။ အဲဒီ အုပ်စုကြီး ၃ စုအကြား ဘယ်လိုညှိနှိုင်း၊ ဘယ်လို အပေးအယူလုပ်ပြီးတော့မှ တိုင်းပြည်ရဲ့ ရှေ့ရေးချီတက်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲလို့ ပြောချင်ပါတယ်ခင်ဗျ။”

DVB
http://burmese.dvb.no/archives/88061
↧
Viewing all 32865 articles
Browse latest View live